7

5.4K 547 19
                                    

ထယ်ယောင်းရေချိုးပြီးနောက် ဝတ်နေကျbathrobeကိုဝတ်လိုက်သည်။ ပြင်သစ်စတိုင်ပြတင်းပေါက်ရှည်ကြီးတစ်ဆင့်မြင်ရတဲ့ ဗင်းနစ်ရဲ့ night viewက အသက်ရှူမှားလောက်သည်။

သူတို့ရိုက်ကူးရေးအဖွဲ့က grand canalဘေးက apartment တစ်ခုကိုလပြတ်ငှားထားတာဖြစ်သည်။ rent houseက လေးထပ်ပါပြီး သူကတတိယအထပ်ရှိအခန်း၌နေ၏။

ရေပြင်ပေါ်၌ လမ်းဘေးမီးတိုင်ကအလင်းတွေဖြာကျနေပြီး ရေပြင်ဘေးမှာကပ်ရပ်ထားတဲ့ boatဖြူဖြူလေးတွေကလည်းအစီအရီ။ ကနူးလှေအချို့က ရေပြင်ပေါ်မှာ ကူးလူးဆဲရှိပြီး ကမ်းကပ်ထားတဲ့ ပေါင်းမိုးပါလှေတွေကလည်း အတွင်း၌ မီးကိုထိန်ညီးနေအောင်ထွန်းထားသည်။

ဗင်းနစ်ရောက်ကတည်းက ဒီမြင်ကွင်းကိုအမြဲမြင်နေရပေမယ့် သူ့အတွက်ရိုးအီသွားသည်ဟူ၍မရှိ။ ချောကလက်နိုင်နိုင်ထည့်ထားတဲ့မိုခါးတစ်ခွက်က ထိုညမြင်ကွင်းနှင့်လိုက်ဖက်လို့နေသည်။

ထယ်ယောင်းvideo callတစ်ခုကိုလက်ခံလိုက်ရသည်။
ကိုင်လိုက်သည်နှင့် ဂျွန့်မျက်နှာက စခရင်ထက်ပေါ်လာသည်။
အဖြူရောင်ရှပ်ကို ကြယ်သီးနှစ်လုံးဖြုတ်ဝတ်ထားသဖြင့် ဂျွန့်ညှပ်ရိုးထင်းထင်းကိုမြင်နေရသည်။ဒီတစ်ကြိမ်မှာတော့ ဆံပင်ကိုလှန်တင်မထားပဲ နဖူးပေါ်ကို ဒီအတိုင်းချထားသည်။

"မတွေ့တာ တစ်နာရီလောက်ပဲရှိသေးတာကို လွမ်းနေပြီလား"

ထယ်ယောင်းကမပွင့်တပွင့်လေးပြုံးကာ တွေ့တာနှင့် လျှာပါးလေးက မနေနိုင်မထိုင်နိုင်စနောက်၏။
သို့ပေမယ့် ဂျွန်က အတည်ပေါက်ကြီး အင်း ဟုဖြေလာသည်။

"မင်းရော..."

"ခင်များဘယ်လိုထင်လဲ"

သူ့အမေးကိုမဖြေဘဲ ဂျွန်ကခပ်ယဲ့ယဲ့သာပြုံး၏။
ဒီတစ်နေ့တည်း ဂျွန်ပြုံးတာကိုမြင်ရတာနှစ်ကြိမ်ရှိပြီ။
ပုံမှန်ဆိုတည်ကြည်တဲ့ဂျွန့်ပုံစံက ပြုံးလိုက်ရင်ငယ်ရွယ်အခြမ်းကိုလှစ်ဟပြနေသလိုပင်။

"ခေါင်းလျှော်ထားတာလား၊ ဆံပင်ခြောက်အောင်သုတ်လေ"

"ဆံပင်လား၊ ခဏနေရင်ခြောက်သွားလိမ့်မယ်"

𝐇𝐨𝐰 𝐭𝐨 𝐫𝐚𝐢𝐬𝐞 𝐲𝐨𝐮𝐫 𝐁𝐟 ?[[𝐓𝐚𝐞𝐤𝐨𝐨𝐤]] 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝//Where stories live. Discover now