28

4K 420 12
                                    

"ထပ်ပြောစမ်း.. မင်းပြောလိုက်တဲ့စကားရဲ့အဓိပ္ပါယ်ကဘာလဲ ဂျင်ယောင်း"

အဖိုးအိုသည် ဇရာကြောင့်မျက်နှာမှာအရေးအကြောင်းတွေထင်နေသည့်တိုင် တင်းမာသည့်မျက်နှာ၌ လွှမ်းမိုးနိုင်စွမ်းတို့လျော့မသွား။

"အဖိုး ပြန်လာပြီလား"

အိမ်တံခါးဝမှ ဖြည်းဖြည်းမှန်မှန်လျှောက်လာရင်း ဆိုဖာပေါ်ထိုင်ချကာ လက်ထဲက တုတ်ကောက်ဖြင့် ကြမ်းကိုဆောင့်ချသည်။

"ငါမေးတာပဲဖြေစမ်းပါ မင်းညီအရင်းလိုသဘောထားတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ"

"ကျွန်တော်နဲ့အငယ်လေးက အဖေတူအမေကွဲဆိုပေမယ့် တစ်ဝမ်းထဲထွက်တဲ့ညီအစ်ကိုလိုမျိုး သဘောထားတယ်လို့ပြောတာပါ ဖိုးဖိုး"

"တော်စမ်း ငါ့ကိုငတုံးထင်နေတာလား ဒါမှမဟုတ် ဒီအဖိုးကြီးကို အိုပြီဆိုပြီးလျှော့တွက်တာလား"

မဒမ်ကင်မ်မှာတော့ တုပ်တုပ်မျှပင်မလှုပ်ရဲရှာ။
ဒီအတိုင်းဆို သူမဘဝတော့ ရေတိမ်နစ်ပါပြီ။

"အဖေ..."

"နင်ဘာမှဝင်မပြောနဲ့ ပြောစမ်းဂျင်ယောင်း မင်းသိသမျှ အကုန်ပြော..."

ဂျင်ယောင်းသက်ပြင်းမောကိုချလိုက်သည်။

"ထယ်ယောင်းက ဖေဖေနဲ့ရတဲ့ကလေးမဟုတ်ပါဘူးဖိုးဖိုး ပြောရရင် သူက ကင်မ်အိမ်ရဲ့သွေးသားမဟုတ်ပါဘူး"

မျှော်လင့်ထားပြီးသားဆိုပေမယ့် ထိုစကားကိုကြားလိုက်ချိန် အဖိုးအိုမှာ တောင့်မခံနိုင်တော့ချေ။
သူတကယ်ပဲ သူ့အိမ်ကမဟုတ်တဲ့ကလေးကို အကြာကြီးပျိုးထောင်ခဲ့မိတာပဲ။

မဒမ်ကင်မ်မှာလည်း အလန့်တကြားဖြင့် အဖိုးအိုရှေ့ဒူးထောက်မိတော့သည်။

"မှားသွားပါတယ်အဖေ..."

"လွှတ်စမ်း ငါ့ကိုမထိနဲ့"

"ဟင့်အင်း အဖေ ခွင့်လွှတ်ပေးပါ "

ခြေသလုံးကိုတင်းတင်းကြပ်ကြပ်ဖက်တွယ်မိချိန် အဖိုးအိုက ဒေါသတကြီးကန်ထုတ်ပစ်သည်။

"ငါ့သားက သူ့ကလေးပါဆိုပြီး မင်းနဲ့ထယ်ယောင်းကို အိမ်ပေါ်ခေါ်တင်လာခဲ့တာ မင်းကြောင့် သူလူ့အသိုင်းအဝိုင်းမှာလည်း အပြစ်ပြောခံရတယ် သူ့ရဲ့သာယာနေတဲ့အိမ်ထောင်ရေးကလည်း ပြိုလဲခဲ့ရတယ် မင်းကတကယ့်ကိုအယုတ်တမာမပဲ.. "

𝐇𝐨𝐰 𝐭𝐨 𝐫𝐚𝐢𝐬𝐞 𝐲𝐨𝐮𝐫 𝐁𝐟 ?[[𝐓𝐚𝐞𝐤𝐨𝐨𝐤]] 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝//Where stories live. Discover now