13

4.8K 469 28
                                    

နွေးထွေးတဲ့အခြေအနေတစ်ခုကိုဘရောက်နေတာကြောင့် ထယ်ယောင်းမှာ မျက်လုံးဖွင့်ဖို့ပင်ခက်ခဲနေသည်။ လေသံတိုးတိုးလေးတစ်ခုက သူ့နာမည်ကိုခေါ်ကာ ထဖို့ပြောနေ၏။

"ထယ် ထတော့... အမေကမနက်စာစားဖို့စောင့်နေတယ်"

နောက်ဆုံးမှာတော့ ထယ်ယောင်းရဲ့အာရုံက အလုံးစုံကြည်လင်သွားပြီဖြစ်သည်။ စိတ်တွေကြည်လင်သွားတာနှင့် သူဘယ်ရောက်နေလဲဆိုတာပါ သတိရပြီး အိပ်ယာပေါ်က ဝုန်းခနဲထထိုင်လိုက်သည်။
သူ့ကိုကုတင်ဘေးကနေ မပွင့်တပွင့်ပြုံးရင်းကြည့်နေတဲ့ ဂျွန့်ကို တွေ့လိုက်ရ၏။

"မထင်ထားဘူး ထယ်ကအအိပ်ကြမ်းတာပဲ"

ထယ်ယောင်းမျက်နှာကနီခနဲ။ ပုံမှန်ဆို သူအိပ်တာက ငြိမ်ပါတယ်။ ဘာလို့ဂျွန်က အဲလိုကြီးပြောရတာလဲ။
အတွေးများနေတဲ့သူ့ကို ဂျွန်က မျက်ခုံးပင့်ကာ တစ်နေရာရာကို ကြည့်ဖို့ အချက်ပြသည်။ ထယ်ယောင်း စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်မိတော့ ကုတင်ခေါင်းရင်းဘက်ကို ခြေဆင်းချထားတဲ့ သူ့ခြေထောက်တွေ။

"ဘာလဲ ကျွန်တော်အအိပ်ကြမ်းတော့ CEOဂျွန်အနေနဲ့ မကျေနပ်တာများ ရှိလို့လား"

ထယ်ယောင်း ပါးနှစ်ဖက်ကိုဖောင်းလိုက်ကာ ရှက်ရမ်းရမ်းမိသည်။

"အာ... မရှိပါဘူး ကိုယ်မင်းခြေထောက်နံ့လေးကို သည်းခံနိုင်ပါတယ်"

ထယ်ယောင်းမျက်နှာမှာ ခရမ်းချဉ်သီးမည့်အလား နီရဲသွားတာ့၏။ ကြည့်ရတာ သူတစ်ညလုံး ပြောင်းပြန်အိပ်မိပုံပင်။
ရေချိုးခန်းထဲကို ဝင်ပြေးသွားတဲ့ထယ်ယောင်းကိုကြည့်ကာ ဂျောင်ဂုနှစ်နှစ်ခြိုက်ခြိုက် ရယ်မောမိတော့သည်။ ထယ့်ရဲ့ ဒီလိုပုံလေးကိုမြင်ခွင့်ရှိတာ သူပဲရှိတာကိုတွေးမိတော့ ကျေနပ်သည်ထက်ပို၏။

ထယ်ယောင်း မျက်နှာနှင့် ခြေလက်သန့်စင်ပြီး ထမင်းစားခန်းဆီလာခဲ့သည်။ ဂျွန့်မေမေအပြင် ဂျွန့်ဖေဖေဖြစ်သူကိုပါတွေ့လိုက်တာမို့ နှစ်ဆပိုပြီး အနေရခက်သွားသည်။

"ဦးက ဂျောင်ဂုရဲ့အဖေပါ  သက်တောင့်သက်သာနေနော်"

သူ့ကို အနေမခက်စေရအောင် ပြောလာသည်။ ထယ်ယောင်းပြုံးကာ ခေါင်းညိမ့်ပြလိုက်သည်။

𝐇𝐨𝐰 𝐭𝐨 𝐫𝐚𝐢𝐬𝐞 𝐲𝐨𝐮𝐫 𝐁𝐟 ?[[𝐓𝐚𝐞𝐤𝐨𝐨𝐤]] 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝//Where stories live. Discover now