15

4.6K 435 27
                                    

ထယ်ယောင်း နာမည်ရခါစ brand တစ်ခုရဲ့ မော်လ်ဒယ်ရှာနေတဲ့ ကြော်ငြာကိုတွေ့ပြီး အန်ယောင်မင်းကို ခေါ်လိုက်သည်။

"ဒီbrandက ကျားဝတ် အတွင်းခံဒီဇိုင်းသစ်ထွက်တယ် ဒါကိုကြော်ငြာဖို့အတွက် လူရှာနေတယ်"

"ဖြစ်ပါ့မလား ကျွန်တော့်မှာ ဘာExpမှမရှိဘူးလေ"

"သူတို့ကလည်း မျက်နှာသစ်တွေကို လိုချင်နေတာ ဘာလို့ဆိုနာမည်ရပြီးသား celebritiesတွေကို သုံးရင် သူတို့brandထက် မော်လ်ဒယ်ကို ပိုကြည့်ကြမှာလေ"

အန်ယောင်မင်းက အလေးအနက်တွေးနေလေသည်။

"ကျွန်တော်လုပ်ချင်ပါတယ် ဒါပေမယ့် အတွင်းခံကြော်ငြာဆိုတော့ ကျွန်တော့်ကောင်မလေးကြိုက်ပါ့မလားမသိဘူး"

"ကောင်မလေး?"

သံယောင်လိုက်ရင်း ထယ်ယောင်းရုတ်တရက်ကြီး ခေါင်းကိုက်လာ၏။
Debutမလုပ်ရသေးတဲ့အပြင် ချစ်သူကောင်မလေးက ရှိလိုက်သေးတယ်တဲ့။
ဒီကောင်လေး မခန့်တာလား။

"ဟုတ်တယ် အစ်ကို"

အန်ယောင်မင်းက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်ကာရယ်သည်။

"ကုမ္ပဏီကရောသိလား"

"သူတို့သိလို့ လမ်းခွဲခိုင်းတယ်လေ ကျွန်တော်ကလက်မခံခဲ့တာ"

အန်ယောင်မင်းပုံစံက နောင်တမရှိပုံပင်။ သူ့လုပ်ရပ်အတွက် သူကိုယ်တိုင် ကျေနပ်အားရနေပုံရ၏။
ထယ်ယောင်း အန်ယောင်မင်း ဒီအရွယ်ထိ ပွဲဦးမထွက်ရတဲ့အကြောင်းကို သိလိုက်ရပြီ။
သူသိရသလောက်ဆို ဒီကောင်လေးက Idolအဖြစ် Debutဖို့ ကြိုးစားရင်းက Entertain ဘက်ကို ကူးပြီး သရုပ်ဆောင်လုပ်ဖို့ ကြိုးစားခဲ့တာပင်။
သူအကြိမ်ကြိမ်ကြိုးစားတဲ့အပြင် အရည်အချင်းရှိတာတောင် ပွဲဦးမထွက်ရတာ အံ့သြမနေတော့ပါဘူး။
ရည်းစားငုတ်တုပ်ရှိမှတော့ ဘယ်လိုယုံကြည်ချက်နဲ့ ပွဲဦးထုတ်ပေးရဲကြမှာလဲ။

" သူမက အကြောင်းပြချက် တစ်ခုဖြစ်နေလိမ့်မယ်ဆိုတာ သိပြီသားပါ ဒီအတွက်ကျွန်တော် ကုမ္ပဏီကိုအပြစ်မတင်ပါဘူး ကျွန်တော်ကလည်း သူမနဲ့ လမ်းမခွဲနိုင်ဘူးလေ အစ်ကို့ကိုလည်း ကြိုတောင်းပန်ပါရစေ အားနာပါတယ်"

𝐇𝐨𝐰 𝐭𝐨 𝐫𝐚𝐢𝐬𝐞 𝐲𝐨𝐮𝐫 𝐁𝐟 ?[[𝐓𝐚𝐞𝐤𝐨𝐨𝐤]] 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝//Where stories live. Discover now