17

4.5K 491 47
                                    

မီးခိုးနှင့်အဖြူရောင်ရောထားတဲ့ ထက်အောက်ညဝတ်ဝတ်စုံအကွက်ကို လဲထားတဲ့ဂျွန်က အိပ်ယာတစ်ဖက်ခြမ်းပေါ်တက်လာသည်။ လက်ထဲတွင်မူ Mc bookတစ်လုံးဖြင့်။
ထယ်ယောင်းက သူ့I-padကို ဘေးမှာချလိုက်ပြီး ဂျွန်ရှိရာဘက်ကို ကိုယ်တစောင်းလှည့်၍ ခေါင်းကို တံတောင့်ဖြင့်ထောက်ကာ ကိုယ်တစ်ပိုင်းကို ပင့်မလျက်မှီထားသည်။
ခြေတစ်ချောင်းကိုဆင်းကာ တစ်ချောင်းကိုမူ ကွေးလျက်ထောင်ထားသည်။

"ထယ် မအိပ်သေးဘူးလား"

ထယ်ယောင်း ကြည့်နေတာမြင်တော့ ဂျောင်ဂုက ခပ်ဖျော့ဖျော့ပြုံးကာမေးသည်။

"ဂျွန်ရော"

လက်ကနာရီကို တစ်ချက်ပင့်ကြည့်ကာ ခေါင်းခါပြလာသည်။

"ကိုယ် စီးပွားရေးအသစ်တွေ စထားတော့ ဒီရက်ပိုင်း အလုပ်ရှုပ်မယ်"

"အော်.."

ထယ်ယောင်း ဂျောင်ဂုလုပ်ခဲ့သလို မျက်ခုံးကိုပင့်ကာ အော်*တစ်လုံးဖြင့်သာ တုန့်ပြန်သည်။
ပထမမှာ ဂျောင်ဂုလည်း ကြောင်သွားပေမယ့် အထာပေါက်ကာ ရယ်လိုက်မိတော့၏။
ထယ်က တစ်ခါတစ်လေကျတော့လည်း အနိုင်မခံအရှုံးမပေး လိုက်ပြိုင်တတ်တဲ့ ဂျစ်တူးလေးပါပဲ။
ဟက်ဟက်ပက်ပက်ရယ်နေတဲ့ ဂျောင်ဂုကြောင့် ထယ်ယောင်းမျက်နှာပါ တစ်ဖြည်းဖြည်း ပြုံးရိပ်သန်းလာတော့သည်။

"ကျွန်တော်တော့ အိပ်တော့မယ်"

"ကိုယ်မီးပိတ်ပေးမယ်ခဏ"

"ရတယ် ခင်များအလုပ်ခင်များလုပ်ပါ"

ဂျောင်ဂုကဘာမှဆက်မပြောဘဲ ကုတင်ပေါ်ကထကာ မီးပိတ်သည်။ ပြီးနောက် သူ့ဘက်ခြမ်းက ညအိပ်မီးမှိန်မှိန်လေးကို ဖွင့်လိုက်သည်။

"အလုပ်လုပ်ဖို့အတွက်ပဲ တစ်ခန်းလုံး လင်းထိန်နေအောင် ထွန်းစရာမလိုပါဘူး"

ထယ်ယောင်းရဲ့ နှုတ်ခမ်းလေးတွေက မသိမသာ ပြုံးယောင်သန်းသွားသည်။

"Good night ဂျွန်"

ခပ်ရှရှအသံလေးနှင့် နှုတ်ဆက်ကာ သူ့ဘက်ကိုလှည့်ရက်သားအတိုင်း မျက်လုံးတွေမှိတ်လိုက်တဲ့ကောင်လေး။

𝐇𝐨𝐰 𝐭𝐨 𝐫𝐚𝐢𝐬𝐞 𝐲𝐨𝐮𝐫 𝐁𝐟 ?[[𝐓𝐚𝐞𝐤𝐨𝐨𝐤]] 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝//Où les histoires vivent. Découvrez maintenant