18

4.7K 553 41
                                    

JCနှင့် စာချုပ်ချုပ်ဖို့အတွက် ထယ်ယောင်းတစ်ယောက် JCပင်မအဆောက်အဦးကို အန်ယောင်မင်းနှင့်အတူ လာခဲ့သည်။

"မန်နေဂျာကင်မ် စာချုပ်ကိုစိတ်တိုင်းမကျဘူးလား ထပ်ဖြည့်ချင်တာတွေများရှိလား ပြင်ချင်တဲ့အချက်တွေရော"

အသက်ငယ်ပြီး အတွေ့အကြုံနှစ်က အများကြီးမဟုတ်ပေမယ့် မန်နေဂျာလောကမှာတော့ ကင်မ်ထယ်ယောင်းဆိုတာနှင့် ဆွဲတင်မရအောင် နိမ့်ဆင်းသွားတဲ့သရုပ်ဆောင်ဆိုရင်တောင် စင်မြင့်ပေါ်ကို ရောက်အောင်တင်ပေးနိုင်သူဟူ၍ပင် ပြောစမှတ်တွင်သူပင်။
ဒါကြောင့် သူ့ကိုဘယ်သူကမှ ကွက်ကျော်မရိုက်ရဲကြ။

လက်ရှိမှာလည်း စာချုပ်ကိုဖတ်နေရင်းက မျက်မှောင်ကြုတ်လိုက်တဲ့ ထယ်ယောင်းကြောင့် JCကိုယ်စားလှယ်မှာ မနေနိုင်ပဲ မေးလိုက်ရခြင်းဖြစ်သည်။

"မဟုတ်ပါဘူး ဒီစာချုပ်က မျှတပါတယ် ဒါပေမယ့်..."

ထယ်ယောင်း စာချုပ်ထိပ်စည်းကိုလက်ညှိုးနှင့်ထောက်ပြပြီး နောက်ဆုံးစာမျက်နှာအထိလှန်လိုက်ကာ အောက်ဆုံးမှာ ရေးထားတဲ့ စာကြောင်းကိုပါ ထိုးပြလိုက်သည်။

"ဒါက... ဘာအဓိပ္ပါယ်လဲ"

ထိပ်စည်းနှင့် စာချုပ်ရဲ့ နောက်ဆုံးအဆုံးသတ်မှာ Jeon groupဆိုတဲ့ စာလုံးကြီးက ပြူးပြူးပြဲပြဲကြီးပါနေ၏။

"အော် ကျွန်တော်တို့JCက Jeon groupလက်အောက်ကို ရောက်သွားပြီလေ CEOဂျွန်က JC Brandကိုဝယ်လိုက်ပါတာ ဟိုနေ့ကသတင်းမှာပါလာသားပဲ မန်နေဂျာကင်မ်မသိဘူးလား"

"အာ... အဲလိုလား"

ထယ်ယောင်းရဲ့အသံက လေးလေးပင်ပင်။
ထယ်ယောင်းက သူ့စရိုက်ကိုက အေးတိအေးစက်ဖြစ်နေတာမို့ ရိုးရိုးတန်းတန်း သံယောင်လိုက်လိုက်ခြင်းပေ။
သို့ပေမယ့် တစ်ဖက်ကကိုယ်စားလှယ်မှာ ထယ်ယောင်းရဲ့ လေယူလေသိမ်းကို အဓိပ္ပါယ်ကောက်လွဲသွားရှာသည်။
ဒါကြောင့်လည်း သူက ပြာပြာသလဲရှင်းပြလာသည်။

"JCရဲ့ပိုင်ရှင်ပြောင်းသွားပေမယ့် BAခန့်တာနဲ့ပတ်သက်ပြီး ဘာမှပြောင်းလဲမှာမဟုတ်ပါဘူး Brand ambassador ခန့်တဲ့နေရာမှာလည်း CEOဂျွန်ကိုယ်တိုင် စိစစ်ရွေးချယ်ထားတာပါ"

𝐇𝐨𝐰 𝐭𝐨 𝐫𝐚𝐢𝐬𝐞 𝐲𝐨𝐮𝐫 𝐁𝐟 ?[[𝐓𝐚𝐞𝐤𝐨𝐨𝐤]] 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝//Where stories live. Discover now