12

4.7K 508 45
                                    

သားအခန်းလိုက်ပြလိုက်လေဆိုတဲ့ ဂျွန့်မေမေရဲ့လောကွတ်ကြောင့် ထယ်ယောင်း ပထမဆုံးအကြိမ် ဂျွန့်အခန်းထဲခြေချဖူးခဲ့သည်။
ဂျွန့်အခန်းလို့မပြောရ။ မီးခိုးရောင်မှိုင်းထနေတဲ့အခန်းကအလွန်ရှင်းနေပြီး မရှိမဖြစ်လိုအပ်တဲ့ တစ်ကိုယ်ရေသုံး ပရိဘောဂတွေသာရှိ၏။

"ထယ် အခန်းကိုဘယ်လိုထင်လဲ"

"အမ်?..."

သူအကဲခတ်နေတာကိုတွေ့ပြီး သိလိုစိတ်အပြည့်ရှိတဲ့အသံဖြင့် မေးလာတဲ့ဂျွန်။

"ဘာလို့မေးတာလဲ"

"ကိုယ်တို့လက်ထပ်ပြီး ထယ်အဆင်ပြေရင်အိမ်မှာပဲနေကြမလားလို့ ထယ်ကြိုက်ဖို့လိုတယ်လေ"

"ဘယ်လို..."

"အာ ထယ်မနေချင်ရင်လည်း ကိုယ်တို့အိမ်ဝယ်လို့ရ..."

နောက်ဆုံးမှာတော့ ထယ်ယောင်းမေးခွန်းရဲ့ဆိုလိုရင်းကိုနားလည်သွားတဲ့ဂျောင်ဂုက စကားကိုဆက်မဆိုတော့ဘဲ နှုတ်ခမ်းပါးတွေကို စေ့စေ့ပိတ်ထားတော့၏။

"ကြည့်ပါလား ဟန်ဆောင်နေပြန်ပြီ ဂျွန်ဘာလို့မူရတာကို အရမ်းကြိုက်နေတာလဲ"

"ထယ် ကိုယ့်ကိုလှောင်ချင်နေတာမလား"

ရုပ်တည်ကြီးနှင့် ဘာမှမဖြစ်သလို ပြောပေမယ့် သူစိတ်ကောက်နေတယ် ချော့ပါဟု နဖူးမှာစာကပ်ထားသည့်အတိုင်း ရှင်းလင်းလွန်းလှသည်။

ထယ်ယောင်း ချောင်းတစ်ချက်ဟန့်လိုက်၏။

"အဟမ်း.. ဒါနဲ့ ၁၀နှစ်တဲ့လား.. ကျွန်တော်တို့ ဒီမတိုင်ခင်က တကယ်ကိုတွေ့ဖူးတာလားဂျွန်..."

"အဲ့အချိန်က ကိုယ်က စီနီယာအထက်တန်းနောက်ဆုံးနှစ် မင်းကကျောင်းပြောင်းလာတယ်လေ"

ထယ်ယောင်း အံ့အားသင့်သွားရ၏။ ဂျွန့်ကိုသူနှင့်တစ်ကျောင်းထဲထွက်တဲ့လူလို့ ယောင်လို့ပင်မတွေးဖူး။ သူတက်ခဲ့တဲ့ကျောင်းက သာမန်ကျောင်းလေးတစ်ခုမျှသာ။ ဂျွန့်လိုလူက သူ့အဆင့်အတန်းနှင့်ဘယ်လိုလုပ်ပြီး...

"ချောင်းဆန်းအထက်တန်းကျောင်းလား... ဒါပေမယ့် ကျွန်တော်ခင်များကို ဘာလို့မသိရတာလဲ"

𝐇𝐨𝐰 𝐭𝐨 𝐫𝐚𝐢𝐬𝐞 𝐲𝐨𝐮𝐫 𝐁𝐟 ?[[𝐓𝐚𝐞𝐤𝐨𝐨𝐤]] 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝//Where stories live. Discover now