14

4.7K 479 32
                                    

Trainees တွေနေတဲ့နေရာကိုရောက်တော့ တိုက်အောက်မှာ အထုတ်ကြီးအထုတ်ငယ်နှင့် အန်ယောင်မင်းကို ထယ်ယောင်း တွေ့လိုက်ရသည်။ ထယ်ယောင်း ထိုနေရာကို ခပ်သွက်သွက်လျှောက်သွားလိုက်သည်။

"အန်ယောင်မင်း?"

သူ့အမေးအဆုံး လှည့်ကြည့်လာပြီး သု့ကိုမြင်တော့ တအံ့တသြဖြစ်သွားတဲ့ကောင်လေး။ ပြီးတော့ သူ့နာမည်ကို အံ့အားသင့်သလို ခေါ်လာသည်။

"အစ်ကိုထယ်ယောင်း"

"ငါ့ကိုသိတာလား"

"သိတာပေါ့ဗျ ဒီကလူတိုင်းက Legal ရဲ့ legendary Manager Kimကို မသိတဲ့လူ ဘယ်မှာရှိလို့လဲ"

ကောင်လေးက အပြုံးတစ်ခုဖြင့် ဆိုသည်။
ထယ်ယောင်းကတော့ မပြုံးနိုင်ပေ။ သူက မျက်မှောင်ကြုတ်လိုက်ကာ

" မင်းအခု ဘာလုပ်နေတာလဲ "

"ပြန်တော့မလို့"

"အီဆန်ကိုလား"

သူဖိုင်ထဲမှာဖတ်ခဲ့ရသလောက်တော့ ဒီကောင်လေးက အီဆန်ဇာတိတဲ့။

"ဟုတ်ကဲ့ အစ်ကိုကဘာလာလုပ်တာလဲ"

"မင်းဆီကိုလာတာ ငါကမင်းရဲ့မန်နေဂျာ"

ထယ်ယောင်း စိတ်ပျက်လက်ပျက်ဖြင့် သူ့လက်မှတ်ပါတဲ့ စာချုပ်ကိုထိုးပြလိုက်သည်။ ပထမဆုံးနေ့ကတည်းက ဒီလိုပြဿနာတွေနှင့် ကြုံရလိမ့်မယ်လို့ မထင်ထားခဲ့။
Traineeတစ်ယောက် ဘာလို့အိမ်ပြန်လဲဆိုတာက အကြောင်းပြချက်နှစ်ခုသာရှိသည်။  သူဘယ်တော့မှ ဖြစ်လာနိုင်မှာမဟုတ်တာကိုသိလို့။ ဒါမှမဟုတ်ရင် ကုမ္ပဏီဆီက လျစ်လျူရှုခံရလို့။

"ဒါပေမယ့် ဘာလို့လဲ ကျွန်တော့်လိုdebutတောင် မလုပ်ရသေးတဲ့လူကို ဘာလို့ အစ်ကို့လိုမန်နေဂျာကိုပေးတာလဲ"

"ငါက မကြာခင် Legalကနေ ထွက်တော့မှာ"

ထယ်ယောင်း အမှန်အတိုင်းပြောပြလိုက်၏။

"ထင်သားပဲ ကျွန်တော့်ကို အခုလိုလုပ်ပေးမှာတော့မဟုတ်ဘူးဆိုတာ ထားလိုက်ပါတော့ ကျွန်တော် လက်လျော့လိုက်ပြီ အစ်ကို့ကို ကျေးဇူးတင်ပါတယ်"

အန်ယောင်မင်းက ခပ်ဟဟရယ်ကာဆိုသည်။
သူသည်လည်း အန်ယောင်မင်းလိုအဖြစ်မျိုးရှိခဲ့တာပင်။
ဘဲ့ယောင်းဂျွန်းပြောတာမှန်သည်။ တစ်ခါတစ်လေမှာတော့ ဒီလောကကြီးက ရက်စက်သည်။ နောက်ခံမရှိတဲ့အခါ တိုးဝင်ဖို့ ခက်ခဲသွားတတ်၏။ စပွန်ဆာဆိုတာ နားဝင်ဆိုးပေမယ့် အများစုကတော့ ထိုအချင်းအရာက မလွတ်ကင်းကြ။
အတိတ်ကို တွေးမိပြန်တော့ ထယ်ယောင်း သက်ပြင်းချမိ၏။
သူသည်လည်း သရုပ်ဆောင်လောကထဲ ခြေလှမ်းဖို့ အားယူနေဆဲTraineeတစ်ယောက် ဖြစ်ခဲ့တာပင်။

𝐇𝐨𝐰 𝐭𝐨 𝐫𝐚𝐢𝐬𝐞 𝐲𝐨𝐮𝐫 𝐁𝐟 ?[[𝐓𝐚𝐞𝐤𝐨𝐨𝐤]] 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝//Where stories live. Discover now