1

21.4K 891 23
                                    

"မဟုတ်ဘူး ၊ ငါလက်မခံဘူး"

သူ့ရဲ့လက်ကအဆွဲခံလိုက်ရသည်။

"အာ?"

ထယ်ယောင်းကမျက်ခုံးပင့်လိုက်၏။
ကော့တက်သွားသည့်နှုတ်ခမ်းစွန်းလေးတို့၌ လှောင်ပြုံးထေ့ထေ့ပေါ်လာသည်။

"လက်မခံဘူးပေါ့၊ အဲဒါကမင်းအပိုင်းလေ၊ ငါ့ဘက်ကတော့ပြီးပြီ"

"မင်းကိုယ်မရှိပဲမနေနိုင်ပါဘူး"

"မင်းကမှငါမရှိပဲမနေနိုင်တာမဟုတ်ဘူးလား ချာယူဟျော့"

ထယ်ယောင်းအမြင်ကတ်ကတ်ဖြင့်ရွဲ့လိုက်ရင်းဆက်ပြောလိုက်သည်။

"ရုတ်ရုတ်သဲသဲမဖြစ်ချင်ရင် သောက်ပြဿနာမရှာနဲ့"

"ကိုယ်မလျော့ဘူး၊ မင်းကိုယ့်ကို ပြန်လက်မခံမချင်း နောက်ကတစ်ကောက်ကောက်လိုက်နေမယ်"

ထယ်ယောင်း စိတ်မရှည်မှုတို့ဖြင့် ကျစ်ခနဲစုတ်ထိုးလိုက်သည်။

"နွားတစ်ကောင်ကို ကြိုးတစ်ချောင်းနဲ့လိုက်ထိန်းနေရလောက်တဲ့အထိ ငါ့အချိန်တွေပိုမနေဘူး၊ လွှတ်စမ်း ငါ့လက်!"

အားနှင့်ရုန်းချလိုက်ပြီးနောက်၊ သူ့ဘေးကပလက်ဖောင်းပေါ်ထိုးရပ်လာတဲ့ ကားတစ်စီးကိုမြင်လိုက်သည်။

"ကိုယ် ခဏတာလေးပဲ စိတ်ယိုင်မိ..."

"ငါသူ့ကိုစိတ်ဝင်စားတယ်"

ယူဟျော့ရဲ့စကားမဆုံးမှီ ထယ်ယောင်းက ကားထဲကထွက်လာတဲ့လူကိုမြင်ပြီး ထိုလူ့လက်ကို ကောက်ချိတ်ကာဆိုလိုက်သည်။

"ယောင်း တော်တော့၊ ဒါနောက်စရာမဟုတ်ဘူး"

"မနောက်ဘူး၊ သူကလုံးဝငါ့typeပဲ၊ ဒီမှာ ဟေ့လူ! ခင်များနာမည်ကဘာလဲ"

"ဂျွန်ဂျောင်ဂု "

မျက်နှာသေနှင့်ထိုလူက လက်ရှိအခြေအနေကိုမေးခွန်းမထုတ်သလို အံ့သြဟန်လည်းမပြပါဘဲ တည်ငြိမ်စွာပင်ဖြေဆိုလာသည်။

"ဒါဖြင့် ကျွန်တော်ခင်များကို လိုက်လို့ရမလား"

"ကောင်းပြီလေ၊ ကိုယ်စောင့်နေပါ့မယ်"

သူကလိပ်စာကဒ်တစ်ခုကို သူ့ဘေးကလူထံမှယူလိုက်ကာ ထယ်ယောင်းထံပေးရင်း ထပ်ပြောသည်။

𝐇𝐨𝐰 𝐭𝐨 𝐫𝐚𝐢𝐬𝐞 𝐲𝐨𝐮𝐫 𝐁𝐟 ?[[𝐓𝐚𝐞𝐤𝐨𝐨𝐤]] 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝//Where stories live. Discover now