30

4.2K 410 16
                                    

ဆလပ်ပင်ပေါက်တို့က အခုတော့အရွက်ဖားဖားကြီးတွေဖြစ်ကာ သန်စွမ်းလို့နေပြီ။
ထိုအခင်းထဲက မလိုအပ်တဲ့ပေါင်းမြက်တွေကို ထယ်နှင့်အမေကအတူရှင်းနေ၏။
ဂျောင်ဂု ထိုမြင်ကွင်းကို ကြည့်နေမိသည်။
ဒီလိုအခိုက်အတန့်လေးတွေက သူ့ကိုရင်အေးစေသည်။

သူမှတ်မိသည်။
အဆာလွန်ပြီးချမ်းအေးနေခဲ့တဲ့ညကို။ သူတော့ဒီညကို ဒီအတိုင်းပဲ ကုန်ဆုံးရတော့မယ်ဆိုပြီးတွေးခဲ့တာ။
ထိုနေ့က သူစန္ဒယားခန်းထဲမှာ စန္ဒယားတီးတာကို လေ့ကျင့်နေခဲ့ခြင်း။
ဂျောင်ဂုက ငယ်ငယ်ကတည်းက အလိုရမက်နည်းသူဟုဆိုရမည်။
ကလေးဘဝအရွယ်ကတည်း မုန့်စားချင်တယ် အရုပ်လိုချင်တယ်ဟူ၍ မပူဆာခဲ့ဖူး။

သူ့မိဘတွေကလည်း ပြီးပြည့်စုံအောင်ထားပေးခဲ့၍ ဖြစ်မည်ထင်၏။ သူ့တစ်ဘဝလုံး သက်တောင့်သက်သာဖြင့် ဖြတ်သန်းခဲ့ရသည်။
သူ့ဖခင်ရဲ့နေရာကို လက်လွှဲယူချိန်ကပင် အခက်အခဲမရှိခဲ့။

ငယ်ရွယ်လွန်းတာမို့ နောက်ကွယ်မှာ တီးတိုးသဖန်းပိုးဆိုကြပေမယ့် ဂျောင်ဂုအာရုံမထားဘဲ အလုပ်နှင့်သာ သက်သေပြခဲ့သည်။
ထိုမျှအထိ သူ့ဘဝကချောမွေ့နေခဲ့၏။
သူ့အတွက် အလိုလောဘလည်းမရှိခဲ့သလို ဆုံးရှူံးရမှာကိုလည်း ကြောက်ရွံ့ခြင်း မရှိခဲ့ဖူးချေ။

သူစန္ဒယားတီးရတာကို သဘောကျခဲ့ပေမယ့် သူ့ဝါသနာနှင့်ပတ်သက်၍ မိဘတွေရှေ့ကို မဖွင့်ဟခဲ့ဖူး။ တစ်နေ့မှာ သူဟာသူ့ဖခင်ရဲ့လုပ်ငန်းကို ဆက်ခံရမယ်ဆိုတာကို ဘယ်သူမှမပြောပြပေမယ့် ကလေးဘဝကတည်းက နားလည်နေခဲ့သည်။

ထို့ကြောင့် သူ့ဝါသနာအတိုင်း စန္ဒယားတီးဖြစ်တာက ညနေကျောင်းဆင်းချိန်တို့၌သာ။ ထိုထယ်နှင့်စတွေ့တဲ့နေ့က သူမတော်တဆ ခြေချင်းဝတ်ခေါက်သွားခဲ့သည်။

ဂျောင်ဂုကအနေအေးပြီး လူတွေနှင့်သိပ်မရောတာမို့ အပေါင်းအသင်းသိပ်မရှိ။ အတန်းထဲကလူတွေအားလုံးရဲ့နာမည်ကိုပင် သူကမသိချေ။

ဒါကြောင့် ကျောင်းမှာ popularဖြစ်ပုံရတဲ့ကောင်လေးကို သူကတော့ ပထမဆုံးတွေ့ဖူးခြင်း။ သို့ပေမယ့် ထိုအခိုက်အတန့်ခဏမှာ ရင်ခုန်ခြင်းဆိုတာကို သူသင်ယူလိုက်ရ၏။
သူ့အတွက်တော့ တစ်သက်စာဖြစ်ခဲ့ပေမယ့် ထယ့်အတွက်တော့ သူဟာ ပုံရိပ်ပင်မပေါ်တော့တဲ့ တခဏတာတွေ့ခဲ့ရတဲ့ ဒုက္ခရောက်နေတဲ့ သနားစရာလူတစ်ယောက် ဖြစ်နေခဲ့မှာပင်။

𝐇𝐨𝐰 𝐭𝐨 𝐫𝐚𝐢𝐬𝐞 𝐲𝐨𝐮𝐫 𝐁𝐟 ?[[𝐓𝐚𝐞𝐤𝐨𝐨𝐤]] 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝//Where stories live. Discover now