23

4.3K 454 10
                                    

ကြောက်ရွံ့မှုကြောင့် အန်ယောင်မင်းတစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေသည်။ အက်ဆီးဒန့်ဖြစ်တာနှင့် အကူဆိုတဲ့လူတွေက အစ်ကိုထယ်ယောင်းကို ချက်ချင်းဆေးရုံပို့ကြသည်။
မျက်မှန်တပ်ထားတဲ့အစ်မကြီးရဲ့မျက်နှာကလည်း တင်းမာနေခဲ့၏။
ဆေးရုံကို ရုတ်တရက်ကြီး ရောက်ချလာတဲ့ CEOဂျွန်ကြောင့် သူစစချင်း နားမလည်ခဲ့ပေမယ့် သူ့ရှေ့ကအန်တီကြီးကြောင့် မသိချင်လည်းသိလိုက်ရပြီဖြစ်သည်။ ထိုအန်တီက CEOဂျွန်ရဲ့မိခင်ပါတဲ့။
CEOဂျွန်ကတော့ သီးသန့်ခန်းထဲဝင်သွားပြီး ပြန်ထွက်မလာသေးချေ။

သူ့ရှေ့မှာလက်ပိုက်ပြီး ဖြစ်ရပ်အစအဆုံးကို မျက်မှောင်ကြုတ်ကာ မေးမြန်းနေသည်မှာ ကြောက်စရာ။ တစ်ခွန်းမကျန်ပြန်ဖြေရင်း နောက်ကျောတစ်ခုလုံး ချွေးတွေစီးကျနေခဲ့သည်။

သူ့ထက်ပိုမျက်နှာနေသူက ဆေးရုံကိုအတူလိုက်လာတဲ့ ဂန်ဝူယွန်းနှင့် သူ၏မန်နေဂျာပင်။
မျက်မှန်နှင့် အတွင်းရေးမှူးအစ်မကြီးရဲ့ အားလုံးလိုက်ခဲ့ဆိုတဲ့ တစ်ချက်လွှတ့အမိန့်အောက်မှာ PDကြီးပါမကျန် ရိုက်ကူးရေးအဖွဲ့သားအားလုံး ဆေးရုံကိုပါလာကြသည်။

"ဟန်နာ ဘာထူးခြားလဲ"

သူမက မျက်မှန်ကိုပင့်တင်ကာ မဒမ်ဂျွန်ရဲ့အမေးကိုဖြေဖို့ အားယူ၏။

"ကြိုးကဆွေးနေလို့ ပြတ်ကျတာလုံးဝမဟုတ်ပါဘူး တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိလုပ်ကြံထားတာ... ယူလာခဲ့"

သူမစကားအဆုံး အန်ယောင်မင်းအသုံးပြုခဲ့တဲ့ ကြိုးကိုယူလာကြသည်။ ကြိုးရဲ့သုံးပုံနှစ်ပုံက တစ်စုံတစ်ရာနှင့် ဖြတ်ခံထားရသလို အမွှေးဖွာလန်ကြဲခြင်း အလျဥ်းမရှိ တိတိပပပြတ်နေလျက်။

"ဒါကဘယ်လိုဖြစ်ရတာလဲ သရုပ်ဆောင်တွေရဲ့ လုံခြုံရေးက ဒီလောက်တောင် စိတ်မချရတော့ဘူးလား ရိုက်ကူးရေးမစခင် safeဖြစ်မဖြစ် သေချာမစစ်ဘူးလား"

"ကျွန်တော်တို့ လုံခြုံရေးကိုအလေးထားပါတယ် ရိုက်ကူးရေးပစ္စည်းတွေကို သေချာစစ်ပြီးမှ ရိုက်ကူးတာပါ"

မဒမ်ဂျွန်ရဲ့တင်းမာတဲ့အမေးကို ပြာပြာသလဲဖြေတဲ့PD။

"အိုး ဟုတ်လား!"

𝐇𝐨𝐰 𝐭𝐨 𝐫𝐚𝐢𝐬𝐞 𝐲𝐨𝐮𝐫 𝐁𝐟 ?[[𝐓𝐚𝐞𝐤𝐨𝐨𝐤]] 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝//Where stories live. Discover now