25

4.6K 441 15
                                    

"ဝူယွန်းရေ ဒီကိုလာကြည့်ဦး ငါfan letterရလာတယ်"

၁၈နှစ်အရွယ်ထယ်ယောင်းမှာ အလွန်အမင်းအူမြူးလျက်ရှိ၏။
စာရေးစားပွဲမှာ စာထိုင်ရေးနေတဲ့ ဝူယွန်းရှေ့ကို သူရလာတဲ့စာလေး ဝေ့ယမ်းပြကာ ဆိုမိသည်။

သူက ချောင်းဆန်းအထက်တန်းကျောင်းမှာ entertainမေဂျာကိုအထူးပြုယူထားရင်းက ဖျော်ဖြေရေးအေဂျင်စီကတွေ့ကာ သဘောကျသွားခြင်းပင်။
သရုပ်ဆောင်ဝါသနာပါသူမို့ ကမ်းလှမ်းမှုကိုလက်ခံလိုက်ခြင်းဖြစ်၏။ သူတစ်ယောက်တည်းကမ်းလှမ်းခံရခြင်းမဟုတ်ဘဲ သူငယ်ချင်းဖြစ်သူဂန်ဝူယွန်းပါ အတူကမ်းလှမ်းခံရတာမို့ ဝမ်းသာမှုက အတိုင်းအဆမဲ့။
သူမေ့သွားခဲ့တာတစ်ခုက သူဝါသနာပါရာလောကတွင် သူငယ်ချင်းမိတ်ဆွေဆက်ဆံရေးသည်မရှိဆိုသည့်အချက်ပင်။

အထူးသဖြင့် သူ့လိုကျောင်းမှာ နာမည်ရနေတဲ့ သင်တန်းသားတစ်ယောက်အတွက်ပေါ့။

"ရား... ထယ်ယောင်း မင်းတော့ နာမည်ကြီးနေပြီပဲ အခုမှသင်တန်းသားပဲဖြစ်သေးတာကို နာမည်ကြီးရင်ငါ့ကိုမမေ့ရဘူးနော် ဟေ့ကောင်"

ဝူယွန်းစကားကြောင့် ထယ်ယောင်းတဟဲဟဲရယ်သည်။

"မေ့စရာလားကွ မင်းကလည်း"

သူကနဂိုထဲက အနည်းငယ်မောက်မာတတ်သူမို့ နှိမ့်ချရိုးထုံးစံသည်မရှိ။
ဘဝင်မြင့်ခြင်းမဟုတ်ဘဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုကြောင့် ပညာမာနလေးရှိနေရုံသက်သက်။
ဒါကြောင့် သူ့ကိုချီးကျူးချိန်တိုင်း ထယ်ယောင်း ငြင်းလေ့မရှိချေ။ သူ့ရဲ့ထိုအပြုအမူကပဲ လူတွေအတွက် အထင်လွဲစရာဖြစ်နေခဲ့တာကို ထယ်ယောင်းမသိခဲ့။

"စီနီယာ၊ ဒါလေးက စီနီယာ့အတွက်ပါ.. ကျွန်မစီနီယာ့ကိုသဘောကျတယ်၊ ကျွန်မနဲ့တွဲပါစီနီယာ"

ဆံပင်ကို နားနောက်သပ်ရင်း ကောင်မလေးက ရှက်ရွံ့ရိပ်သန်းနေတဲ့ကြားက ပန်းလေးထိုးပေးသည်။
ထယ်ယောင်း သူ့ဘေးကဝူယွန်းကို မျက်လုံးထောင့်ကပ်ကာ ကြည့်မိသည်။ ဒီကောင်မလေးက ဝူယွန်းသဘောကျနေတဲ့ ကောင်မလေးလေ။
သူလက်ကို ခါပြရင်း အားနာသည့်လေသံလေးဖြင့်...

𝐇𝐨𝐰 𝐭𝐨 𝐫𝐚𝐢𝐬𝐞 𝐲𝐨𝐮𝐫 𝐁𝐟 ?[[𝐓𝐚𝐞𝐤𝐨𝐨𝐤]] 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝//Место, где живут истории. Откройте их для себя