Part_41

16.5K 825 8
                                    

<Unicode>

ရာသီတွေကူးပြောင်းလာခဲ့တာ အမွှာလေးတွေတောင် ၃နှစ်ပြည့်ခဲ့ပြီ။စံအိမ်ကြီးမှာ မနက်လင်းလာရင် အမွှာလေးတို့ရဲ့တဆာဆာ အော်သံလေးတွေက အိမ်ရဲ့ဆည်းလည်းလေးတွေအစစ်ပင်။
ဘိုးဘွားတွေရဲ့ အလိုလိုက်မှုတွေကြောင့် ဂျစ်ကန်ကန်လေးတွေနဲ့သိပ်ဆိုးကြလေသည်။

"ဘွားမှုံ လွှမ်းကို ကိုကိုလိုက်လုပ်နေတာ"

"အယ် သားခေတ် အဲ့လိုမလုပ်ရဘူးလေ။"

"ဘွားမှုံကလည်း လွှမ်းက သားရဲ့ဓားတွေယူဆော့တာ"

သစ်သားဓားမြှောင်လေးတွေကိုလက်ထဲစုကိုင်ထားပြီး စူပုတ်ပုတ်လေးနဲ့ တိုင်လာသည်။ဟုတ်တယ် သမီးလေးက မိန်းကလေးလိုဘယ်တော့မှမဆော့ပေ။အစ်ကိုဖြစ်သူရဲ့ ဓားတွေစက်ရုပ်တွေကိုလုပြီးဆော့ကြတာကြောင့် နေ့စဉ်နဲ့အမျှ ဒီပြဿနာကကြုံတွေ့ရမြဲပင်။

"သမီးခေတ်တော်ဝင် ကိုကို့ဟာတွေမယူဆော့ရဘူးလေ။ပြီးတော့သမီးက မိန်းကလေး "

"ဟာ ဖေဖေကလည်း လွှမ်းက မိန်းကလေးမဟုတ်ဘူး"

"သမီး ဖေဖေဘယ်လိုမှာထားလဲ ကိုယ့်ကိုလူကြီးတွေနဲ့ပြောရင် သမီးလို့သုံးရမယ်လို့ ပြီးတော့ လွှမ်းဆိုပြီး မပြေရဘူး"

"ဟင့်အင်း မရဘူး လွှမ်းက ကိုကိုလိုယောကျာ်းဘဲလေ"

အဲ့တာဘဲ သမီးက အရမ်းပြောရခက်တာ။သားနဲ့တခြားစီပင်။သားက အေးဆေးနေတတ်ပြီး တစ်ယောက်ထဲနေတတ်တာများသည်။သမီးက တစ်ယောက်တည်းနေပေမယ့် တစ်ခါမှမိန်းကလေးမဆန်ပေ။ဂျစ်ကပ်ကပ်နဲ့ သူ့ဒယ်ဒီအတိုင်းပင်။

"ကဲပါ ရှေးရယ် သမီးပြောတတ်သလိုပြောပါစေကွာ"

"ကိုလွှမ်း ရှေးသမီးကို ဆုံးမနေရင်ရှေ့ကနေကာဆီးကာဆီးမလုပ်နဲ့မကြိုက်ဘူး"

"ဟင့် !ဒယ်ဒီ အီး ဟီး"

ဒယ်ဒီကိုမြင်တာနဲ့ အကဲစိန်လေးက ငိုယိုကာ အိုက်တင်လုပ်လေသည်။

"သမီး ဖေဖေပြောတာ နားလည်လား ကိုယ့်ကို လူကြီးသူမတွေနဲ့စကားပြောရင် သမီးကလေဆိုပြီးပြောရမယ်နော်"

"အင့်!ဒယ်ဒီ "

"ရှေး ကိုယ်ဘဲပြောလိုက်ပါ့မယ် သမီးကလိမ္မာပါတယ်"

I will always be here for you.(Completed)Donde viven las historias. Descúbrelo ahora