Part_37

15.4K 744 28
                                    

<Unicode>

"ရှေးခေတ် "

"သုတပိုင်"

"ရှေးခေတ်က မန်းလေးကိုလိုက်ကြည့်ခြင်တယ်ဆို"

"ဟုတ်တယ် အမေတို့ကိုလွမ်းလို့ အဝေးကနေ လှမ်းကြည့်ရုံလေးပါ"

"ဒါဆို အခုတစ်ခါတည်းလိုက်ခဲ့လေ ဟိုရောက်ရင် သုတအိမ်မှာ တည်းလို့ရတယ်။"

သုတပိုင် စကားကြောင့် ရှေးမှာ အံ့ဩသွားရသည်။သူက ငါနဲ့ကိုကြီးအပေါ်စိတ်ရှင်းသွားပြီလား။မနေ့ညနေက သူအရမ်းမူးနေလို့ ကိုကြီးသွားခေါ်လာခဲ့တာ ဒီမနက်ကျ သူနဲ့မတွေ့အောင် ရှေးက စောစောထပြီး မနက်စားစားနေသည်။

ဘာလို့ရှောင်တာလဲ သူများချစ်သူနှစ်ဦးကိုပျော်စေခြင်လို့ အချိန်တွေအများကြီးအတူရှိစေခြင်လို့ပေါ့။

"ဟို ရပါတယ် ရှေး ဘာသာဘဲ..."

"စိတ်မချဘူး ရှေး တစ်ခါတည်းလိုက်ခဲ့၊အစ်မကလည်းတွေ့ခြင်နေတာ "

နောက်ကရောက်လာတဲ့ ကိုကြီးစကားကြောင့် ရှေးမှာငြင်းဆန်ခွင့်မရှိတော့ပြီ။ကားလေးက တသိမ့်သိမ့်နဲ့ မန်းလေးကိုဦးတည်နေသည်။ဘေးပတ်ဝန်းကျင်က စိမ်းစိမ်းစိုစို ရှုခင်းတွေကိုငေးရင်း တစ်ယောက်သောသူရဲ့ မျက်နှာလေးကိုလည်းတွေ့ခြင်မိပါရဲ့။

တဖြည်းဖြည်းနဲ့ မန်းလေးမြို့ကြီးထဲရောက်လာခဲ့ပြီ။ကိုကြီးတို့က ရှေးကို အမေတို့ဆိုင်ဘက်ကိုဦးတည်ပြီးခေါ်သွားလေသည်။ ဆိုင်နဲ့မလှမ်းမကမ်းမှာ ကားလေးကိုရပ်ပေးပြီး အခြေအနေကိုအကဲခတ်နေကြသည်။လာတာစောလို့ထင်ပါရဲ့ အမေတို့ကားလည်းမတွေ့ရသေးပေ။

ခနကြာတော့ အမေတို့ကားလေးက ဆိုင်ထဲဝင်သွားသည်။မမြင်ရတာကြာတဲ့ အမေက ပိန်းသွားသလားလို့လေ။မျက်နှာလေးပါကျလို့ အရင်လိုဘာကြောင့်ပြုံးမနေတာလဲအမေရယ်။ရှေးကြောင့်များလားဟင်။အဖေက အလုပ်တွေရှုပ်ဆဲဘဲနေမှာ ချက်ချင်းကားကိုပြန်ကွေ့နေသည်။သေချာတာက စက်ရုံဘက်သွားမည်ထင်သည်။

ဟင် ဒေါ်လေးမှုံ ဟုတ်တယ် ဒေါ်လေးမှုံဘဲ ဆိုင်ကိုလိုက်လာတာလား။ပျော်လိုက်တာ ဒေါ်လေးမှုံရယ် ရှေးမှာအများကြီးလွမ်းနေခဲ့တာ။ဒေါ်လေးမှုံနဲ့အမေတို့ကိုသိပ်တွေ့ခြင်နေခဲ့တာ။အခုတော့ လာတွေ့ရကျိုးနပ်ပါပြီ။အဝေးကမြင်နေရတဲ့ မျက်နှာလေးတွေကိုကြည့်ပြီးရှေးမှာ ဝမ်းသာမျက်ရည်တွေကျရသည်။အဖေ့ကိုတော့ ကားလေးပြန်ထွက်လာတဲ့ချိန် သူတို့ကားဘေးကဖြတ်မောင်းသွားတုန်း မြင်လိုက်ရပါတယ်။အဖေလည်း ကျန်းမာရေးကြောင့်ထင်ပါတယ် နည်းနည်းကျသွားတဲ့မျက်နှာလေးကိုကြည့်ကာ ဝမ်းနည်းရပြန်သည်။

I will always be here for you.(Completed)Where stories live. Discover now