Part_30

15.5K 794 32
                                    

<Unicode>

"ဟမ်! ဘာဖြစ်တယ်"

"အေး ငါဒီနေ့ဘဲဆင်းခဲ့မယ်"

စားပွဲမှာ လက်တောပ့်တစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့လွှမ်းမှာ ဖုန်းလာတာနဲ့ ကိုင်လိုက်တာ ခေါင်းပေါ်ကိုမိုးကြိုးဆယ်စင်း လိုက်ပစ်ချလိုက်သလိုပင်။ဘီးတွေတင်လာတဲ့ ကားကြီးမှာ မြဝတီဘက်မှာ တိမ်းမှောက်မှု့ကြောင့် ဘီးတွေကော ပါလာတဲ့ ယာဉ်မောင်းနဲ့ စပါယ်ယာနှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာရှိတယ်ဆိုတော့ လူကိုယ်တိုင်သွားမြှဖစ်မှာပင်။

"အဖေ ကျွန်တော် ဒီညနေflightနဲ့ မြဝတီဘက်ဆင်းမှာ"

"ဘာကိစ္စလဲ"

"ဘီးတွေတင်လာတဲ့ယာဉ်က မတော်တဆမှု့ဖြစ်လို့ လူရောထိခိုက်ထားတာတဲ့ အဲ့ဒါ ကျွန်တော်သွားရမှာ"

"သွားလေ ရှေးကိုခေါ်သွားမှာလား"

"မခေါ်တော့ဘူး ဟိုမှာဆို ပင်ပန်းနေလိမ့်မယ်။ရှေးကိုစောင့်ရှောက်ပေးပါအုံး"

"မင်းပြောစရာမလိုဘူး "

"ကျွန်တော် အမေနဲ့ ရှေးကို ဝင်မပြောခဲ့တော့ဘူးအဖေ"

ကောင်းပြီဆိုတဲ့ အကြည့်နဲ့တစ်ချက်ကြည့်ပြီး သတင်းစာကိုဆက်ဖတ်နေလိုက်သည်။ပြဿနာဖြစ်ပြီးတာ၁ပါတ်လောက်ဘဲရှိသေးသည်။ရှေး ကနားလည်မှု့ပေးတယ်ထင်ပါတယ်။သူတို့နှစ်ယောက်စကားများတာ မတွေ့တာကြောင့် အဆင်ပြေနေပြီထင်မိသည်။

ဒီကောင်လည်း ဒီရက်ပိုင်းတွေ ဆိုင်ကိုတောင်မသွားဖြစ် သူ့ဆိုင်ပြင်နေတယ်ဆိုပြီး အိမ်မှာဘဲ မိုးလင်းမိုးချုပ် အလုပ်လုပ်နေသည်။ရှေးကတော့ ပုံမှန်အတိုင်းဘဲ ဇနီးသည်နဲ့အတူ ဒီရက်ပိုင်း ဆိုင်ကိုလိုက်လိုက်သွားသည်။ ဒီကောင်လေးကိုလည်း ညနေဆေးခန်း သွားပြပေးရအုံးမယ် အခုတလော ဘာစားစားအန်နေတာ။

"အမေ ရှေး စပျစ်သီးစားခြင်လို့ ဈေးချိုဘက်သွားမို့ ဘာမှာအုံးမှာလည်း အပြန် ဈေးထဲကသူတွေဆီကနေ ငွေခံခဲ့လိုက်မယ်နော်"

"သားရယ် ပင်ပန်းခံအုံးမယ် နေပူတယ် နေနေ အမေ မအေးနဲ့ကောင်မလေးတစ်ယောက်ကိုလွှတ်လိုက်မယ်"

I will always be here for you.(Completed)Where stories live. Discover now