Part_19

19.9K 1K 28
                                    

<Unicode>

"အမေ ရှေးဒီနေ့စက်ရုံဘက်သွားအုံးမယ်။ "

"အေး သားငယ်ဒါနဲ့ တစ်လက်စတည်း အမေ့ကိုအပြန်ကျဆေးဝယ်ခဲ့ပေးနော်"

"ဟုတ်ကဲ့ "

လုပ်လက်စတွေကို လက်စသတ်ကာ လိုအပ်တဲ့ပစ္စည်းအချို့ရယ် စာရွက်စာတမ်းတွေကိုယူပြီး စက်ရုံဘက်ထွက်ခဲ့လိုက်သည်။လက်ထပ်ထားတာ၁ပါတ်ဘဲရှိသေးတဲ့ အသစ်စက်စက် သားမက်လောင်းလေးကို ကြည့်ကာအချစ်တွေပိုနေရသည်။

"နွယ် ဘာတွေပြုံးနေတာလဲ"

"ဪ ပျော်လို့ပေါ့ သားငယ်လေးက အခုဆို နွယ်တို့ရဲ့သားမက်လေးဖြစ်လာပြီလေရှင်"

"မင်းသားအတွက် စိတ်ချရတာပေါ့ကွာ လုပ်ငန်းအကြောင်းလည်းနားလည်တယ်။လူကြီးမိဘတွေအပေါ်လည်း ရိုသေကိုင်းရှိုင်းတတ်တယ် ကိုယ်တို့ကံကောင်းတာပေါ့ကွယ်"

"ဟုတ်တာပေါ့ရှင်"

အစတွေနဲ့ ဒူးနားအောက်ခြေတွေကိုခေတ်မှီစက်ကြီးတွေနဲ့ စက်ပန်းထိုးနေတဲ့ အခြမ်းဘက်ကို လက်ရာကြည့်ဖို့ရာ အရင်ဆုံးထွက်လာခဲ့လိုက်သည်။ရှေးလာပြီဆိုရင် ဝန်ထမ်းတွေကတရိုတသေဆက်ဆံသလို ပျော်လည်းပျော်ကြသည်။

"အစ်ကိုလေး ဒီနေ့ စောလှချေလား"

"ဟုတ်ပ ကိုကြည်သာရယ် ရှေးဒီနေ့ အပ်ပေးရမည့်အလှူအထည်တွေကိုသေချာလာကြည့်တာဗျ"

"ပြီးတော့မှာနော် ခနလေးထိုင်စောင့်ပါအုံးလား"

"ရတယ် ရတယ် နေ နေ ကိုကြည်သာ ရှေးလက်ရာတွေတစ်ချက်ကြည့်ခြင်သေးတယ်"

"ဟုတ်"

ကိုကြည်သာက စက်ရုံရဲ့မန်နေဂျာဖြစ်တာကြောင့် ထမင်းရှင်တွေစိတ်မပျက်လေအောင်အလုပ်ကိုသေချာဂရုတစိုက်လုပ်သူပင်။လူပျိုကြီးဘဝနဲ့ အမေအိုကြီးကိုလူပ်ကျွေးနေတဲ့သားလိမ္မာလေးတစ်ယောက်ဆိုလည်းမမှားပေဘူး။

ပြီးသွားပြီဖြစ်တဲ့ အထည်တစ်ချို့ကို ယူကာ သေချာဖြန့်ပြီး အပ်ချက်တွေရဲ့အနေအထား၊ချည်ရဲ့အရည်အသွေး၊လက်ရာမြှောက်မမြှောက်ကို အတည့်ပြောင်းပြန်လှန်ကာ သေချာစစ်ဆေးနေသည်။

I will always be here for you.(Completed)Tahanan ng mga kuwento. Tumuklas ngayon