Part_9

21.1K 1.3K 37
                                    

<Unicode>

ဒီနေ့တော့ခါတိုင်းထက်အစောကြီးလာကာ ဘုရားခန်းမှာအန်တီနွယ်ထက်အရင် ဘုရားကန်တော့ပြီးပုတီးစိပ်ကာ တရားထိုင်နေသည်။

"ထွေးမှုံ ရှေးလေးကော ဘုရားကန်တော့ရအောင်လို့။"

"ဪ မမနွယ် ရှေးလေးကအစောကြီးကတည်းက တတ်သွားပြီ ဒီနေ့သူ့မွေးနေ့လေ အဲ့တာမနက်လေးနာရီကတည်းကထပြီး ဘုရားခန်းထဲဝင်သွားတယ်။"

"ဟယ် ရှေးလေးမွေးနေ့လား။ "

"ဟုတ်မမနွယ် ဒါနဲ့လေ ဒီနေ့ထွေးမှုံ ရှေးလေးကိုဘုရားလိုက်ပို့ပေးခြင်လို့အဲ့ဒါ...။"

"အမယ်လေး ထွေးမှုံရယ် ခွင့်တောင်းစရာမလိုပါဘူး။  ဒါနဲ့ ဘုရားကို သားကိုပို့ခိုင်းလိုက်မယ်။ ထွေးမှုံက မမနွယ်တို့နဲ့မိဘမဲ့ကျောင်းလိုက်ခဲ့အုံး ရှေးအတွက်ကုသိုလ်လုပ်ရအောင်လို့။"

"ကျေးဇူးတင်ပါတယ်မမနွယ်ရယ် ကျေးဇူးတင်ပါတယ်။"

"မလိုပါဘူးကွယ်။"

ဒေါ်‌ေတာ်ဝင်နွယ် အပေါ်ထပ်ကိုတတ်လာကာ လှေကားထိပ်ကနေ ဘုရားခန်းကိုလှမ်းကြည့်လိုက်တော့ ဝတ်ဖြူစင်ကြယ်ကိုသေသပ်စွာဝတ်ဆင်ပြီး တရားထိုင်နေတဲ့ရှေးကိုတွေ့လိုက်တယ်။တစက်တည်းမှာဘဲ ရှေးနဲ့မလှမ်းကနေ ရက်နေပြီး ရှေးအားစိုက်ကြည့်နေတဲ့ သားတော်မောင်ကိုတွေ့ရပြန်တော့ လှမ်းကြည့်မိတယ်။

ဒီကောင်လေး ဘာရပ်နေတာလဲ...။

"အမေ ဘုရားဝတ်ပြုတော့မလို့လား။"

"အေး သားက ဘာရပ်နေတာလဲ။"

အမေ မေးလာတော့ ရှက်သလိုလို‌ေတာ့ဖြစ်သွားရသည်။ခေါင်းကိုကုတ်ပြီး မလိမ့်တပတ်ဖြေရပြန်တာပေါ့ဗျာ...။

"ဟို ကျွန်တော်နိုးလာတော့ တစ်ကိုယ်လုံးအဖြူဝတ်ပြီး ထိုင်နေတဲ့သူ့ကိုတွေ့လို့ သွားစပ်စုတာ။"

"ရှေးလေး မွေးနေ့လေ ဒီနေက အာ့တာကြောင့်အစောကြီးထပြီး ဘုရားဝတ်ပြုနေတာ သားနဲ့ကွာပ။"

"အမေကလည်းဗျာ...။"

"အမေကလည်းလုပ်မနေနဲ့ မနက်စာ စားပြီးရင်ရှေးလေးကိုဘုရားလိုက်ပို့လိုက်အုံး အမေတို့ကမိဘမဲ့ကျောင်းကစောင့်နေမယ် ၁၂မထိုးခင်ရောက်အောင်လာခဲ့လိုက်။"

I will always be here for you.(Completed)Donde viven las historias. Descúbrelo ahora