<Unicode>

"ဒေါက်တာ သုတ မပြန်သေးဘူးလား""ဟုတ် ဒါလေးပြီးတော့မြှပန်မလို့"
အလုပ်သင်ဆရာဝန်လေးတွေက နှုတ်ဆက်နေပေမယ့် မော့ကြည်မလာဘဲစာအုပ်ထဲကိုခေါင်းစိုက်ကာပြန်ဖြေလေသည်။မသိသေးတာတွေကို အမြဲလိုလိုလေ့လာသင်ယူနေရင်း အလုပ်ကိုတာဝန်ကျေပွန်စွာ လုပ်ကိုင်လေသည်။
ဟုတ်တယ် သူနဲ့မတွေ့ခဲ့တာ လတွေအတော်ကြာခဲ့ပြီ။ဒီလ တွေထဲမှာ သူ့ကိုမေ့ထားခဲ့နိုင်တယ်။ကျွန်တော် တစ်ကယ်ဘဲ ခင်ဗျားကို မေ့နိုင်သွားပြီထင်တယ်။ကောင်းပါတယ် ကျွန်တော့ဘဝထဲမှာ ဘယ်သူမရှိတော့ဘူးဆိုတော့ တွယ်တာစရာလည်းမလိုတော့ဘူး။
"ဟူး_..."
သက်ပြင်းတွေချရင်း ဖတ်လက်စ စာအုပ်လေးကိုပိတ်ကာ အိမ်ပြန်ဖို့ ပြင်ဆင်လိုက်သည်။ဒီနေ့ဂျူတီမရှိဘူးလေ။
အဖြူရောင်ကုတ်လေးကို ဖွေးသန့်နေအောင်ဝတ်ဆင်တတ်တာပိုင်ရဲ့အကျင့်လေး။ တည်ပင်အောက်ကနေ အမြဲတစေ ရပ်ကြည့်နေတတ်တဲ့ အရိပ်လေးတစ်ခုကို ပိုင်ဘယ်တုန်းကမှမမြင်တတ်ခဲ့ပေ။"ဟင်!ဒီနေ့ သယ်စပစ္စည်းတွေများလှပါလား"
ရှေ့ထွက်မိတော့မယ့်ခြေလှမ်းတွေကို အလျှင်အမြန်ဘဲရပ်တန့်မိလိုက်သည်။ဒီအတိုင်းလေးဘဲ ငေးကြည့်ခွင့်ရရင်ကိုကျေနပ်ပါတယ်။ ကိုယ့်အဖြစ်ကရယ်စရာကောင်းသား ကိုယ်မြတ်နိုးပါတယ် ချစ်ပါတယ်ဆိုတဲ့လူသားလေးတွေက ကိုယ့်အနားကနေဝေးဝေးပြေးသွားကြတယ်။
"ဒေါက်တာ ဒေါက်တာ"
"ဟင်!"
"ဟူး မောတာ ဒေါက်တာလေးက လမ်းလျှောက်တာမြန်လိုက်တာဗျာ၊ကိုယ်တော့ နှလုံးသားလေးအမောဖောက်သွားပြီ"
"ဒါဆိုလည်း နှလုံးဌာနမှာ ဒေါက်တာတွေရှိတယ် သွားစစ်ချည်လေ"
သုတ ဒီတစ်ယောက်ကို သိပ်အမြင်ကပ်သည်။သူ့အနားကို ရောက်လာပြီးစကားတွေရေပက်မဝင်အောင်ပြောကာ လိုက်နှောင့်ယှက်နေသဘ်မှာလွန်ခဲ့တဲ့၃လကတည်းကပင်။
"ဟာဗျာ ဒေါက်တာလေးရယ် ရက်စက်လိုက်တာ"
"ဒီမယ် ကျွန်တော့်မှာတခြားကိစ္စတွေရှိသေးတယ်။"
YOU ARE READING
I will always be here for you.(Completed)
Romanceတစ်ခါတလေ အချစ်ကသိပ်ဆန်းကြယ်တယ် ကိုယ်မထင်မှတ်ထားတာတွေဘဲဖြစ်လာတတ်တယ်...