Part_38

16.5K 787 34
                                    

<Unicode>

ပြင်ဦးလွှင် ပြန်တတ်နေတဲ့ ကားလေးထဲမှာ ငြိမ်သက်နေဆဲအငွေ့အသက်တွေ။အိမ်ကထွက်လာကတည်းက မျက်လုံးတွေကိုမှိတ်ထားပြီး မှေးစက်ကာ လိုက်ပါလာသည်။အင်း ဒီကောင်လေးညက မအိပ်ဘူးနဲ့တူတယ်။

"ရှေး အိပ်နေတာလား"

"ဒီအတိုင်းလေးဘဲ မျက်လုံးတွေမှိတ်ထားခြင်လို့"

အိပ်ပျော်နေလားဆိုကာ စကားစမိတော့ ချက်ချင်းပြန်ဖြေလာသည်။

"ရှေး လွှမ်းကိုချစ်လား"

"............."

"ခံစားနေရတုန်းလား ခုထိအထင်လွှဲနေတုန်းဘဲလား"

"သူ့အကြောင်းကို ဖြစ်နိုင်ရင်မပြောပါနဲ့လားကိုကြီးရယ်"

"ဟူး...."

တစ်ကယ်ဘဲ ရှေးတို့နှစ်ယောက်ကလေ တစ်ယောက်ကိုတစ်ယောက်ချစ်ရက်နဲ့ ကိုယ့်ကိုသိပ်ညာကြတာဘဲ။ဒီတစ်ခါတော့ မပြောလို့မရတော့ဘူးရှေး ကိုယ့်သူငယ်ချင်းက သူထိုက်သလောက်တော့ ခံစားပြီပြီ။

"ရှေး ...မနေ့ကဘုရားမှာတွေခဲ့တဲ့ ကောင်မလေးက လွှမ်းညီမလေး အန်တီနွယ်ရဲ့ အစ်မကမွေးတာ တစ်ယောက်တည်းသော ညီမလေး"

"..........."

"လွှမ်း က ရှေးတစ်ယောက်တည်းကိုဘဲချစ်ခဲ့တာဆိုတာ ကိုယ်ပြောရဲတယ်။ သော်သော်နဲ့ကိစ္စကိုလည်း လွှမ်းဖြေရှင်းပြီပြီ ကိုယ်ဒီအကြောင်းတွေကို အစောကတည်းက ရှေးကိုပြောပြဖို့လုပ်ခဲ့တယ်။အဲ့အချိန်တုန်းက ရှေးက ကိုယ့်ကိုပြောခွင့်မပေးခဲ့ဘူး"

"အစကတည်းက ဇယားတွေမရှုပ်ခဲ့ရင် ဒီလိုတွေဖြစ်လာစရာအကြောင်းမရှိပါဘူး"

"မဟုတ်ဘူး ရှေး လွှမ်းကို ရှေးတို့ပြဿနာတို့ဖြစ်ကတည်းက ကိုယ်နောက်ကနေလိုက်ကြည့်နေခဲ့တာ သူတစ်ကယ်ခံစားနေရတာ။ သူ့အချစ်က ရှေးအပေါ်ကို အမှန်တစ်ကယ်ချစ်ခဲ့လားဆိုတာ ကိုယ်လိုက်ကြည့်နေခဲ့တာ ဒီ၅လအတွင်း လွှမ်းအရမ်းပြောင်းလဲသွားတယ်။"

စကားတွေ တရစပ်ပြောနေတဲ့ လင်းစကားတွေကို မျက်လုံးတွေမှိတ်ထားရင်း နားထောင်နေပေမယ့်။ရင်ထဲမှာ ပျော်ရွှင်မှု့ကော ဝမ်းနည်းမှု့ရော ဒွန်တွဲနေသည်။တစ်ကယ်ဘဲ ဘယ်လိုခံစားချက်ကြီးလဲ၊။

I will always be here for you.(Completed)Where stories live. Discover now