<Unicode>

"အစ်ကို ဆေးလေးထိုးရအောင်နော်""အင်း လက်လားဒေါက်တာ"
"ဟုတ် ဆေးချိတ်ရအောင်လို့နော် အစ်ကိုအားနည်းနေတယ် အစားမဝင်ဘူးလား"
"အင်း!ဘယ်လိုပြောရမလဲ နေ့တိုင်းဆန်ပြုတ်ဘဲသောက်နေရတော့ မစားခြင်တော့ဘူး"
"အဲ့လို ဘယ်ဟုတ်မလဲ အစားဝင်အောင်စားမှပေါ့ဗျာ တော်ကြာဆေးရုံမှာသောင်တင်နေမယ်ဗျ"
"ဆေးရုံမှာတစ်သက်လုံးလည်းနေနိုင်ပါတယ်ခင်ဗျာ"
ဆေးထိုးအပ်ကိုင်ရင်း ဆေးထိုးဖို့ရာပြင်နေတဲ့ သုတမှာ အနှောင့်အသွားမလွှတ်တဲ့စကားကြောင့် မျက်နှာလေးနွေးကနဲတစ်ချက်ပူသွားသည်။ဒါပေမယ့်လည်း အပြုံးမပျက်စွာနဲ့ သူ့လူနာကိုသေချာဂရုစိုက်ပေးခဲ့သည်။
"ပိုင်..."
နှစ်ကိုယ်ကြား ကြားရုံလေးသာ တီးတိုးခေါ်လိုက်ပေမယ့်။ခေါ်ခံရတဲ့သုတမှာတော့ ဒီနာမ်စားလေးကြောင့် ရင်တွေတလှပ်လှပ်တုန်နေသလို ချက်ခြင်းပင် လက်ဖျားလေးတွေအေးစက်သွားခဲ့သည်။
ဟင်း!မနက်က ငါကော်ဖီတွေသောက်တာများသွားခဲ့လို့လား...။
"ပိုင်...ပိုင်!ဟင် ကိုယ်ခေါ်တာမကြိုက်လို့လား အဲ့ဒါဆို..."
"ရပါတယ် အစ်ကိုကြိုက်သလိုခေါ်နိုင်ပါတယ် ကိစ္စမရှိပါဘူး"
"ဟင်း!ကျေးဇူး ပိုင် ၊ပြီးတော့ ကိုယ့်ကိုအခုလိုဂရုစိုက်ပေးလို့ကောဘဲ"
"သေချာတာက အစ်ကိုရင်ထဲကအသည်းကြောင့် ဆိုပိုမှန်ပါလိမ့်ပါမယ်။ အစ်ကို့ရင်ထဲက ရှိတဲ့အသည်းကို ဂရုစိုက်ပေးပါ"
အခန်းထဲက ထွက်သွားပြီဖြစ်ပေမယ့်လည်း လင်းမှာ ပိုင်ပြောသွားတာတွေနားမလည်ပေ။
ဘာလို့လဲ ဘာကြောင့်လဲ ငါ့ရင်ထဲကအသည်းက ပိုင်နဲ့ဘယ်လိုပက်သက်မှု့ရှိတာလဲ။အင်း!ဟိုကောင်တွေလာရင် အကြောင်းစုံမေးကြည့်ရအုံးမယ်။ငါအခုထိ အသည်းအလှူရှင်ကဘယ်သူလဲဆိုတာလည်းမသိရသေးဘူး။
"သားငယ်လေး ဒီနေ့အမေစောစောပြန်မယ်နော်သားငယ်တစ်ယောက်ထဲဖြစ်ရဲ့လား"
JE LEEST
I will always be here for you.(Completed)
Romantiekတစ်ခါတလေ အချစ်ကသိပ်ဆန်းကြယ်တယ် ကိုယ်မထင်မှတ်ထားတာတွေဘဲဖြစ်လာတတ်တယ်...