part_1

50.9K 2K 51
                                    

<Unicode>

"အားလုံးကြားကြသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် သာဓု သာဓု သာဓု"

ဒေါ်တော်ဝင်နွယ်တစ်ယောက် မနက်တိုင်းဘုရားဝတ်ပြုသံဟာ 'တော်ဝင်လွှမ်း'စံအိမ်ကြီးမှာ ကြားရသူအဖို့ ကျက်သရေမင်္ဂလာရှိစေတယ်....

"လွှမ်း သားလေး ထတော့နော် အမေဒီနေ့ ဆိုင်မှာ ဖောက်သည်နဲ့ချိန်းထားလို့"

စကားပြန်မရတဲ့ သားအခန်းရှေ့ကနေထွက်လာခဲ့လိုက်တယ် အောက်ထပ်မှာတော့ဦးသီဟလွှမ်းက မနက်စာ စားဖို့ရာ စောင့်နေလေခဲ့ပြီ။

"အစ်ကို ပြင်လိုက်ရတော့မလား။"

"အွန်း မင်းသားရော မထသေးဘူးလား။"

"ထနေပါပြီ အစ်ကိုရယ် ခနနေဆင်းလာလိမ့်မယ်။"

သေချာရဲ့လားဆိုတဲ့မျက်နှာထားနဲ့ ဒေါ်တော်ဝင်နွယ်ကိုစိုက်ကြည့်လာတယ်။ သူမလည်း ဘာစကားမှဆက်မဆိုဘဲခင်ပွန်းသည်အတွက် ကော်ဖီနဲ့မုန့်ကိုပြင်ဆင်ပေးလိုက်တယ်....။

မဖွင့်ခြင်တဲ့မျက်လုံးကိုအားယူပြီး ဖွင့်လာခဲ့ရတယ်။ အမေကိုဆိုင်လိုက်ပို့ရမှာကြောင့်သာ ဆက်မအိပ်တော့ဘဲ ကိုက်နေတဲ့ခေါင်းကို နားထင်နားတစ်ချက်နှိပ်ပြီး ရေချိုးရန်ပြင်ဆင်လိုက်သည်။

"အာ... ကျစ်"

ယောကျာ်းလေးသဘာဝဖြစ်လေ့ဖြစ်ထရှိပေမယ့် ခုလိုစောစောစီးစီးမနက်ခင်းတွေမှာ ဖြစ်ရင်မကြိုက်ဘူး။ ဒီကိစ္စကိုဘယ်တော့မှမနက်ခင်းမလုပ်ဘူးဟု ဆုံးဖြတ်ထားတဲ့သူ့အတွက် စိတ်ဆန္ဒပြေပျောက်စေရန် အကြိမ်၅၀ဒိုက်ထိုးလေ့ကျင့်ခန်းလုပ်လိုက်သည်။

ရေချိုးပြီးကာစ စိုနေတဲ့ဆံပင်တွေကိုပြောင်အောင်မသုတ်တာလည်းအကျင့်တစ်ခုလိုဖြစ်နေပြီ။over sizeပွပွ အနက်ရောင်တီရှပ်နဲ့ ဒူးတစ်ဖက်ဆီမှာပြဲနေတဲ့ဂျင်းဘောင်းဘီအနက်ကိုတွဲဝတ်ကာ နားတစ်ဖက်မှာလည်း တစ်ပွင့်တည်းသောစိန်နားကပ်တစ်ဖက်ကိုပန်ထားသေးသည်။

ရင်အုပ်ကျယ်ကျယ် အသားရေကဖြူတယ်မဟုတ်ဘူး ညိုတယ်ဆိုရုံလေး သာ ရှိတဲ့သူကဘယ်လိုအဝတ်အစားဝတ်ဝတ် ထင်းနေတတ်သည်။ ၆ပေကျော်အရပ်ကြီးက လှမ်းလိုက်တဲ့ခြေလှမ်းတိုင်း မြန်မာနဲ့ တရုတ်ပဲ လှေကားထစ်တွေကျော်ဆင်းရင်း မနက်စာဝိုင်းဆီဦးတည်ခဲ့တယ်။

I will always be here for you.(Completed)Where stories live. Discover now