Part_14

20K 1.4K 18
                                    

<Unicode>

အန်တီနွယ်တို့ ပြန်ရောက်မည်ပြောတာကြောင့် ရှေးနေ့လည်ကတည်းကနေဆိုင်ကနေပြန်လာကာအိမ်မှာလုပ်စရာရှိတာလုပ်နေလိုက်တယ်။ဟိုလူဆိုးကောင်တော့မမြင်မိပေ ထုံးစံအတိုင်းသူ့ဆိုင်သွားတာနေမှာဘဲ။

အိမ်သန့်ရှင်းရေးတွေကို သင်းသင်းတို့နဲ့အတူကူလုပ်ပြီး နေကောင်းခါစဦးလေးအတွက် ဆိုကာ ခြံထဲကနှင်းဆီပန်းတွေခူးပြီး ဦးလေးတို့အခန်းထဲမှာပန်းအိုးလေးနဲ့ထိုးထားပေးလိုက်တယ်။သိပ်မကြာခင် ဦးလေးတို့ပြန်ရောက်လာကြသည်။ကားပေါ်ကပစ္စည်းတွေကို သင်းသင်းတို့က ယူကာအခန်းတွေထဲသွားထားပေးကြသည်။ရှေးက ဦးလေးကိုတွဲကာ ဧည့်ခန်းမှာထိုင်စေလိုက်တယ်။

"ရှေးလေး ရပါတယ်ကွာ ဦးကသက်သာနေပါပြီ။"

"ဘယ်ဟုတ်မလဲ ဦးရဲ့ဂရုစိုက်ရမှာပေါ့။"

"ရှေးလေး သားလွှမ်းကောဟင်။"

"မတွေ့ဘူး အန်တီနွယ် မနက်ကရှေးဆိုင်သွားမယ့်အချိန်တုန်းကတော့မနှိုးသေးတာနဲ့တူတယ် နေ့လည်ပြန်လာတော့မတွေ့မိဘူး။"

"ဒီကောင်လေးလည်းလေ အိမ်ကိုမကပ်ဘူး။"

သားတော်မောင်ကို ပြန်ရောက်ရောက်ခြင်းမတွေ့ရသေးတာကြောင့်နည်းနည်းတော့စိတ်ဆိုးမိတယ်။နေပါစေအုံးပြန်လာမှတွေ့မယ်။

*******************

"လွှမ်းရာ မင်းကနေနိုင်လိုက်တာကွာ။"

"ဘာလဲလွမ်းနေတာလား။"

"ဟ ကိုယ့်သူငယ်ချင်းတစ်ယောက်လုံးကို ၅နှစ်လောက်မတွေ့ရတော့သတိရတာပေါ့ကွာ။"

"အေးပါကွာ မင်းတို့မင်္ဂလာဆောင်မလာနိုင်လိုက်တာငါ့ကိုခွင့်လွှတ်ပါကွာ။"

"ရပါတယ်ကွာ မင်းကလည်းပြောရမယ့်သူတွေမှမဟုတ်တာ။"

ဟိန်းနဲ့ နှစ်ယောက်သားစကားကောင်းနေကြသည်။ငလင်းကိုတော့ ဆိုင်ရောက်ကတည်းကမတွေ့ဘူး customer ကိုဘီးသွားပေးတယ်တဲ့လေ။
မတွေ့ရတဲ့နှစ်တွေအတွင်းမှာ ဟိန်းတောင်တော်တော်ပြောင်းလဲသွားသလိုဘဲ၊အေးပေါ့လေ အိမ်ထောင်သည်ဖြစ်သွားပြီဘဲကိုး။

I will always be here for you.(Completed)Where stories live. Discover now