Part_6

23.6K 1.3K 29
                                    

<Unicode>

ရှေးကျောင်းတတ်တာ ၁လတောင်ရှိပြီ ယဉ်စတို့နဲ့အတူကျောင်းသွားကျောင်းပြန်ကြတာကြောင့် အရင်ကထက်ပိုရင်းနှီးလာကြတယ်။ယဉ်စကလည်း လွှမ်းတို့အိမ်ကိုအမြဲတစေရောက်ဖြစ်ပေမယ့် လွှမ်းနဲ့တွေ့ရတဲ့နေ့က ၁လုံးမှာ၃ခါပဲရှိခဲ့သည်။အိမ်ပြန်မအိပ်တာနဲ့ မထသေးတာနဲ့ တွေ့တဲ့သုံးကြိမ်မှာလည်း ယဉ်စကိုနှုတ်ဆက်ဖော်တောင်မရဘူး တစ်ကယ့်၁၀စက္ကန့်လေးပဲမြင်ခဲ့ရတာ။

ဒီနေ့ကျောင်းပိတ်ရက်ဖြစ်တာကြောင့် ရှေး အန်တီနွယ်နဲ့ဆိုင်လိုက်သွားမယ်ဆိုပြီး ပြင်ဆင်ထားလိုက်သည်။သူများအိမ်မှာအလကားနေရတာအားနာစရာကောင်းလှပြီလေ၊မနက်စာဝိုင်းမှာအမြဲတမ်းတစ်ယောက်လျော့နေခဲ့တာ သေချာပေါက်လွှမ်းပေါ့ ဘယ်တော့မှအစောမထဘူး ညဘက်ကျရင်လည်းအချိန်မရှိမှပြန်ပြန်လာနဲ့တစ်ကယ့် လူဆိုးကောင်။

"ရှေး ပြီးရင်သွားစို့နော်။"

"ဟုတ် အန်တီနွယ် ရှေးပြီးပြီ။"

ဦးသီဟကိုယ်တိုင်ကားမောင်းကာ ရှေးတို့သုံးယောက်သား တော်ဝင်ပိုးထည်တိုက်ဆီထွက်လာခဲ့လိုက်သည်။ဆိုင်ရောက်တော့ အန်တီနွယ်က ဝန်ထမ်းတွေအားလုံးနဲ့မိတ်ဆက်ပေးတယ် ရှေးကိုသားတစ်ယောက်လိုသဘောထားတဲ့အတွက် ဝန်ထမ်းတွေကိုလည်း အစ်ကိုလေးရှေးဆိုပြီးခေါ်ခိုင်းသေးတာ။

"ကဲ မိအေးရေ ရှေးအတွက်ကော်ဖီတစ်ခွက်ဖျော်ခဲ့ပေးနော်။ "

"ဟုတ်အမေနွယ်။"

မိအေးလည်း အစ်ကိုလေးရှေးအတွက်ကော်ဖီဖျော်ရန်ထွက်လာခဲ့တော့ ကျန်တဲ့သူတွေပါနောက်ကနေလိုက်ခဲ့ကြတယ်။ထုံးစံအတိုင်း ကောင်မလေးတွေက အတင်းတုပ်ကြအုံးမှာလေ...။

"မမအေး အစ်ကိုေလးရှေးကချစ်စရာလေးနော်။"

"အယ် ရွှေစင် ဇာတ်လမ်းကစပြီ။"

"ဟာ!! မမအေးကလည်း မရွှေစင်ပြောတာမှန်တယ်လေ ။ဝါဝါတို့သန်းသန်းတို့ထက် ၂နှစ်ပဲကြီးတာ နုဖက်နေတာဘဲ ကိုယ်တွေကမှအစ်ကိုလေးထက် ရင့်နေကြသေးတာ။"

"ဟဲ့! တော်တော့ လုပ်စရာရှိတာလုပ်။"

"မမအေးကြီးကလည်း ဒါနဲ့အစ်ကိုလေးလွှမ်းနဲ့မတူဘူးနော် ။အစ်ကိုလေးရှေးက သဘောလည်းကောင်းတယ် ပြီးတော့အပြုံးချိုချိုလေးနဲ့နတ်သားလေးကျနေတာဘဲ။"

I will always be here for you.(Completed)Where stories live. Discover now