Part_36

14.8K 762 27
                                    

<Unicode>

ဦးသီဟ မှာ ဒီနေ့စက်ရုံကိစ္စတွေနဲ့ရှုပ်နေတာမို့ မနက်အစောကြီးကတည်းက ကားတစ်စီးနဲ့ထွက်သွားသည်။ဆိုင်သွားဖို့ရာလည်း ရှိနေပြန်တာကြောင့် ဒေါ်တော်ဝင်နွယ်မှာ သားကိုစောင့်နေဖို့မအားပြန်။

"ထွေးမှုံ မမနွယ် သားလွှမ်းကိုမစောင့်တော့ဘူး။ပြန်လာရင် ဆိုသ်ကိုခနလိုက်ခဲ့ပါအုံးလို့"

"ဟုတ် မမနွယ် ပြန်လာရင်ပြောလိုက်ပါ့မယ်။"

"အေးအေး ဒါဆို မမနွယ်သွားပြီနော်"

ဆိုင်မှာလည်း ဖောက်သည်တွေကိုစောင့်မနေစေခြင်တာမို့ ထွေးမှုံကိုမှာခဲ့လိုက်သည်။

"သားလွှမ်း ပြန်လာပြီလား "

"ဟုတ် ကြီးကြီးမှုံ"

"သား ရယ်နားနားနေနေလေးနေပြီးမှရှာပါလားကွယ်။ သားလည်းပင်ပန်းနေရောပေါ့"

"ရပါတယ်သားရယ် တော်ကြာ ကလေးနဲ့ပြန်တွေ့ခဲ့ရင် သူ့ကိုလိုက်မရှာရကောင်းလားဆိုပြီး ကျွန်တော့်ကို စိတ်ဆိုးနေပါအုံးမယ်"

"အေးပါကွယ် ဒါနဲ့သားလွှမ်း မမနွယ်က ဆိုင်လာခဲ့အုံးတဲ့"

"ဟုတ်ကြီးကြီးမှုံ ကျွန်တော်သွားလိုက်ပါ့မယ်"

ဟင်း!ဒီကလေးနှစ်ယောက်နဲ့တော့ ခက်သားကွယ်။တစ်ယောက်နဲ့တစ်ယောက်ချစ်နေကြရက်နဲ့ ဘာကြောင့်များ ခုလိုခံစားနေရကြတာလဲ။ငါ့သားတို့အချစ်စစ်ခဲ့ရင် ရေစက်မကုန်သေးပါဘူးကွယ်။

...................................................

"ပန်းတွေက လှလိုက်တာ"

"ဟုတ်ပသုတရယ် လှလွန်းလို့ ဘယ်ဟာရွေးရမလဲကိုမသိဘူး"

"အစ်မရှင်း ဒီညနေပွဲမှာ သုံးမှာက နှင်းဆီတစ်မျိုးတည်းလား"

"မဟုတ်ဘူး သုတ နှင်းဆီရယ် အဖြူရောင်လီလီရယ် စင်ပေါ်ကစားပွဲအတွက် သစ်ခွကိုအခတ်ရေများများသုံးခြင်တယ်"

"ဒီမှာ ပန်းတွေကနည်းတယ်ထင်တယ်နော် အစ်မရှင်း"

သုတတို့ ဒေါက်တာတွေ မနေ့ကတည်းကပြင်ဦးလွှင်ရောက်နေခြင်းပင်။ဘာကြောင့်ဆို ဒီမှာ ဆေးရုံခွဲတစ်ခုထပ်ဖွင့်တာကြောင့် ဒီညနေဟာ ဖွင့်ပွဲပေ။မနက်၅နာရီထိုးကြီးထပြီး ပန်းတွေကို အစ်မရှင်းရယ် ညီသစ်တို့မောင်နှမရယ် သုတရယ်က တာဝန်ယူပြီးလာဝယ်ကြခြင်းပင်။

I will always be here for you.(Completed)Tahanan ng mga kuwento. Tumuklas ngayon