Part_23

16.1K 868 7
                                    

<Unicode>


လင်း တောင်ဆေးရုံပေါ်မှာ၁ပါတ်ရှိသွားပြီ။စိတ်ချရတဲ့အနေအထားမှာမို့ လင်းအနားမှာ special nurseငှားထားပြီး ၂၄နာရီစောင့်ကြည့်ခိုင်းထားသည်။ ဒါပေမယ့် အလှည့်ကြဆီရောက်လာနေစမြဲမို့ လင်းအတွက်လည်းအားကိုးရသည်လေ။

"အစ်ကို ကျွန်မကိုဆေးရုံအုပ်ကြီးက ခေါ်ထားလို့ခနသွားလိုက်အုံးမယ်နော်"

"ဪ ဟုတ်ပြီ သွားပါဗျ ကျွန်တော့်ကိုမပူနဲ့ရပါတယ်"

"ဟုတ်ကဲ့ရှင့် ကျေးဇူးပါ"

Nurseမလေး ကလင်းအားနှုတ်ဆက်ပြီးအခန်းထဲကနေထွက်သွားသည်။ဘာရယ်မဟုတ်ပေမယ့် သူစိမ်းမိန်းကလေးတစ်ယောက်က ကိုယ့်အနားမှာအချိန်ပြည့်ရှိနေတော့လည်း လင်းအတွက်အနေခက်စေသည်။
လေပူတွေတစ်ချက်ထုတ်လွှတ်ပြီး ကုတင်ကိုမှီကာ အပျင်းပြေစေဖို့ ရှေးခေတ်ပေးခဲ့တဲ့ စာအုပ်တွေကိုဖတ်ကြည့်နေလိုက်သည်။

ဘုရားတရားသမားလေးဆိုတော့ ပေးခဲ့တဲ့စာအုပ်တွေက ဘာသာရေးတရားတွေဆိုတာ မလွှဲဧကန်ပင်။တစ်သက်နဲ့တစ်ကိုယ် ဒါမျိုးတွေမဖတ်ဖူးတဲ့သူမို့ ပျင်းနေပေမယ့်လည်း ဆက်ဖတ်နေလိုက်သည်။

"ဒေါက်!ဒေါက်!"

အခန်းတံခါးခေါက်သံကြောင့် ဘယ်သူလဲဆိုကာ ဝင်လာမယ့်ဘက်ကိုလှမ်းကြည့်မိလိုက်သည်။
ပထမဆုံးမြင်လိုက်ရတာ ကတ္တီပါဖိနပ်အနက်ရောင်လေးနဲ့ ခြေဖမိုးဖြူဖြူလေး။

"နှိုးနေတာလား"

"ဟမ်"

အသံချိုချိုလေးနဲ့ အပြုံးချိုချိုလေးက ဒေါက်တာလေးတစ်ယောက်တဲ့လား။ အလယ်ကွဲဆံပင်လေးကို သေချာပုံသွင်းထားပြီး ဝတ်ထားတဲ့ ရှပ်အင်္ကျီနက်ပြာလေးရယ် ပုဆိုးကွက်စိပ်အနက်ရောက်လေးရယ်နဲ့က အပေါ်ကထပ်ဝတ်ထားရဲ့ ဂျူတီကုတ်အဖြူရောင်လေးကသိပ်လိုက်ဖတ်လှသည်။

မြင်လိုက်တာနဲ့ ဥပတိရုပ်သန့်နေကာ မနောဖြူတဲ့ဒေါက်တာတစ်ယောက်ဆိုတာ ပြုံးနေတဲ့အပြုံးလေးကသက်သေပင်ဖြစ်သည်။ကိုယ့်ထက်ငယ့်မယ့်ပုံလေးပေမယ့် ဝတ်စားထားတာလေးက သိပ်ကိုကျက်သရေရှိလှသည်မို့ လင်း မှာ သူရှေ့ကဒေါက်တာလေးကို အချိန်ကြာတဲ့ထိငေးကြည့်မိနေသည်။

I will always be here for you.(Completed)Tempat cerita menjadi hidup. Temukan sekarang