Part 61

1.8K 23 6
                                    

Unicode

အသွန်းက သူရိန်လင်းက ထိုနေ့ကတည်းက ငြင်းလိုက်ပေမဲ့ အသွန်းတို့မိတ်ဆွေအနေနဲ့ဖုန်းပြောလေ့ရှိသည်...တစ်ခါတစ်လေအလုပ်လာကြိုသည်...
သွန်းက သူအခုလိုလုပ်နေတာတွေမကြိုက်ပေမဲ့ မေမေ မျက်နှာကြောင့်အလိုက်သင့်နေနေရသည်...

ကိုကိုနဲ့companyတွင်နေ့တိုင်းတွေ့ဖြစ်သည်..ကိုကိုကအရင်က ကိုကိုနဲ့လုံးဝမတူဘဲပြောင်းလဲသွားသည်...စိတ်ဆိုး ဒေါသထွက်လွယ်သည်...အေးတိအေးစက်နိုင်သည်...အရင်ကဆေးလိပ်မသောက်တတ်တဲ့ကိုကိုက အခုဆိုသူ့ရုံးခန်းထဲတွင် အမြဲလိုလိုဆေးလိပ်လက်ကြားညက်လျက်....
အသွန်းနဲ့ကိုကိုလည်း စကားပြောဖူးတာဆိုလို့ ဓာတ်လှေကားစီးတုန်းကဘဲပြောဖူးခဲ့သည်...
အသွန်း အမှန်တိုင်းဝန်ခံရရင် ကိုကို့ကို ပြန်လိုချင်သည်...အသွန်းအစကတည်းက ကိုကိုကိုမမေ့နိုင်
အခုလိုကိုကိုမမှားမှန်းသိတော့ပို့လိုမမေ့နိုင်...ကိုကိုသွန်းကိုစိတ်နာနေတာလားလို့လဲနေ့တိုင်းတွေးမိသည်..
ကိုကိုက တစ်ခြားဝန်ထမ်းတွေထက်အသွန်းအပေါ် ပိုပြီး အေးစက်စက်နိုင်သည်....

အသွန်း တို့သူငယ်ချင်းတွေလည်း အလုပ် ပိတ်ရက်မှ နားကြရသည်....ထိုအားလပ်ရက်များမှသာ လျှောက်လည်ကြသည် တစ်ခါတစ်လေဆို သူတို့ကအတွဲကိုယ်စီနဲ့မို့အသွန်းတစ်ယောက်ထဲကျန်ခဲ့သည်
ဒီနေ့ပိတ်ရက်လည်း မယ်မင်းကြီးမတွေက အုပ်စုလိုက်ထွက်သွားကြသည်...အသွန်းကတော့ တစ်ယောက်ထဲသာနေခဲ့သည်.....
ညနေစောင်းလောက်အထိသူတို့မပြန်လာသေး..

အယွန်း'''ဟယ်လို အသွန်းငါတို့လမ်းမှာကားပျက်သွားလို့ဟ အဲကိုရောက်ဖို့ကလည်းအဝေးလိုသေးတယ်...
အသွန်း '''ဟုတ်လားနင်တို့ဘယ်လိုလုပ်ကြမလဲ မိုးချုပ်တော့မယ်နော်..
အယွန်း'''ငါတို့ဒီနားက ရွာလူကြီးအိမ်တောင်ရောက်နေပြီဟ ဒီမှာ တစ်ညအိပ်ပြီး မနက်မှ ထပြန်လာမလို့...ကားကတော့ ဒီမှာဝပ်လျှော့ရှိတယ်ဟ အပ်ထားတယ်... ငါတို့က အဆင်ပြေတယ် နင်တစ်ယောက်ထဲအိပ်ရမှာအဆင်ပြေလား..
အသွန်း '''ဘာများလဲလို့ ငါကအဆင်ပြေတယ်နင်တို့အဆင်ပြေရင်ရပြီ...နေတာဘဲကြာနေပြီ ငါမကြောက်ပါဘူး...

You've reached the end of published parts.

⏰ Last updated: May 19, 2022 ⏰

Add this story to your Library to get notified about new parts!

Clinging Love💛💛 Unicode+Zawgyi Where stories live. Discover now