Part 40

517 20 4
                                    

Unicode

မင်းမဟာ'''အစောကြီးရှိသေးတယ်အိပ်ဦးလေ...
အသွန်း'''ဟင့်အင်းမအိပ်ချင်တော့ဘူး...
အသွန်းထထိုင်လိုက်သော်လည်းနောက်မှပြန်ဆွဲချခံရတော့သည်....
အသွန်း''''ကိုကိုအသွန်းထတော့မယ်လို့အဆောင်ပြန်ရဦးမယ်....ပြီးတော့အခုချိန်အသွန်းကိုသူငယ်ချင်းတွေအတင်းတုပ်နေလောက်တယ်...
မင်းမဟာ ''''ဘာဖြစ်လဲကွာကိုကသွန်းချစ်သူဘဲ...
အဆောင်ကိစ္စကတော့မပူနဲ့ကိုရှင်းလိုက်မယ်...
အသွန်း''''ကိုကိုစကားကြည့်ပြောနော်...အသွန်းတို့ကလက်မထပ်ရသေးဘူး...အသွန်းဒီလိုနေနေတာမေမေနဲ့ကိုကိုသိရင်သွန်းအသက်ပျောက်လိုက်မယ်....
မင်းမဟာ ရယ်ကာ...ဒါဆိုကိုတို့အခုဘဲလက်ထပ်ကြမယ်....
အသွန်း'''အရူးလို့ပြောကာအသွန်းရေချိုးခန်းထဲဝင်လာတော့သည်...
အသွန်းမျက်နှာသစ်ပြီးထွက်လာတော့သူမရှိတော့.......အသွန်းအပြင်ထွက်ကြည့်တော့မီးဖိုထဲကအေပရွန်နဲ့သူ...ကိုကိုကဘယ်အချိန်ကြည့်ကြည့်ချောနေဆဲပင်....အသွန်းအခန်းတံခါးကိုမှီပြီးသတိလက်လွတ်ကြည့်မိသွားသည်.....
မင်းမဟာ'''ကိုကအဲလောက်တောင်ကြည့်လို့ကောင်းတာလား...
သူပြောလာမှအသွန်းလန့်သွားကာသတိဝင်လာသည်.....သူကတော့အသွန်းထိုသို့ဖြစ်ပုံကိုရယ်နေလေသည်....
အသွန်းမီးဖိုချောင်ဆီသွားကာ....ကိုကိုကဟင်းချက်တတ်တယ်ပေါ့.....
မင်းမဟာ '''နည်းနည်းပါးပါး''''
အသွန်း''''သွန်းဘာကူညီပေးရမလဲ....
မင်းမဟာ''''အသွန်းကူညီပေးမှာသေချာလား...
အသွန်း''''အွန်းလေ....ထို့နောက်မင်းမဟာကအသွန်းကိုမီးဖိုနံရံနှင့်ကပ်ကာနမ်းတော့သည်.....အသွန်းအမြဲသူ့အနမ်းတွေကိုမရှောင်နိုင်ပါ....အမြဲတမ်းလက်ခံမိသည်....အခုလည်းထိုသို့ပင်......သူလွတ်ပေးလာပြီး....ကို့ကိုအခုလိုလေးကူညီပေးပြောကာအသွန်းလက်မောင်းအောက်ကလျှိုဝင်၍မကာမီးဖိုနဲ့ဆက်ထားတဲ့ကြောင်အိမ်ပေါ်တင်လိုက်သည်...အသွန်းကထိုအခါမှသူနဲ့တစ်တန်းထဲဖြစ်သွားသည်...သူကအသွန်းကိုဆက်၍နမ်းလေတော့သည်......အချိန်တော်ကြာထိသူကမလွတ်ပေးသေး....
အသွန်းသူ့ရင်ဘတ်ကိုတွန်းမှ...သူလွတ်ပေးလာတော့...ကိုကိုသွန်းဗိုက်ဆာနေပြီ....နှုတ်ခမ်းလေး ဆူကာပြောလာသောသူမကြောင့်မင်းမဟာသူမလေးကိုအောက်ပြန်ချပေးကာ....ဒါဆိုဧည့်ခန်းမှာသွားစောင့်နေလို့ပြောလိုက်သည်....

Clinging Love💛💛 Unicode+Zawgyi Where stories live. Discover now