part 54

435 22 2
                                    

Unicode

မင်းမဟာမနက်၆နာရီတည်းကနိုးနေသည် သမလေးကိုကြည့်တော့အိပ်မောကျနေသည်... မင်းမဟာကြည့်ပြီးပြုံးလိုက်ကာ..လူဆိုးမလေးရေရွတ်လိုရ်သည်...ညတုန်းကသူ့ရင်ခွင်မှာအိပ်နေတဲ့ကောင်မလေးကအခုကျတော့သူ့ပေါ်ခြေလက်ပစ်တင်ကာအိပ်မောကျနေလေရဲ့......မင်းမဟာသူမ မနိုးအောင်ညင်ညင်သာသာထလိုက်သည်...မျက်နှာသစ်ပြီး မီးဖိုချောင်ထဲဝင်ကာမနက်စာပြင်ဆင်သည်....
ဒီး.. ဒီး..ဒီးထမင်းစားပွဲပေါ်ကမီလာတဲ့ဖုန်းသံကြောင့် မင်းမဟာသွားပြီးဖုန်းကိုင်လိုက်သည်....
ရှင်းသန့် '''ဟယ်လို သခင်ကြီးကျနော်တို့မနေ့ညကဘဲပြန်ရောက်ပါတယ်..ညကသခင်ကြီးအိပ်ရေးပျက်မှာဆိုးလို့..စကားမဆုံးသေး..
မင်းမဟာ '''အင်း ဒီနေ့companyလာခဲ့..ဖတြ်ပြောလိုက်သည်..
ရှင်းသန့်'''ဘာ ဘယ်လို မင်းငါတို့ကိုနှောက်နေတာလား မင်းအတွက်အလုပ်ကိစ္စတစ်လလောက်ခရီးထွက်ပေးရတာကို...နားလိုက်ဦးဘာညာမပြောဘဲချက်ချင်းcompanyလာခိုင်းရလား...ငါ ဘုန်းမြတ်နိုးလာရင်ပြောပြမှာမင်းငါ့တို့အပေါ်ရက်စက်ပုံကို...
မင်းမဟာ '''သဘော..ငါအခုမနက်စာပြင်နေတာကွာ စကားလာမများနဲ့...
ရှင်းသန့် '''ဘာလို့လဲ မင်းအပြင်မှာစားတာမလား...မင်း သွန်း...စကားမဆုံးသေးဖုန်းချသွားခဲ့သည်....ရှင်းသန့်ကတော့ကြောင်အအကျန်ရစ်...မင်းမဟာ မနက်စာပြင်ပြီးလို့ ရေချိုး ပြင်ဆင်ပြီးတာတောင်သူမလေးကမထသေး...မင်းမဟာသူမလေးဆီကပ်လာကာ...သူမနှာခေါင်းလေးကိုလက်ညိုးဖြင့်တို့လိုက်ပြီး သူမမျက်နှာပေါ်လေမှုတ်လိုက်သည်...
သွန်းမျက်နှာပေါ်အထိအတွေ့ကြောင့်သွန်းနိုးလာသည်...သွန်းမျက်စိဖွင့်ကြည့်လိုက်တော့...ခါတိုင်းလိုဝတ်စုံအပြည့်မဟုတ်ပေမဲ့ ဆွယ်တာခဲရောင်လယ်ပိတ်ဝတ်ပြီးစတိုင်ပန်အနက်ဖြင့်...မနက်အ်ပ်ရာထ ထခြင်းဒီပုံစံလေးကိုမြင်လိုက်ရတဲ့အသွန်းကတော့ငေးနေတာပေါ့ နတ်သားတစ်ပါးမြင်နေရသလို.....
မင်းမဟာ '''ဒီနေ့companyသွားချင်ရဲ့လား ကို့ကိုအခုလိုမျိုးဘဲကြည့်နေချင်တာမလား...
ထိုအခုမှအသွန်းသတိဝင်လာပြီး..ရှက်ကိုး ရှက်ကန်းဖြင့်ဘယ်နှစ်နာရီလည်းမေးလိုက်သည်...
မင်းမဟာ '''၈နာရီ..
အသွန်း'''အွန်းလို့ပြောပြီးမှ ဘယ်လို8 နာရီ...သွားပါပြီ.. အသွန်းပြာကြီးပြာရာရေချိုးခန်းထဲဝင်သွားခဲ့သည်...ထိုပုံစံလေးကိုကြည့်ကာမင်းမဟာရယ်တော့သည်...သွန်းမြန်မြန်ပြန်ထွက်လာကာ...
သွန်း'''ကိုကိုသွန်းကို ကွန်ဒိုလိုက်ပို့ပေးဦးသွန်းအဝတ်မလဲရသေးဘူး...
မင်းမဟာ '''မလိုဘူး ကိုကိုမှာထားပြီးပြီ အခုမနက်စာစားရအောင်...
အသွန်း'''ကိုကိုကလည်းမနက်စာဘယ်လိုစားချိန်ရှိမှာလဲနောက်ကျနေပြီ.....
မင်းမဟာ မျက်ခုံးတို့တွန့်ကွေးကာ...အခုမနက်စာစားလိုက်ပြောလိုက်သည်...
သွန်းလည်းထိုအခါမှ ကို့ကိုပြာယာခတ်နေတာသတိရသွားပြီးမနက်စာစားရတော့သည်....
သွန်းတို့ကို့ကိုကွန်ဒိုကထွက်လာတော့နံနက်၉နာရီရှိပြီဖြစ်ကာ..သွန်းကတော့ကျောချမ်းမိသည်...companyမရောက်ခင်ကို့ကိုကားပေါ်ကဆင်းပြီးမာရသွန်ပြေးရတော့သည်....
မင်းမဟာ သူမလေးဆင်းပြေးသွားတာကိုသာကြည့်နေခဲ့ရသည်...ဘာလို့ဆိုခေါင်းမာတတ်တဲ့သူမလေးကိုသူမနိုင်....
အသွန်းဒီနေ့လည်း ဆူခံထိပြီးအပြစ်အနေနဲ့ နေ့လည်ထမင်းစာစားချိန်မနားရဘူးတဲ့😢😢သူရ'''ဟနင်ဒီနေ့ဘာလို့နောက်ကျတာလဲ ငါနင်နဲ့အတူလုပ်ကူမှာမို့အားမငယ်နဲ့...
အသွန်း'''အားငယ်စရာလားဟယ်သွန်းတို့ကမဖြုံဘူး...အလုပ်တွေကိုသူရလည်းကူတာကြောင့်နေ့လည်စာစားချိန်အမှီပြီးသွားသည်...အသွန်းနဲ့သူရနေ့လည်စာစားဖို့ company ကန်တင်းလာကြသည်....အသွန်းတို့နေရာအစဥ်အလိုက်တန်းစီနေပေမဲ့ မထက်နဲ့ရွန်းလဲ့တို့ကအသွန်းတို့ရှေ့ခပ်တည်တည်ဝင်စီကြသည် သူရကပြောရန်ပါးစပ်ပြင်တော့အသွန်းကတားလိုက်သည်...
အသွန်းတို့လည်းရှေ့ရောက်တော့ရှေ့ကလူတွေအကုန်ယူသွားပြီဖြစ်တာကြောင့်အသွန်းတို့အတွက်အရွက်ကြောက်များသာကျန်တော့သည်...အသွန်းဘာမှမပြောဘဲထည့်ခဲ့သည်....

Clinging Love💛💛 Unicode+Zawgyi Donde viven las historias. Descúbrelo ahora