Part 37

443 24 0
                                    

Unicode

ထိုလူကအသွန်းတို့ကိုတစ်ချက်ကြည့်ပြီးအကြည့်လွှဲကာ...သူတို့ကိုငါ့ရုံးခန်းပို့လိုက်ဟုပြောကာထွက်သွားလေသည်....အသွန်းတို့လည်းမငြင်းသာတော့ထိုလူရုံးခန်းထဲသွားရတော့သည်....ရုံးခန်းထဲအသွန်းတို့ဝင်သွားတော့ထိုလူက ကျောပေူရပ်နေသည်...သူ့ပုံစံကbossနဲ့လုံးဝမတူ ပေါ့ပါးတဲ့လူငယ်တယောက်လိုဝတ်စားထားတာကြောင့်ဖြစ်မည်ထင်သည်....ထိုလူကနောက်လှည့်လာပြီး...မင်းတို့ထိုင်ပါဟုပြောကာဆိုဖာခုံတွေထားတဲ့ဖက်ကိုလက်ပြသည်....သူပြောပြီးတာနဲ့ ဝင်ထိုင်ကြသောလင်းလက်တို့.....အသွန်းလည်းဝင်ထိုင်လိုက်သည်...ထိုလူကလည်းရောက်လာပြထိုင်လေသည်.....
ရှိုင်း'''မင်းတို့အသက်မပြည့်သေးဘဲဘာလို့clubတက်လာကြတာလဲဒါမင်းတို့အတွက် အန္တရယ် များတယ်ကွ

အယွန်း'''ကျမတို့ကသူငယ်ချင်းတွေပျော်ချင်လို့လာတာပါဒီလာပြီးသောက်စားမူးရူးနေတာလည်းမဟုတ်ဘူး....အသွန်းကငြိမ်နေပေမဲ့အယွန်းစကားကိုရှုမဝနဲ့လင်းလက်ကထောက်ခံလေသည်...

ရှိုင်း'''ကောင်းပြီလေဒီတစ်ခါလွှတ်ပေးလိုက်မယ်နောက်တစ်ခါဆိုတာတော့မရှိတော့ဘူး.....
လင်းလက် ''''ဘာလို့လဲ အကိုကလည်းညီမတို့ကိုအကိုclubတက်ခွင့်ပြုပါလားဒါဆိုတစ်ခြားclubသွားစရာမလိုတော့ဘူးလေအကိုclubကပိုလုံခြုံပါတယ်....
အယွန်း''''ဟုတ်တယ်အကိုနဲ့အယွန်းတို့ကသိတဲ့သူတွေပါမျက်နှာစိမ်းမှ မဟုတ်ဘဲ.....

ရှိုင်း'''ဒါဆိုမင်းတို့ကငါclubမတက်ရရင်တစ်ခြားclubသွားတက်မယ်ဆိုတဲ့သဘောပေါ့....

အွန်းလေ...အသွန်းမှလွှဲ၍ကျန်သုံးယောက်လုံးတစ်ပြိုင်ထဲထွက်လာသည်....
ရှိုင်း...မနိုင်ပါဘူး ပုံစံဖြင့်မျက်ခုံးပင့်ပြလိုက်ပြီး...
မင်းတို့ငါclubတက်လို့ရပါတယ်အချိန်ကတော့11မကျော်ရဘူး....မဟုတ်ရင်ငါမျက်နှာမထောက်တော့ဘူးနော်...

ရှုမဝ'''''ဒါကတော့စိတ်ချပါနော်....အကိုကရုပ်ချောသလောက်စိတ်သဘောထားပြည့်ဝတယ်ပြောကာ ဖားရတော့သည် မဟုတ်ရင်ဒီညမိန်းကလေးတွေတန်မဲ့အချုပ်ခန်းအိပ်ရမလားမသိဘူး....တွေးရင်းကြက်သီးပင်ဖျန်းမိသည်...
အသွန်းကတော့ဘာတစ်လုံးမျှဝင်မပြောဘဲငြိမ်နေခဲ့သည်...အသွန်းတို့ဆွေးနွေးပြီးပြန်ထွက်မယ်လုပ်တော့....
မြတ်သွန်းခြယ် ထိုလူကအသွန်းနာမည်ခေါ်ခဲ့သည်...ထိုလူက ကျန်တဲ့လူတွေကိုကြည့်လိုက်တော့...အယွန်းတို့ကအပြင်မှာစောင့်မယ်ဟုမျက်ရိပ်ပြကာထွက်သွားကြသည်...အခန်းကငြိမ်ကျသွားလေသည်....ထိုလူကအသွန်းဆီလျှောက်လာပြီး....
ရှိုင်း''''ကို မင်းနဲ့ပြန်တွေ့ရလိုဝမ်းသာပါတယ်ဟုပြောကာသူ့လက်ထုတ်ပေးလာသည်...
အသွန်းကတော့ ဟုတ်ကဲ့ဟုပြောပြီးယဲ့ယဲ့လေးပြုံးပြလိုက်သည်...
အသွန်းကသူ့လက်ကိုမကိုင်တာသိတော့ထိုသူကတစ်ချက်ပြုံးကာလက်ပြန်သိမ်းလိုက်သည်...
အသွန်း'''ကျမကိုသွားခွင့်ပြုပါဟုပြောကာထွက်လာသည်....

Clinging Love💛💛 Unicode+Zawgyi Where stories live. Discover now