Part 47

433 22 0
                                    

Unicode

မနက်ရောက်တော့ အသွန်းတို့ပြင်ဆင်ပြီး ...အသွန်းတို့နဲ့အတူကွန်ဒိုအောက်ဆင်းလာခဲ့သည်
အောက်ရောက်တော့ ...တီရှပ်အမဲကိုဝတ်ဆင်ထားပြီးလက်ခေါက်တင်ထားကာစတိုင်ပန်အမဲဝတ်ဆင်ကာ ကားကိုမှီရပ်နေတဲ့ကိုကို...ကို့ကိုပုံစံကမြင်သူတိုင်းရင်ထိတ်စေသည်...အမဲရောင်ဝတ်ဆင်ထားတဲ့ကိုကိုက မိန်းကလေးများအရှုံးပေးရလောက်အောင် အသားဖြူကာသွေးကြောစိမ်းလေးပါမြင်နေရသည်...အသွန်းကကို့ကိုဆီကိုတည်တည်ငြိမ်ငြိမ်သာလျှောက်လာခဲ့သည်......
လင်းလက်'''ကမတွေငါတို့စောင့်နေမယ်နော် ဟိုရောက်ရင်လည်းဖုန်းဆက်ဦး....
အသွန်း'''အွန်းဟုဆိုကာခေါင်းညိမ့်ပြသည်...
အယွန်း'''အေးပါဟယ်နင်တို့ကလည်းသွားတောင်မသွားရသေးဘူး.....
ရှုမဝ'''အသွန်း နင်ငါ့အတွက်မုန့်ဝယ်လာ....
မင်းခန့်'''စီနီယာစောင့်နေပြီ နင်တို့သွားကြတော့...
အသွန်းတို့လည်းကားပေါ်တက်ပြီးကွန်ဒိုကနေထွက်ခွာလာတာအခုဆို ကားဂိတ်ဆီဦးတည်လာပါသည်......အယွန်းက ကားနောက်ခန်းတွင်ထိုင်ကာ.....
အယွန်း ''''အသွန်းငါတို့မြို့ကိုပြန်ရောက်ရင်...ပန်ပန်ဖွင့်ထားတဲ့devil clubသွားရအောင် သူကငါတို့ကိုခေါ်နေတာ.....
အလိုက်ကန်းဆိုးမသိစွာပြောနေတဲ့အယွန်းကြောင့်အသွန်းအသက်ရှူပင်ကြပ်လာရသည်......အသွန်းက ကားစတီခုံကနေခေါင်းနောက်လှည့်ကာလက်ညိုးကိုပါးစပ်တွင်ကပ်ပြပြီး တိတ်တိတ်နေဆိုသည့်အမူအရာလုပ်ပြရသည်...ဒီဖက်လှည့်ပြီးကိုကို ကို့ကြည့်တော့ ကိုကိုက တည်တည်ငြိမ်ငြိမ်ပင်....ထိုအခါမှနေသာရုံရှိသေး.....
မင်းမဟာ ''''သွန်းက clubတက်ရတာကြိုက်လား....အသွန်းကိုကိုမေးလာတာကိုမဖြေခင်ဘဲ အယွန်းကအကောင်းမေးသည်အထင်နှင့်ဝင်ပြောသည်...
အယွန်း'''ကြိုက်တာပေါ့ စီနီယာ...ခုနားကပြောတဲ့ပန်ပန်လေ အသွန်းတို့မူလတန်းကတည်းကသူငယ်ချင်း...အထက်တန်းရောက်မှသူတခြားပြောင်းသွားပြီးအခုမှမြို့မှာအခြေပြန်လာချပြီးminiclubလေးဖွင့်ထားတာ....အယွန်းတို့၃ယောက်ဆိုclubမတက်ရလို့ သူ့အိမ်မှာDjနဲ့ ကကြတာ...အသွန်းကDj တတ်တယ်သိလား....သူmissတာတွေမိုက်လို့ ပန်ပန်BDတုန်းကသူ့အကိုclubမှာ အသွန်းDj artလုပ်ပေးတာလေ....
သူပြောချင်တာမှန်သမျှအတိုးချပြီးပြောနေသလားထင်ရအောင်မရပ်မနားပြောသွားတဲ့အယွန်းကို အသွန်းဘယ်လောက် မျက်နှာရိပ်လုပ်ပြသော်လည်းသူမမြင်တော့ပေါ့....
ကိုကိုကလည်းခ လေးတယောက်စာဆိုနေတဲ့ကို နားထောင်နေသလိုပင်......... ထိုသို့နှင့်အသွန်းတို့ကားဂိတ်ရောက်လာခဲ့သည်.....
ကားဂိတ်ရောက်မှအလိုက်သိစွာကားပေါ်အရင်တတ်သွားတဲ့အယွန်းမ....အယွန်းကားပေါ်တက်သွားသည်နှင့်....
အသွန်းကမလုံမလဲစွာနဲ့ပင်...
အသွန်း'''ကိုကိုသွန်းတို့နောက်တပတ်မှပြန်တွေ့ကြမယ်နော်...
မင်းမဟာ '''အခြေအနေအရလေ သွန်းကကိုကို ကွယ်ရာမှမဟုတ်တာလုပ်နေရင်တော့ ကိုကချက်ချင်းလာခေါ်မှာ....
အသွန်း'''ကိုကိုကလည်း အယွန်းကဒီတိုင်းပြောလိုက်တာကိုပြီးတော့အဲတာကကြာနေပြီလေ...
မင်းမဟာ '''ကောင်းပြီလေ ကိုစောင့်ကြည့်နေမယ် ဟိုရောက်ရင်ဖုန်းဆက်...ကိုကဒီနေ့အစည်းအဝေးရှိနေလို့ မဟုတ်ရင်ကိုသွန်းနဲ့Bမြို့ကိုလိုက်ခဲ့တယ်....
အသွန်း'''ကိုကလည်းသွန်းကပြန်လာမှာကို အလုပ်ကိုဘဲအာရုံစိုက်နော်ဟုဆိုကာကိုကို့ ကိုဖက်လိုက်သည်...ကိုကိုအသွန်းကိုပြန်ဖက်ကာ...
မင်းမဟာ '''အချွဲမလေး အခုလိုပုံစံနဲ့ဆိုကိုအစည်းအဝေးဖြတ်လိုက်ရမလား...
အသွန်း'''တော်ပါနော်...ကားထွက်တော့မယ် သွန်းသွားပြီဟုပြောကာသွန်းကားပေါ်တက်လာတော့သည်.....ကိုကိုကလည်းကားထွက်သွားတော့မှပြန်သွားခဲ့သည်....
သွန်းကားပေါ်ရောက်တော့အလိုက်မသိတဲ့အယွန်းကို ပေါက်ပေါက်ဖောက်လိုက်သည်..........

Clinging Love💛💛 Unicode+Zawgyi Where stories live. Discover now