Part 58

543 17 4
                                    

Unicode

အသွန်းတစ်ယောက်ကို့ကိုရုံးခန်းခန်းတွင်သာနေနေရသည် ကိုကိုကဘာမှလည်းမခိုင်းစာရင်းစစ်ကူရုံလောက်သာ...မထက်တို့ကတော့သွန်းအပေါ်အခုထိအမြင်မကြည်ပါ..... သွန်းကသူတို့ကိုလည်းသိပ်ဂရုစိုက်မနေပါ......

နေ့လည်စာစားချိန်ရောက်တော့ ကိုကို့ဆီမှmassageဝင်လာသည်... ''နေလည်စာစားနှင့်နော်ကို့ကိုမစောင့်နဲ့တော့..ကိုအလုပ်ကိစ္စရှိသေးလို့'' အသွန်းလည်းok စတေကာလေးပြန်ပို့ကာ နေ့လည်စာစားရန် ကန်တင်းဆီလာခဲ့သည်...အသွန်းအလုပ်လုပ်တာလည်းကြာနေပြီဖြစ်၍ဝန်ထမ်းအားလုံးနဲ့အဆင်ပြေသည် အသွန်းကိုကြည့်မရတဲ့သူတွေမှလွှဲလို့ပေါ့......အသွန်းနေ့လည်စာကိုဝန်ထမ်းတချို့နဲ့ဘဲစားလိုက်တယ်...အသွန်းရုံးခန်းထဲပြန်ရောက်လို့ဖင်တောင်မထိုင်ရသေး... ဘယ်သူမှန်းမသိအသွန်းကိုမက်ဆေ့နဲ့ပုံအချို့ပို့လာပြန်သည်.....ကိုကိုနဲ့အမရာရဲ့ပုံတွေပေါ့ လက်ချိတ်ပြီးတွဲသွားနေတဲ့ပုံတွေ စားသောက်ဆိုင်မှာတူတူစားသောက်ပြုံးရွှင်နေတဲ့ပုံတွေပေါ့...''မင်းကတော့အပျော်မယ်လေးဘဲ''ဆိုတဲ့စာကလည်းပါသေးသည်....အသွန်းဒေါသလည်းထွက်မနေတော့ပါ ကိုကိုနဲ့ပတ်သက်ပြီးအမြဲဒီလိုတွေပို့နေကြဆိုတော့...ဒါပေမဲ့အရင်ကဆိုကိုကိုက သူဘယ်သွားမယ်ဘာလုပ်မယ်ဆိုတာပြောပြနေကြ..နေ့လည်ကဒီတိုင်းဘဲဘာမှပြောမသွားခဲ့....အသွန်းကိုကို့ကိုယုံသည်ကိုကိုအဲလိုလူစားမျိုးမှမဟုတ်တာ....အသွန်းတွေးရင်းပြုံးလိုက်သည်...

ဒီနေ့ဆိုအသွန်းကို့ကိုဆီမှာအလုပ်ဝင်တာ၂လကေျာ်ပြီ ဘာလိုလိုနဲ့သွန်းတို့ကျောင်းလည်းပြန်ဖွင့်တော့မည်...ကိုကိုဆီမှာသာအလုပ်လုပ်နေနေတာ ကိုကိုနဲ့၁နာရီပြည့်အောင်မတွေ့ရသေး..ကိုကိုအလုပ်အရမ်းများသည် အခုဘဲဧည့်သည်တွေနဲ့သွားတွေ့..အခုဘဲအစည်းအဝေးလုပ်ဖြင့်အလုပ်ရှုပ်နေသည်....အမှန်တိုင်းဆိုရလျှင်သွန်းအခုတလောအတော်အထီးကျန်ရသည်...ကိုကိုအလုပ်များနေလို့ဆိုပေမဲ့ ကိုကိုအသွန်းအတွက်အချိန်လည်းမပေးတော့သလိုသိပ်လည်းဂရုမစိုက်တော့....ဒါပေမဲ့ ကိုကိုအမရာနဲ့သွားလာနေတဲ့ပုံတွေကတော့အသွန်းဆီနေ့တိုင်းရောက်သည်..မသိရင်သူတို့ကချစ်သူကြီးကျလို့..အသွန်းသဝန်တိုမိပေမဲ့ ဒါကအလုပ်ဖြစ်နေတော့အသွန်းကိုကို့ကိုဘာမှမပြောမိ...အသွန်းအကြောက်အဆုံးအရာက ကိုကိုသွန်းကိုထားသွားမှာ...အသွန်းတွေးရင်းခေါင်းရှုပ်ရသည်...မနက်ဖြန်ဆိုကိုကိုတို့ပရောဂျက်ပြီးတော့မည်.. ပြီးရင်တော့ကိစ္စအားလုံးပြီးပါပြီ ဟုတွေးကာအသွန်းသက်ပြင်းချလိုက်သည်...
ထိုအချိန်တွင်တံခါးဖွင့်ပြီးဝင်လာသူမှာကိုကို...အသွန်းပြုံးပြီးကိုကို့ကိုကြည့်လိုက်ပေမဲ့ကိုကိုနောက်ကအမရာပါ ပါလာသည်..အသွန်းရဲ့မျက်နှာချက်ချင်းတည်လိုက်သည်...
မင်းမဟာ'''သွန်းခဏလောက်အခန်းထဲကထွက်ပေးပါကိုတို့ပြောစရာရှိလို့...မင်းမဟာထိုစကားကြောင့်အသွန်းကြောင်အသွားသည်..သို့သော်ကိုကိုပြန်ထိန်းကာထိုရုံးခန်းကထွက်လာတော့သည်.....

Clinging Love💛💛 Unicode+Zawgyi Where stories live. Discover now