Part33

490 25 2
                                    

Unicode

အသွန်းတို့အခန်းတံခါးဖွင့်လိုက်တော့ကောင်မလေးများစွာ...အခန်းရှေ့တွင်အုံနေသည်သူကအသွန်းလက်ကိုကိုင်ထားတော့မျက်လုံးပြူးမျက်စံပြူးဖြစ်နေကြသည်....အသွန်းသူရှိနေ၍ကြောက်စိတ်လည်းမရှိတော့သူ့လက်ကိုတင်းနေအောင်ဆုပ်ကိုင်မိသည်....ထိုနောက်သူကအသွန်းကိုဓာတ်လှေကားရှေ့ပို့ပေးပြီး...
မင်းမဟာ '''ကိုကြည့်ပေးနေမှာမို့သွားတော့....
အနောက်မိန်းကလေးများကလည်းသူရှိနေလို့ထင်အနီးအနားမကပ်လာကြဘဲခပ်လှမ်းလှမ်းကသာအသွန်းတို့လှုပ်ရှားမှုကိုကြည့်နေသည်....
မင်းမဟာ '''ဘာလဲကိုအခန်းရှေ့ထိလိုက်ပို့ပေးရမလား..ရတယ် လေအဲဆိုလည်း.....သူ့စကားကြောင့်အသွန်းလည်းဓာတ်လှေကားထဲဝင်ပြေးကာကို့ဘာကိုသွားမယ်လို့ပြောလိုက်သည်.....ပုံမှန်ဆိုမိန်းကလေးအဆောင်ထဲယောက်ျားလေးဝင်ခွင့်မပေးမင်းမဟာမို့သာဝင်ခွင့်ရခဲ့သည်...

အသွန်းအခန်းထဲရောက်တော့အယွန်းတို့ရှိမနေ...
နောက်မှတံခါးဖွင့်သံကြားကာအယွန်းတို့ဝင်လာကြပြီး....သူတို့ကအသွန်းကိုတစ်ခုခုမေးချင်နေသလိုပင်အသွန်းလည်းမသိချင်ယောင်ဆောင်ပြီးသန့်စင်င်ခန်းထဲဝင်မည်လုပ်မှအယွန်းကတံခါးရှေ့ပိတ်ရပ်သည်...
အယွန်း'''နင်ငါတို့ကိုရှင်းပြသင့်တယ်...အသွန်းလည်းလုံးစေ့ပတ်စေ့ပြောပြလိုက်သည်....
ရှုမဝ'''ဒါဆိုနင်တို့တွဲတာနှစ်ရက်တောင်မပြည့်သေးဘူးပေါ့...
လင်းလက်'''နင်တို့first kissပေးပြီးပြီလား....
အသွန်း'''နင့်ကအမြဲနှာတွေးဘဲတွေးနေတာလင်းလက်အသွန်းစကားလမ်းကြောင်းလွှဲလိုက်ရသည်....
ရှုမဝ'''ငါတို့idolကြီးကစွန်သွားတာနမြောပြီးဝမ်းနည်းပေမဲ့ကို့သူငယ်ချင်းဖြစ်နေတော့နားလည်ပေးလိုက်ပါ့မယ်ဖိတ်မဲ့ဖိတ်ကို့အိတ်ထဲကဖိတ်သလို့ပေါ့..ဟီးဟီး...
လင်းလက်'''နင်ဆီစိတ်ချလက်ချအပ်လိုက်ပြီနော်သူ့ကိုထိန်းသိမ်းဖို့ကနင့်တာဝင်....တခြားဆီအပါမခံနဲ့.....
အယွန်း'''မနက်ဖြန်သူကိုငါတို့နဲ့မိတ်ဆက်ပေး...ထိုအခါဖုန်းဝင်လာသည်....ဖုန်းဝင်လာတာနဲ့သူတို့အသွန်းဆီအုံလာသည်...အသွန်းလည်းဝရံတာဖက်ထွက်ပြေးလာခဲ့သည်....သူတို့ကတံခါးပေါက်တွင်မှီကာအသွန်းကိုကြည့်နေကြသည်.....
မင်းမဟာ'''ကိုအခုမှအိမ်ပြန်ရောက်တယ်ကိုမနပ်ဖြန်ကျောင်းလာနိုင်မှာမဟုတ်ဘူးcompany meeting ရှိလို့
အသွန်း'''အွန်း...
မင်းမဟာ '''ကိုတော့သွန်းကိုလွမ်းနေတော့မယ်သွန်းရောကို့ကိုမလွမ်းဘူးလား...
အသွန်း'''အင်းစဥ်းစားလိုက်ဦးမယ်...
မင်းမဟာ '''စဥ်းစားလေကိုမနက်ဖြန်ကျောင်းလာပြီးမင်းကိုအပြစ်ပေးမယ်...အသွန်းလန့်သွားကာ..
အသွန်း...စတာပါ ကိုရဲ့သွန်းက ကို့ကိုလွမ်းနေမှာ...စကားပြန်ပြင်ပြောရသည်...
မင်းမဟာ'''ကိုရေချိုးတော့မယ်...
သွန်း'''ဟုတ်..ဖုန်းလိုက် သည်...
မပြီးသေးကိိုကိုဖုန်းဝင်လာသည်...
မြတ်တေဇာ'''သွန်းသွန်းနင်ဘယ်သူနဲ့ဖုန်းပြောနေတာလဲနင်ဖုန်းက busy ဖြင့်နေတာ..ကိုကိုအသံကမာထန်....
အသွန်း'''ကျောင်းကသူငယ်ချင်းနဲ့ပါကိုကိုရဲ့
မြတ်တေဇာ'''မြတ်သွန်းခြယ်ငါရှုပ်ရှုပ်ရှက်ရှက်တွေမကြားချင်ဘူးနော်....
အသွန်း'''ကိုကိုကလည်းအသွန်းဘာလုပ်လို့လည်း...
မြတ်တေဇာ'''ငါအလုပ်ကိစ္စနဲ့Cမြို့မနက်ဖန်လာရမယ်နှစ်ရက်လောက်နေမှာ...ကိုကိုသွန်းသွန်းကိုလာတွေ့မလို့ရောက်ရင်ဖုန်းဆက်မယ်...
အသွန်း'''မေမေရောပါလာမှာလား....
မြတ်တေဇာ'''မေမေကမလိုက်ဘူး...သွန်းသွန်းမေမေနဲ့ဖုန်းပြောလိုက်ဦးဆိုကာမေမေနဲ့အချိန်တော်ကြာဖုန်းပြောပြီးမှအခန်းထဲပြန်ဝင်လာခဲ့သည်...သူတို့ ကလည်းအခုထိအခန်းတံခါးတွင်စောင့်နေကြတုန်း...
အသွန်း'''ငါမနက်ဖြန်သူ့ကိုနင်တို့နဲ့မိတ်ဆက်ပေးလို့မရဘူးသူမနက်ဖြန်သူအလုပ်ရှိလို့ကျောင်းမလာဘူးအသွန်းပြောလိုက်တော့သူတို့ကသက်ပြင်းချပြီးအထဲပြန်ဝင်ကြသည်...အသွန်းကတော့သူတို့ပုံစံကြည့်ပြီးရယ်မိသည်...

Clinging Love💛💛 Unicode+Zawgyi Where stories live. Discover now