part56

501 21 1
                                    

Unicode

ဝန်ထမ်းမလေးကအခန်းတစ်ခန်းကိုညွှန်ပြသည်..
ဝန်ထမ်း'''ဒီအခန်းထဲဝင်သွားလိုက်ပါရှင့်
သွန်းလည်းအခန်းထဲဝင်သွားလိုက်သည်..
အခန်းကြီးကျယ်ပြန့်ပြီးတစ်ဖက်ကိုမှန်ဖြင့်ကာထားတာကြောင့်Cမြို့အလှကိုအပေါ်စီးမှမြင်နေရသည်..တန်ဖိုးကြီးပန်းချီကားတွေရှိပြီးအခန်းကအဖြူအမဲဆေးရောင်များသာရှယ်ထဲသည်...မှန်ကိုကျောပေးထါးသောကိုကိုအလုပ်ခုံကလည်းသန့်ရှင်းသပ်ရပ်နေသည်...
မင်းမဟာ '''ရောက်လာပြီလား...
နောက်ကအသံလာရာဘက်လှည့်လိုက်တော့ကိုကိုကအသွန်းဝင်လာကတည်းကသတိမထားမိတဲ့အခန်းတစ်ခန်းထဲကထွက်လာသည်...
အသွန်း'''အွန်း ကိုကိုဘာလိုသွန်းကိုခေါ်တာလဲ...
ကိုကိုအသွန်းနားကပ်လာကာအသွန်းခါးကိုနောက်ကနေသိမ်းဖက်လိုက်သည်..ထို့နောက်သွန်းနားရွက်ကိုကိုက်တော့သွန်းတွန့်ခနဖြစ်သွားသည်...
မင်းမဟာ '''မနက်ကကောင်မလေးတယောက်ပေါ့အိပ်ရေးမဝလို့ပြဿနာရှာတာလေ...
အသွန်းရီမိကာ အဲတာကမတောတဆပါကိုကိုရဲ့ သွန်းအော်မိတာဆောရီးပါနော်..
မင်းမဟာ သူ့ရင်ခွင်ထဲကကောင်မလေးကယုန်ပေါက်လေးသဖွယ်လုပ်နေတော့သူအူရားလာသည်....
မင်းမဟာ '''လာကိုနောက်လိုက်ခဲ့
ကိုကိုကအသွန်းလက်ကိုဆွဲပြီးခုနားကသူထွက်လာတဲ့အခန်းထဲခေါ်သွားသည်...
အခန်းထဲတွင် ကုတင် အိပ်ယာ ရေချိုးခန်း ပရိဘောဂစုံလင်စွာရှိသည်...
အသွန်း'''ဒါက
မင်းမဟာ '''ကို့ကိုအခန်းလေအရင်ကအလုပ်အရမ်းများလို့အိမ်မပြန်နိုင်ရင်ဒီအခန်းထဲမှာအိပ်တယ်...အခုတော့မနေဖြင့်တာကြာပြီ...
အသွန်း'''အွန်း...
မင်းမဟာ '''သွားအိပ်လိုက်သွား....ညနေကြရင်ကိုကိုအော်တာမခံနိုင်တော့ဘူး
အသွန်း'''ဟွန်း..ကိုကိုကလည်း သွန်းဘယ်လိုအိပ်လို့ရမှာလဲ အလုပ်တွေရှိသေးတယ်လေ...
မင်းမဟာ '''အင်းအဲတာအလုပ်ဘဲလေ ကိုကိုကအလုပ်ရှင်လေ ကိုကိုခိုင်းတာလုပ်ရမယ်မလား...
အသွန်း'''အွန်းလေ
မင်းမဟာ '''ဒါဆိုသွားအိပ် ကိုကိုအိပ်ခိုင်းတာ...
အသွန်းနှုတ်ခမ်းဆူပြီးပြန်ပြောချင်ပေမဲ့ ကိုကိုအကြည့်တွေကစူးရှနေပြီ ထပ်ငြင်းရင်ကိုကိုသွန်းကိုစိတ်ဆိုးမည်မှာအသေအချာ...အခုက ကိုကိုခေါ်ထားတာဆိုတော့ကိုကိုအလုပ်ခိုင်းတယ်ဘဲထင်မှာ..ပြီးတော့ငါလည်းအိပ်ချင်တာဘဲ..အသွန်းအတွေးပေါင်းစုံတွေးနေစဥ်...
အသွန်းကိုယ်လေးပွေ့ချီခံလိုက်ရသည်...ကိုကိုကသွန်းအိပ်ယာပေါ်အသာအယာချပေးကါ..အနမ်းတစ်စုံကအသွန်းနှုတ်ခမ်းပေါ်ကျရောက်လာသည်...ကို့ကိုအနမ်းကနူးညံနွေးထွေးနေသည်...
မင်းမဟာ စိတ်မထိန်းနိုင် မှဆိုး၍သူမလေးဆီမှခွာလိုက်ကာ ကုတင်ပေါ်မှဆင်းလိုက်သည်...
ကိုကိုကသွန်းကိုစောင်ခြုံပေးကါ
မင်းမဟာ '''အိပ်လိုက် နော်..
အသွန်း'''အွန်း...
ထို့နောက် ကိုကိုအခန်းထဲမှထွက်သွားသည်....
မင်းမဟာ ရုံးခန်းထဲတွင် လက်မှတ်ထိုးစရာရှိတာတွေထိုးနေခဲ့သည်...
တံခါးခေါက်သံနှင့်အတူတံခါးဖွင့်ပြီးဝင်လာတဲ့သူတွေကတော့ဘုန်းမြတ်နဲ့ရှင်းသန့်...
မင်းမဟာ တစ်ချက်သာကြည့်ပြီးအလုပ်ဆက်လုပ်နေသည်..
ဘုန်းမြတ်'''ငါတို့အခုမှမင်းdaddy company ကပြန်လာတာမင်းနဲ့ဆွေးနွေးစရာရှိတယ်...
ရှင်းသန့်'''မင်းဒီတစ်ခါတော့လုံးဝငြင်းလို့မရဘူးကွာ...
မင်းမဟာ '''ဘာလဲ...တိုးတိုးပြော သွန်းအိပ်နေတယ်...
ဘုန်းမြတ် '''ဘာ ဘယ်လို သွန်းကဘယ်လိုလုပ်ဒီမှာရှိနေတာလဲ..
မင်းမဟာ '''သူအိပ်ရေးပျက်နေလို့..
ရှင်းသန့်'''မင်းမဟာတို့တော့ကွာချစ်တတ်နေမှုကြီး..မင်းခေတ်ဆိုတော့လုပ်ထားပေါ့ကွာ.ငါဆော်ရမှ...စကားမဆုံးသေး..
မင်းမဟာ '''ရှိလာမှာမဟုတ်ဘူး...daddyဘာတွေပြောလဲဆက်ပြော...
ရှင်းသန့်က ပါးစပ်အဟောင်းသားဖြင့်ကျန်ခဲ့သည်...
ဘုန်းမြတ် '''မင်းDaddyနဲ့ usကcompanyပူးပေါင်းမယ့်စီမံကိန်းမှာငါတို့အကျိုးအမြတ်များတယ်ကွာ...ငါတို့companyတော်တော်ထောင်တက်သွားမှာကွ...
မင်းမဟာ '''ငါသိတယ်လေ အဲတာကြောင့်ပူးပေါင်းဖို့မင်းတို့ကိုလွှတ်လိုက်တာလေ...
ဘုန်းမြတ်'''ငါတို့လည်းပူးပေါင်းလိုက်ပါပြီ တစ်ခုဘဲ မင်းအဖေလက်ထောက်ကအမရာလေ...
မင်းမဟာ '''အင်း...
ရှင်းသန့်'''မင်းသိနေပြီးသားလား မင်းဘယ်လိုလုပ်မှာလဲ...
မင်းမဟာ '''Daddyဒီလိုလုပ်မယ်ဆိုတာငါသိသားဘဲ....ဒါပေမဲ့ စောင့်ကြည့်ပါ
မင်းမဟာရဲ့ အေးစက်စက်အပြုံးတွေကြောင့်ရှင်းသန့်နဲ့ဘုန်းမြတ်ကျောချမ်းရသည်...
ရှင်းသန့်'''နောက်တပတ်ဆိုအမရာငါတို့companyလာပြီနော်...သွန်းကိုဘယ်လိုလုပ်ပေးမှာလဲ...
မင်းမဟာ '''ငါ စဥ်းစားထားပြီးသား...
သူရတယောက်အလုပ်တွေလုပ်ရင်း..
သူရ'''ဒီအသွန်းမတယောက်နေ့လည်ထမင်းစား ချိန်တောင်ရောက်နေပြီပေါ်မလာဘူး...
မထက်'''မြတ်သွန်းခြယ်အခုထိပြန်မလာသေးဘူးလား
သူရ'''ဟုတ်..
မထက်'''သူလာရင်ငါရုံခန်းထဲလွတ်လိုက်..ဟုဆိုကာပြန်ထွက်သွားသည်..
သူရ'''ဒီဘွားတော်ကတစ်မျိုး.. သူရမထက်ကျောကိုကြည့်ရင်းပြောလိုက်သည်...
အသွန်းဒီနေ့တစ်နေ့လုံးအလုပ်ကိုမလုပ်ရ...နေ့လည်ထမင်းစားချိန်လောက်ကိုကိုလာနိုးပြီး..ရုံခန်းထဲတွင်နှစ်ယောက်တူတူထမင်းစားကြသည်...ကိုကိုပေးမသွားသေး..စာရင်းစာရွက်တွေကူစစ်ခိုင်းပြီးရုံးဆင်းမှပြန်လွတ်သည်...
ကွန်ဒိုအထိလိုက်ပို့ပေးကါညဟိုမသွားနဲ့ဒီမသွားနဲ့မှာသွားသေးတဲ့ကိုကို....
တပတ်ကြာသော်...
အသွန်းပိတ်ရက်ပြီးဒီနေ့ရုံးပြန်တက်သည့်နေ့...ဒီနေ့ကိုကိုကအလုပ်ကိစ္စရှိတယ်ဆိုလို့သွန်းbusနဲ့သာcompanyကိုလာခဲ့သည်....ရုံးတက်တဲ့တပတ်အတွင်းဝန်ထမ်းတွေနဲ့တော်တော်ရင်းနှီးလာသည်..သူရနဲ့ဆိုပိုလိုတောင်ရင်းနီးသည် ညီအမတွေလို*အဲဟုတ်ပါဘူး*သူငယ်ချင်းအရင်းတွေလိုဖြစ်နေကြပြီ....ရွန်းလဲ့ မကတော့ဟိုနေ့ကရုပ်ရှင်ရိုက်နေသလားဟမှတ်ရတယ် တောင်းပန်ပြီးလည်ဒီအချိုးပြန်ချိုးတာဘဲ...

Clinging Love💛💛 Unicode+Zawgyi Where stories live. Discover now