part24

492 24 0
                                    

Unicode

အသွန်းတို့စကားစမည်ပြောကြရင်းနောက်ကျမှအိပ်ယာဝင်ခဲ့သည်...ခရီးပန်းလာလို့လားမသိပတ်ဝန်းကျင်စိမ်းပင်မဲ့နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်ခဲ့သည်.....

မင်းမဟာအလုပ်လက်စသက်ပြီးမမနက်ဖြန်ဆိုAနိုင်ငံကိုပြန်လာတော့မည်ဖြစ်၍သူ့ခံစားချက်တွေကောင်းနေသည်....တီ..တီစားပွဲပေါ်ကဖုန်းမြည်လာသည်....မနက်ဖြန်သားကိုလေဆိပ်လာကြိုဖို့ဒယ်ဒီအတွင်းရေးမှူးလွတ်လိုက်မယ်....ရတယ်ဒယ်ဒီသားပြန်ဖို့စီစဥ်းပြီးသားပါဒယ်ဒီသားကိုစိတ်မပူပါနဲ့လို့ပြော၍ဖုန်းချသွားသောမင်းမဟာ....ဦးမင်းမြတ်တယောက်သူဘာမှမပြောရသေးခင်ဖုန်းချသွားသောသားတော်မောင်ကြောင့်အသက်ပြင်းချမိသည်....မင်းမဟာသည်အရင်ကတည်းကအေးဆေးခက်ထန်စွာနေတတ်ပေမဲ့အခုတစ်နှစ် နှစ်နှစ်အတွင်းပိုဆိုးလာခဲ့သည်ကျောင်းပြီးရင်ဖခင်companyကိုဆက်ခံလို့ရပေမဲ့
သူ့ဘာသာကြိုးစားမည်ဟုဆိုကာကိုပိုင်companyတည်ထောင်ခဲ့သည်...အခုဆိုမင်းမဟာရဲ့companyမှာတည်ထောင်တာ၂နှစ်လောက်သာရှိသေးပေမဲ့ပြည်တွင်းမှာရောပြည်ပမှာပါစီးပွားရေးတဟုန်ထိုးတိုးတက်လာသည်
သူ့ဖခင်ထက်အရှိန်အဝါနည်းပေမဲ့နောက်နှစ်အနည်းငယ်ဆိုလျှင် မင်းမဟာသည်Aနိုင်ငံရဲ့အင်အားအကြီးဆုံးလုပ်ငန်းရှင်ဖြစ်လာမည်မှာမလွှဲ......ဦးမင်းမြတ်ကမင်းမဟာလုပ်ရပ်ကိုနားမလည်နိုင်သူကိုချီးမွန်းရမလားစိတ်ဆိုးရမလားမသိဖြစ်နေသည်ဦးမင်းမြတ်ဟာအနားယူလောက်ရတဲ့အထိအသက်မကြီးသေးလုပ်နိုင်ကိုင်နိုင်သေးတာကြောင့်မင်းမဟာမကူရင်တောင်companyကိုတာဝန်ယူနိုင်သေးသည်ထိုကြောင့်လည်းမင်းမဟာကိုလွတ်ထားပေးခဲ့သည်

အခုလည်းဖခင်နဲ့နေတာကြာလာပြီးမှကိုယ်ပိုင်ကွန်ဒိုဝယ်ကာပြန်လာလျှင်ထိုကွန်ဒိုတွင်သာနေတော့မည်ဟုဆို၏....မင်းမဟာလိုထက်မြက်တဲ့လူငယ်တယောက်ကိုလုပ်ငန်းရှင်တိုင်းချီးကျူးကြပြီး ရှိန်ကြသည်......ဦးမင်းမြတ်ကတော့သူ့အသားအကြောင်းစဥ်းစားရင်းနထင်ကိုလက်ဖြင့်ဖိလိုက်သည်....

ရက်အနည်းငယ်ကြာပြီးနောက်

အသွန်းတို့အဆောင်ရောက်တာတပတ်ပြည့်တော့မည်..အဆောင်နဲ့နေသားကြလာသလိုသူငယ်ချင်းများနှင့်လည်းပိုမိုခင်မင်လာကြသည်....
လင်းလက်'''ငါတို့ဘာလိုလိုနဲ့မနက်ဖြန်ဆိုuniတက်ရတော့မယ်အဆင်လေးတွေလည်းငန်းရတော့မယ်...
အယွန်း''နင့်အကြံအရမ်းကောင်းဟုဆိုကာအယွန်းကမျက်စိတစ်ဖက်မိတ်ပြီးလက်မထောင်ပြလာသည်...အသွန်းတို့အခန်းက၄ယောက်လုံးမှာအယွန်းနဲ့လင်းလက်သာမေဂျာတူသည်သူတို့နှစ်ယောက်ကတော့ဟန်ချက်ညီနေတာပေါ့....အသွန်းကတော့Eမေဂျာ..ရှုမဝကMathဖြစ်ပြီးဟိုနှစ်ယောက်ကတော့Zoo...
ရှုမဝ'''ငါတို့ကျောင်းမဖွင့်သေးတော့ကန်တင်းကလည်းမဖွင့်သေးဘူးငါတိုအပြင်မှာဘဲညစာသွားစားကြရမှာ.....
အယွန်း'''နင်ကအစားတလိုင်းငါကတော့အဆင်ငန်းချင်ပြီလို့အယွန်းပြောလာသော်လည်းမယွန်းဗိုက်ကတဂွီဂွီမြည်လာတာကြောင့်အသွန်းအပါအဝင်ကျန်နှစ်ယောက်ပါအယွန်းကိုရီကြသည်....အယွန်းကနှုတ်ခမ်းဆူပြီးအသွန်းတို့ကမျက်စပစ်ပြီး..ရီမနေနဲ့တုတ်ထိုးသွားစားမယ်ပြောလာသည်...
အသွန်းတို့တုတ်ထိုးစားပြီးအပြန်ရှုမဝကအင်ကျီဝယ်ချင်တယ်ဆို၍ကုန်တိုက်နားရောက်လာပြန်သည်...အင်ကျီလှလှလေးချိတ်ထားသောဆိုင်တွင်ရှုမဝနဲ့အယွန်း..လင်းလက်တို့ကစိတ်ကြိုက်ရွေးနေကြသည်..အသွန်းကတော့စိတ်မပါတာကြောင့်ခင်းကျင်းထားသောခုံတွင်သာထိုင်၍ဖုန်းကြည့်ခဲ့သည်....သူတို့ရွေးဝယ်ပြီးသောအခါမှသာအယွန်းတို့ဆိုင်ထဲကထွက်လာကြသည်.....
အယွန်းတို့ကုန်တိုက်ရှေ့ပြန်ထွက်လာတော့ကားအမဲရောင်တစ်စီးထိုးရပ်သွားပြီးကားပေါ်မှအရပ်ရှည်ရှည်ဝတ်စုံအပြည့်ဝတ်ထားသောလူတယောက်ဆင်းလာခဲ့သည်ကားတံခါးနဲ့ကွယ်နေတာမို့ထိုလူမျက်နှာမမြင်ရပေမဲ့စမတ်ကျနေသည်...အသွန်းတို့ကသွားမည်လုပ်ပေမဲ့ နှာဘူးမလင်းလက်နဲ့အယွန်းတို့ကအသွန်းနဲ့ရှုမဝကိုပြန်ဆွဲကုန်တိုက်ရှေ့တွင်ကြောင်တိကြောင်တောင်ငေးနေကြသည်....ထိုလူကားတံခါးပိတ်ပြီးကုန်တိုက်ဆီလျှောက်လာတဲ့အခါမှာ...ရှုမဝကအသွန်းလက်ကိုတင်းနေအောင်ကိုင်လာခဲ့သည်....ထိုသူမှာတခြားသူမဟုတ်မင်းမဟာ...မတွေ့တာကြာပြီဖြစ်ပေမယ့်အသွန်းသူ့ကိုကောင်းကောင်းမှတ်မိနေသည်..သူ့မျက်နှာကပြောင်ရှင်းကာမေးရိုးကထင်းနေပြီးမျက်လုံးတို့ကနက်မှောင်သည်အသွန်းတို့ရှေ့လာနေသည်အလျားထိုသူသည်ဘယ်ရှုထောင့်က ကြည့်ခန့်ညားကာချောနေသည်

Clinging Love💛💛 Unicode+Zawgyi Where stories live. Discover now