part 60

465 18 0
                                    

Unicode

အသွန်းထိုနေ့ကတည်း က ကိုကိုအကြောင်းတွေးနေမိသည်....အသွန်းက အခုချိန်ထိမမေ့နိုင်သေး၍အသစ်လည်းမထားနိုင် လာကြိုက်သမျှကိုငြင်းလွတ်ခဲ့သည်....
အသွန်းလည်းနောင်တရခဲ့သည်...ကိုကို ငါ့ကိုစိတ်နာသွားတာလား တွေးမိသည်...
ကိုကို့ အရမ်းလွမ်းပြီးဆက်သွယ်ချင်ပေမဲ့ ဖြစ်မှ မဖြစ်နိုင်တာ  အရင်ကအရမ်းရင်းနှီးခဲ့ဖူးတဲ့လူက အခုတော့တစိမ်းလိုဖြစ်သွားခဲ့သည်....

အသွန်းစာကြည့်တိုက်တွင်စာဖတ်နေတုန်း ..လင်းလက်က ပြေးဝင်လာပြီး...
လင်းလက်'''နင်က ဒီမှာကို ငါတို့နောက်ဆုံးနှစ်ကျောင်းသားတွေဟောပြောပွဲတဲ့...ဟောခန်းမှာ အခုမြန်မြန်သွားရမယ်လာ....
ဘေးက လူတွေက အသွန်းတို့ကိုကြည့်လာသည်..
အကြောင်းကတော့ လင်းလက်အသံကျယ်သွားလို့ဖြစ်သည်...
လင်းလက်က ပါးစပ်လက်ဖြင့်အုပ်ကာ တောင်းပန်ပါတယ်ပြောပြီး အသွန်းကိုဆွဲထွက်လာသည်...
အသွန်း '''ဘာဟောပြောပွဲလည်းကြိုလည်းမပြောဘူး
လင်းလက်'''ငါလည်းမသိဘူး ခုနားကမှ ဆရာမ လာပြောတာအယွန်း ကရှုမဝကိုသွားခေါ်တယ်..
ငါတို့ဟောခန်းမှာဆုံကြမှာ....

ဟောခန်းထဲရောက်တော့လူတွေကဆုံလို့..အယွန်းကလက်ပြလာသည်...အသွန်းတို့လည်း အယွန်းတို့ရှိတဲ့နေရာကိုလာခဲ့သည်....
ခဏကြာတော့ ဟောပြောပွဲအခန်းအနားစသည်...
ထိုအချိန်တွင် ကျောင်းအုပ်ကြီးနဲ့ လူတစ်စုဝင်လာကြသည်..ထိိုလူများတွင်ဝတ်စုံအပြည့်နဲ့ အရမ်းခန့်ညားတဲ့သူ...အသွန်းအကြည့်များထိုလူဆီက မခွာနိုင်
သူက ကိုကိုလေ...အယွန်း တို့က ပါလက်ကုတ်ပြီး..
အဲတာကို မင်းမဟာ မလား...သူဘယ်တုန်းက ပြန်လာတာလဲ.....
ရှုမဝ''အသွန်းနင်အဆင်ပြေရဲ့လား...
အသွန်းခေါင်းသာငြိမ့်ပြလိုက်သည်....
အမှန်တကယ်အသွန်းရင်ထဲ အရမ်းခံစားရသည်...

ဟောပြောပွဲရည်ရွယ်ချက်က အသွန်းတို့နောက်ဆုံးနှစ်ကျောင်းသားတွေဘွဲ့ရပြီးရင် အလုပ်ရှာခက်သောကြောင့် LK company တွင် အလုပ်ဝင်လျှောက်နိုင်ကြောင်းတွေအကုန်အဆင်ပြေအောင်ရှင်းပြသည်..ကျောင်းသားတော်တော်များကထောက်ခံကြသည် အလုပ်လျှောက်ဖောင်တွေတင်ကြသည်..
အသွန်း တို့အဖွဲ့မှလွှဲ၍ပေါ့...အကြောင်းက LKက ကိုကို့ company လေ...
အသွန်းတို့ဟောခန်းက အပြန် အဆောင်ပြန်လမ်းတွင်...ကိုကိုကကျောင်းအုပ်ကြီးနဲ့ တူတူထွက်လာသည်...အသွန်းဘေးနားက ဖြတ်သွားတဲ့ ကိုကိုက အသွန်း ကိုဝေ့ဝဲ၍တောင်မကြည့်ခပ်တည်တည်သွားလိုက်သည်...
ထိုအခါကိုကိုပြောခဲ့တဲ့စကားကို သတိရသည်..
''ကိုတို့ထပ်ဆုံခဲ့ရင်တစိမ်းတွေဘဲ''...

Clinging Love💛💛 Unicode+Zawgyi Where stories live. Discover now