Part 49

410 28 2
                                    

Unicode

အယွန်း'''အသွန်းမရေထတော့ မနက်၉နာရီကျော်နေပြီနင်ဒီနေ့Cမြို့ပြန်မယ်လို့စီနီယာကိုပြောထားတာနော်....
အယွန်းအသံနားထဲတွင်ရိပ်ရိပ်လေး ကြားနေပေမယ့်တုပ်တုပ်မလှုပ်...စီနီယာလို့ပြောမှမနေ့ကပြောခဲ့တာကိုသတိရကာအသွန်း အမြန်ထ ထိုင်လိုက်သည်....
အသွန်း ''''ငါအိပ်မက်ဖြစ်ပါစေလို့ဆုတောင်းနေတာကို ငါဘယ်လိုလုပ်ရမလဲ.....
အယွန်း'''ငါတော့ ပစ္စည်းတွေသိမ်းပြီးပြီ နင်ပြန်ရင်ငါလည်းပြန်မှာလေ နင်စီနီယညကိုလွန်ဆံလို့မရဘူး😆😆....
အသွန်း'''အေးနင်အလှည့်ကျလုပ်ထားပေါ့....နင်ငါနဲ့အိမ်လိုက်ခဲ့ပြီး မေမေနားလိုက်ပြောပေးနော်😔....

အယွန်းကတော့ သူ့အိမ်ကိုတစ်ခါတည်းပြောပြီးထွက်လာခဲ့သည်...
အိမ်ရောက်တော့ မေမေကအလုပ်မသွားသေး....
မေမေ'''အသွန်း ရယ်အိမ်ကိုမကပ်ဘူးနော်မိန်းကလေးမို့တော်တော်ရှိငါဘယ်လိုသမီးမျိုးမွေးမိပါလိမ့်.....
အသွန်း'''ဟဲဟဲ မေမေကလည်းသွန်းကလိမ်မာပါတယ်...ပြီးတော့လေမေမေသွန်းနဲ့ယွန်းက ဒီကိုပြန်မလာခင်နွေရာသီအတွက်အလုပ်လျှောက်ခဲ့တာအဲတာလေ အလုပ်ရလို့ သွန်းတို့ကိုဖုန်းဆက်လာတာအဲလေသွန်းတို့ဒီနေ့Cမြို့သွားရမှာမေမေ..''ဘာအလုပ်လဲ သမီးတို့က ဘွဲ့တောင်မရသေးတာ အသွန်းတိုပိုဆိုးရှပ်ပါရှပ်ပြာနဲ့....
အသွန်း '''မေမေကလည်းသွန်းကအခုအဲလိုမဟုတ်တော့ပါဘူး.....သွန်းကလူကြီးဖြစ်နေပါပြီ..
အယွန်း '''ဟုတ်တယ် အန်တီ ယွန်းတောင် ပြင်ဆင်ပြီး ပြီသွန်းပီးတာနဲ့ယွန်းတို့ကားဂိတ်သွားတော့မှာ....
မေမေ'''ဒီလိုဆိုတော့လည်းသွားကြလေ ယွန်းရေသွန်းကိုသေချာဂရုစိုက်ပေးပါဦးသမီးရယ် သမီးသူငယ်ချင်းအကြောင်းလည်းသိတယ်မလား....
ယွန်း'''ဟုတ်ကဲ့အန်တီ...စိတ်ချပါနော်... (ပိုကြောက်ရတယ်)

အသွန်းတို့မေမေကိုအကြိုးအကြောင်းပြောပြီး မေမေကအသွန်းတို့ကိုကားဂိတ်လိုက်ပို့မယ်ဆိုသော်လည်းသွန်းတို့ကငြင်း၍မေမေက ဆိုင်သာသွားလိုက်တော့သည်....သွန်းတို့ပြင်ဆင်ပြီးထွက်လာတော့....အိမ်ရှေ့တွင် ကားအမဲရောင်နဲ့ အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့လူတယောက်...
သွန်းတို့ကိုမြင်တော့ သွန်းတို့လက်ထဲကအိတ်တွေကိုယူကာကားပေါ်တင်ပေးသည်...
အသွန်း''ရှင်ဘာလို့ကျမတို့အိတ်ကိုကားထဲထည့်တာလဲ...
ဒရိုင်ဘာ'''ဟုတ်ကဲ့ Bossလွတ်လိုက်လို့ပါBossက ညကတည်းအလုပ်ကိစ္စနဲ့ပြန်သွားရလို့ပါ....
အယွန်း'''Bossဆိုတာက...
ဒရိုင်ဘာ'''သခင်လေးမင်းမဟာကိုပြောတာပါ....
ထိုအခုမှအသွန်းတို့သဘောပေါက်သွားပြီး ကားပေါ်တက်လိုက်ကြသည်...
အသွန်းကတော့သတိရှိနေသော်လည်း အယွန်းကတော့ တစ်လမ်းလုံးအိပ်လာသည်....အသွန်းတို့ ညနေမိုးချုပ်ခါနီးမှ လင်းလက်တို့ကွန်ဒိုဆီရောက်လာသည်....လင်းလက်တို့ကအသွန်းတို့ကိုအဆောက်အဦးရှေ့တွင်စောင့်နေခဲ့သည်....
ကားကအသွန်းတို့ပို့ပြီးပြန်ထွက်သွားတော့မှ...
လင်းလက်'''သူဌေးသမီးတွေကစိမ်ခံကားကြီးနဲ့လာကြတာ...
အယွန်း'''အသွန်းကောင်းမှုကြောင့်လေဟ စီနီယာ ပေးတာကားက....
အသွန်း'''နင်တော့နော်ပြောတတ်ပ..
ရှုမဝ'''အယွန်းမ နင့်ကိုမင်းခန့်ကမျှော်နေတာ မနက်ဖြန် ကြသူတို့လာလိမ့်မယ်....
အယွန်း'''သိပါတယ်နော် သူကငါ့ကိုပြောပြီးသား....
အသွန်း'''အခုမှအချစ်တွေပိုနေလိုက်တာ အသွန်းတို့စကားတပြောပြောနဲ့အဆောက်အဦးထဲဝင်လာခဲ့သည်.....
အသွန်းနဲ့ရှုမဝကတစ်ခန်း လင်းလက်နဲ့အယွန်းကတစ်ခန်းနေရာစီစဥ်ပြီး အသွန်းရေမိုးချိုးအဝတ်စားလဲလိုက်သည်...အိမ်နေရင်းပေါ့ပေါ့ပါးပါးကြိုးတစ်ချောင်းဂါဝန်ကိုဝတ်ဆင်လိုက်သည်.

Clinging Love💛💛 Unicode+Zawgyi Where stories live. Discover now