Part 43

410 26 0
                                    

Unicode

အသွန်းတို့မေဂျာဘက်ကတော့ မင်းခန့်တို့ပါ ပါသည်....ပထမဆုံးပွဲစဥ်တွင်ကိုကိုကဦးဆောင်နေပြီး မင်းခန့်က ဘောလုံးလိုက်လုနေသည်...ကိုကိုနဲ့မင်းခန့်ရဲ့အကြည့်တွေက စူးရှနေကြပြီး သတ်ဖြတ်ချင်နေကြတဲ့သားရဲတွေလိုပင်....ဘေးက ကြည့်နေတဲ့သွန်းတို့တောင်ကျောချမ်းရသည်....ကိုကိုပထမဆုံးပွဲစဥ်မှပင်၃ဂိုးသွင်းသွားခဲ့ပြီး၃ဂိုး၁ဂိုးဖြစ်နေသည်...အယွန်းတို့ရှုမဝတို့ကတော့ ကိုကိုဂိုးသွင်းတိုင်း ဝါး...ဝါးဖြစ်ကာ Mathမေဂျာကိုဘဲအားပေးနေကြသည်...Eမေဂျာက မျက်နှာငယ်ရ ပထမပွဲစဥ်တွင်ကွင်းထဲမှာပင်ကိုကိုတို့ကအနားယူနေကြပြီး....ခနကြာတော့ဒုတိယပွဲစဥ်စတော့သည်...
ဒုတိယပွဲစဥ်မှာလည်း ကိုကိုကဘဲဂိုးသွင်းနေသည်...ကိုကိုဂိုးသွင်းနေတော့ အမရာက စီနီယာဟုခေါ်ကာမတပ်ရပ်၍ပါအားပေးနေသည်...အသွန်းကိုလည်းတစ်ချက်ချက်မျက်စောင်းထိုးသေး......ဒုတိယပွဲစဥ်က ကြာကာနောက်ဆုံးတော့ပြီးသွားခဲ့ပြီး...ကိုကိုတို့ဖက်ကဘဲသာနေသည်...ဒုတိယ ပွဲစဥ်ရောက်တော့ ကိုကိုခုနားကလိုကွင်းထဲမှာ မနားတော့ဘဲထွက်သွားလေတော့သည်....တတိယပွဲစဥ်စတော့ ကိုကို ကိုမမြင်ရတော့ မိန်းကလေးများကဝါခနဲဟင်ခနဲဖြစ်ကာတစ်ချိုးဆိုထပြန်ကြသည်....အသွန်းလည်းကွင်းမှထွက်ကာ...ကျောင်းရှေ့ကိုပြေးလာခဲ့သည်...ကျောင်းရှေ့တွင် ကိုကို ဒရိုင်ဘာက ကိုကို့ကိုကားတံခါးဖွင့်ပေး၍ကားပေါ်တက်သွားသည့်ကိုကို...အသွန်း..ကိုကိုလို့ခေါ်လိုက်သော်ကြားပုံမရ ကားကထွက်သွားခဲ့ပြီ အသွန်းလည်းဖုန်းလိုက်ဆက်တော့ ဖုန်းမကိုင်ပါ...စိတ်ကြီးလိုက်တာ..အသွန်းထိုသို့ပြောပြီးလှည့်လိုက်တော့.....အမရာကရောက်နေကာ....

အမရာ'''ကို့ကိုအထင်ကြီးနေတာနောက်ဆုံးတော့ထားခဲ့ခံရပြီဟာပြောကာထွက်သွားသည်...
အသွန်းက အမရာစကားကြောင့်ပိုစိတ်အိုက်သွားရသည်...အဆောင်ပြန်ရောက်တော့အသွန်းဟန်မဆောင်နိုင်တော့ငိုချလိုက်သည်...အယွန်းတို့ကဘောလုံးကွင်းတွင်ကျန်ခဲ့လို့တော်သေးသည်...မဟုတ်ရင်အသွန်းကြောင့်သူတို့သိတ်မသက်မသာဖြစ်နေကြလိမ့်မည်.......
အသွန်းညစာလည်းမစားနိုင်တော့ပါ...အယွန်းတို့တော့အသွန်းနေမကောင်းဟုထင်ကာ...အပြင်ထွက်ကာဆန်ပြုတ်သွားဝယ်ပေးကြသည်....အသွန်း ကိုကိုစာလည်းမပို့ရဲတော့သလို ဖုန်းလည်းမဆက်ရဲတော့ပါ...ကိုကိုက တကယ်ဘဲငါ့ကိုမလိုအပ်တော့တာလားင့ကိုမုန်းသွားပြီလားစသည့်အတွေးများက အသွန်းကိုအရှင်လတ်လတ်သတ်နေသလိုပင်.....

Clinging Love💛💛 Unicode+Zawgyi Where stories live. Discover now