Final

642 26 0
                                    

အိပ်ယာပေါ် လှဲနေပေမဲ့ စေတန်အိပ်မပျော်သေး ။ ထိုအချိန် တံခါးကို အသံမကြားအောင်ခပ်တိုးတိုးလေးဖွင့်ဝင်လာသံကို ကြားလိုက်ရသည် ။ မျက်လုံးတွေ မဖွင့်မိအောင်ထိန်းလိုက်ပေမဲ့ နှုတ်ခမ်းတွေကတော့ ပြုံးနေသည် ။ မီးမှိတ်ထားလို့သာပေါ့ ။ ရေချိုးခန်းဘက်ကို ဉီးတည်သွားတဲ့ ဘုန်းမြတ် ဟာ ကိုယ်လက်ရေ သပ်ပြီး စေတန်လှဲအိပ်နေတဲ့ နေရာကို ပြန်လာသည် ။

စောင်ကို ရင်ဘက်အထိ ခြုံပေးပြီး ဘုန်းမြတ် တစ်ဖက်မှာ ဝင်လှဲလိုက်သည် ။ ပက်လက်အိပ်နေသော စေတန်ဟာ သိပ်ကိုတည်ငြိမ်ပြီး ဆွဲဆောင်မှုရှိနေပြန်ပါသည် ။ မနေနိုင်စွာ  စေတန်ရဲ့ နှုတ်ခမ်းတွေကို အကြာကြီးဖိကပ်ထားလိုက်သည် ။ ထပ်ပြီးနမ်းနေပါက အကိုစေတန်နိုးလာပြီး နှင်ထုတ်နေမည်ကြောက်တာကြောင့် အနမ်းတွေရပ်တန့်လိုက်သည် ။ ထို့နောက် စေတန်ရင်ခွင်ထဲ တိုးဝင်အိပ်လိုက်၏ မျက်ရည်တွေ ကိုတော့ အကိုစေတန်ကို မမြင်စေချင်ပါ ။

ထိုအတိုင်းငြိမ်သက်နေပြီး ရင်ဘက်ပေါ်ကကောင်လေး အိပ်ပျော်ပြီဆိုမှ စေတန်မျက်လုံးတွေကို စုံဖွင့်လိုက်သည် ။ နှုတ်ခမ်း ပေါ်က အနမ်းရဲ့နွေးထွေးမှုက ယခုအချိန်ထိ ရှိနေသေးသည် ။ ခေါင်းလုံးလုံးလေးကို ဖွဖွလေးနမ်းပြီး ပုခုံးတွေလုံအောင်စောင်ကို ဆွဲခြုံပေးလိုက်သည် ။

"ဘာလို့ ကိုယ့်အနားကထွက်မသွားရတာလဲ ကလေးရယ် ။ "

******

"မင်းက ဘာလို့ ဒီမှာ ရှိနေသေးတာလဲ "

မနက်စာ ထမင်းဝိုင်းလေးဟာ စေတန်ရဲ့ အသံကြောင့် ဆူညံသွား၏ ဘုန်းမြတ် ကတော့ ဘယ်သူ့ကိုမှ စောက်ဂရုမစိုက် ဘူးဆိုတဲ့ ပုံစံနဲ့ရှေ့က ထမင်းကြော်ကို ဆက်စားနေ၏

"ခင်ဗျား စကားတွေ အများကြီး မပြောနဲ့ ။ ပြီးရင် ခြံထဲဆင်းပြီး လမ်းလျှောက်ရမယ် ။ "

"ဘုန်းမြတ်မာန် ထွက်သွားစမ်း "

"ရအောင်နှင်ထုတ်လေ ကျွန်တော် ကတော့ တွယ်ကပ်နေမှာ"

"ကျစ်! ဟန်မြတ်သော် ငါ့ကို အခန်းထဲ ပို့ပေး "

"ဗျာ ဟုတ် ဟုတ် ကိုကြီး"

ကိုယ့်ဘဝရဲ့ ဖြစ်တည်မှုလေး (Complete )Where stories live. Discover now