"ကိုကြီး နဲ့ ဘာတွေ ပြောနေတာလဲဟင် "
"သူ့ရဲ့ညီလေး ကို လမ်းအမြန်လျှောက်နိုင်အောင် လေ့ကျင့်ပေးပါ တဲ့ "
"ကိုကြီးက အကျင့်မကောင်းဘူး သိလား ။ မနေ့ညက ကျွန်တော့် ရေခဲမုန့် တွေ စားပစ်တာ နည်းနည်းလေးပဲ ကျန်တော့တယ် "
"ဘာဖြစ်လဲ ကိုယ့်အကိုကြီး စားတာပဲ ။ ကလေးကျလို့ "
"အကိုဘုန်းမြတ် လည်း အကျင့်မကောင်းဘူး အကိုကြီး ဘက်ကို လိုက်နေတာ "
"မဟုတ်ရပါဘူး ကွာ ဟား ဟား ။ လာ လေ့ကျင့်ကြမယ်လေ "
"ခဏလေး နေဉီး ဒီနေ့ ကိုကြီး နဲ့လည်း လမ်းအတူ လျှောက်မှာလေ "
ခုနက အကိုစေတန် လုပ်ခဲ့သည့် အပြုအမူတွေ ပြန်မြင်ယောင်လာသည့်အခါ ရှက်စိတ်ကြောင့်လားတော့ မသိ ဘုန်းမြတ် မျက်နှာတွေ ပူလာကာ ရဲလာသည် ။ ပါးစုံလေးတွေက ခပ်ရဲရဲ ဖြစ်နေတာကြောင့် ။
"အကိုဘုန်းမြတ် နေမကောင်း ဘူးလားဟင် "
"ကောင်းပါတယ် မြတ်သော် ရဲ့ "
"မျက်နှာတွေ ရဲနေလို့လေ ။ ဟိုမှာ ကိုကြီး လာပြီ "
မျက်နှာကို တစ်ဖက်ကိုသာ လွဲထားလိုက်တော့သည် ။ အကိုစေတန် နဲ့ မျက်နှာချင်း ဆုံရမှာ ရှက်၏
"အကိုကြာသွားတယ် ။ လာလေ လေ့ကျင့်ကြရအောင် "
ဟန်မြတ်သော် က ဝှီးချဲပေါ်မှ လက်နှစ်ဖက်ကို တစ်ဖက်ဆီ ဆန့်တန်းလိုက်တော့ စေတန် နဲ့ ဘုန်းမြတ် က ထူသည် ။ ထို့နောက် ဝှီးချဲပေါ်မှ ထကာ မြေပြင်မှာ ခြေစုံရပ်ကာ လမ်းလျှောက်ဖို့ ပြင်သည် ။ ဟန်မြတ်သော် ပဲ လမ်းလျှောက်ဖို့ စိတ် ဆန္ဒ တွေ တက်ကြွနေလို့လားမသိ ။ ကြွက်သားတွေက လျင်မြန်စွာ အလုပ်လုပ်ပေးလို့ လမ်းလျှောက်ရတာ အရင်ကလောက်တော့မနာတော့ ။ သို့ပေမဲ့လည်း တစ်ယောက်တည်း လမ်းလျှောက်လို့တော့မရသေးပေ ။ ဘေးမှ သူ့ကို ထိန်းကိုင်ပေးရန် လူနှစ်ယောက် ကတော့ လိုအပ်နေ သေးသည် ။
"တော်လိုက်တာ မြတ်သော် လေးက လေ့ကျင့်တာ သုံးရက်လားပဲ ရှိသေးတာကို အခု လမ်းလျှောက်တာ အရမ်းမြန်တယ် "