20

388 28 0
                                    


အိပ်ယာပေါ် လှဲနေရင်းမှ ဖုန်းဆက်သင့် မဆက်သင့် စဉ်းစားနေမိတာဟာ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတော့ ။ နေ့လယ်က အကြောင်း ကိစ္စ က ခေါင်းထဲ တစ်ကြိမ်ပြန်ဝင်လာပြန်တော့ ဘုန်းမြတ် မှာ ပါးစုံလေးတွေရဲတက်သွားအောင် ရှက်သွေးကြွယ်နေပြန်သည် ။ ဘာလို့များ မိန်းကလေးတွေ ကို မကြည့်ရဘူးနော် လို့ သွားပြောမိတာပါလိမ့် တစ်ကယ် ကိုပင် တွေးကြည့်ရင် သိပ်ရှက်ဖို့ ကောင်းနေသည် ။ သူချစ်နေတာကို အကိုစေတန် များ သိသွားခဲ့ရင်တော့ သွားပါပြီ... ။

တီ တီ ....။

ရင်ဘက်ပေါ် တင်ထားတဲ့ ဖုန်းလေးက ထမြည်သည်မို့ အနည်းငယ် တောင် လန့်သွားရ၏ ခေါ်ဆိုသူက ဖုန်းနံပါတ် စိမ်းဖြစ်နေသည် ။

"ဟဲလို "

"အိပ်နေပြီလား "

"ဗျာ.... ဘယ်သူပါလဲ "

"ဘုန်းမြတ် ကိုယ်လေကွာ မမှတ်မိဘူးလား ။ ကိုယ့်အသံကို "

"တောင်းပန်ပါတယ် ။ ဖုန်းနံပါတ် က ကျွန်တော် မသိတဲ့ ဖုန်းနံပါတ် ဖြစ်နေတာ "

"အဲ့ဆို အခုသိပြီဆိုတော့ မှတ်ထားတော့နော် "

"ဟုတ် အကိုစေတန် "

"အိပ်တော့မှာလား "

"ဟင့်အင်း အိပ်သေးဘူး.. ဝါး..."

မအိပ်သေးဘူး လို့သာပြောနေတာ ။ ပါးစပ်ကဖြင့် အိပ်ချင်စိတ်ကြောင့်သမ်းလာတဲ့ အသံလေးကြားတော့ စေတန်မှာ ပြုံးမိသွားသေးသည် ။ သူ ပြုံးနေတုန်းမှာပဲ

"အကိုစေတန် ဟို ဘယ်အချိန် အိမ်ပြန်ရောက်တာလဲ "

မေးချင်ပေမဲ့လည်း မမေးရဲသလို အသံလေးကအနည်းငယ်စွပ်နေသည် ။

"ကိုယ် bar ကို ရောက်တော့ မိုးရွာနေပြီ ။ ဟိုကောင် သုတကတော့ မိန်းကလေး တွေနဲ့ကဲနေတာ ကိုယ်ကတော့ နည်းနည်း သောက်ခဲ့တယ် ။ ည 8 နာရီလောက်မှ အိမ်ပြန်ရောက်တာ ။ "


"အဲ့တာပဲလား... တစ်ခြားရော ။  ခင်ဗျားကြီး သောက်ရုံပဲလား တစ်ခြား ဘာလုပ်သေးလဲ"

"ကိုယ်က သောက်ရုံပဲလေ ဘာလုပ်ရမှာတုန်း...။ ဘာလဲ ဘုန်းမြတ် က ကိုယ့်ကို ချစ်နေတာလား "

ကိုယ့်ဘဝရဲ့ ဖြစ်တည်မှုလေး (Complete )जहाँ कहानियाँ रहती हैं। अभी खोजें