25

315 24 0
                                    

Luggage ထဲမှ ဟန်မြတ်သော် နှင့် သင့်တော်မည့် အင်္ကျီ ကို ရွေးကာ ရေချိုးခန့်ရှေ့ ရပ်စောင့်နေမိသည် ။ ချက်ဆိုတဲ့ တံခါးဖွင့်သံနှင့်အတူ သူ့ကိုမြင်တော့ မျက်လုံးလေး ဝိုင်းစက်သွားသည် ။

"ဒီမှာ အဝတ်အစား လဲလိုက် "

ဘာမှမပြော ကမ်းပေးလာသည့် လက်ထဲ အဝတ်အစား တွေ ထည့်ပေးလိုက်တော့ တံခါးလေးပြန်ပိတ်သွားသည် ။ စတိုင်ပန် အရှည် အနက်က နည်းနည်းတော့ ပွပွဖြစ်နေကာ Shirt လက်ရှည် အစိမ်းနုလေးကလည်း ခပ်ပွပွဖြစ်နေသည် ။ ခါးနားကို ကျနေတဲ့ အင်္ကျီ အနားစတွေကို ဘောင်းဘီကြားထဲ ထည့်ဝတ်ကာ အပြင်သို့ ထွက်လာ၏

"ကျွန်တော့် အခန်းပြန်ရောက်ရင် အဝတ်အစား တွေ ပြန်ပေးပါ့မယ် ။ "

"အခု ဘယ်သွားမှာလဲ "

"ကျွန်တော် နေတဲ့ အခန်းကို "

"ဘာသွားလုပ်မှာလဲ "

"ခဏပြန်အိပ်မို့ ။ ညကျရင်လည်း မီးပုံပွဲအတွက်လည်း လုပ်ကူရဉီးမှာ "

"ဘာမှ ကူလုပ်ပေးစရာ မလိုဘူး Hotel က ဝန်ထမ်းတွေ လုပ်ပေးလိမ့်မယ် ။ အိပ်မှာဆို ဒီမှာ အိပ် "

"ရတယ် ကျွန်တော့် အခန်းကို ပြန်မှာ "

အပြင်ကို ထွက်ဖို့ ပြင်နေတဲ့ ဟန်မြတ်သော် ကို သူရိန်က လက်ကနေ ဆွဲကာ အိပ်ယာနားဆီ ခေါ်သွားသည် ။

"ကျစ် ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ ။ "

"ခေါ်ပြန်ပြီလား ခင်ဗျားလို့!"

" ကျွန်တော့်  ကို ဘာမကျေနပ်တာ လဲ ပြော။ ဘာလို့ ဒီလိုတွေလုပ်နေရတာလဲ ။ "

"မင်းကို မကျေနပ်တာတွေမှ အများကြီး ပဲ ။

"အဟက် "

ဟန်မြတ်သော် လှောင်ပြောင်သလို ရယ်လိုက်သည် ။ ဟုတ်တာပေါ့ မကျေနပ်ချက်တွေကများနေမှာ ။ သူချစ်ရတဲ့ အကိုဘုန်းမြတ်ကို ကိုကြီး က ပိုင်ဆိုင်သွားလို့ ။

"ခဏနေ လာနှိုးမယ် ။ အခု အိပ်တော့"

သူရိန်က ပြောပြီးသည်နှင့် တံခါးကိုပိတ်ကာ အိပ်ခန်းအပြင်သို့ ထွက်နေလိုက်သည် ။ ထို့နောက် ဆိုဖာပေါ် ထိုင်ကာ ခေါင်းကဆံပင်များကို စိတ်ရှိတိုင်း ဆွဲဖွနေတော့သည် ။ အရင်ကပုံစံနဲ့ လားလားမှကို မတူစွာ ပြောင်းလဲသွားတဲ့ ဟန်မြတ်သော်ကို သူ ဘယ်လိုလုပ်ရမှန်းမသိ ။ စကားကို ဘုကန့်လန့် ပြောနေပုံသည် ကလေးနဲ့တူစွာ သိပ်ကို ချစ်ဖို့ ကောင်းနေသည် ။ အိပ်ပျော်နေပြီလား သိချင်တာကြောင့် တံခါးလေးကို အသာလေးဖွင့်ကြည့်တော့ အိပ်ယာပေါ်မှာ ခေါင်းဉီးကြီးကို ဖက်လို့အိပ်နေတာတွေ့လိုက်ရသည် ။

ကိုယ့်ဘဝရဲ့ ဖြစ်တည်မှုလေး (Complete )Where stories live. Discover now