18

388 28 0
                                    

သုတ နဲ့ စကားပြောပြီး အိမ်သို့ တန်းမပြန်သေးပဲ ဘုန်းမြတ် အိမ်ကို ကားကို မောင်းနှင်လိုက်သည် ။ တစ်လမ်းလုံးက မှောင်နေကာ  လမ်းမီးတိုင်တွေကလည်း လာလိုက်ပျက်လိုက်နဲ့ပင် ။ ခြံရှေ့မှာ ကားတစ်စီး ရပ်ထားတာ တွေ့လိုက်ပေမဲ့ စေတန် စဉ်းစားစရာမလို သူရိန်ဆိုတဲ့ လူရဲ့ကားဖြစ်လိမ့်မည် ။ သူကြည့်နေတုန်းမှာပဲ အိမ်ထဲက သူရိန်နှင့် ဘုန်းမြတ် အမေ ထွက်လာတာကြတာတွေ့လိုက်ရသည် ။ သူရိန်ရဲ့ ကားမောင်းထွက်ပြီးသည်နှင့် ဘုန်းမြတ် အမေလည်း ခြံတံခါးကို သေချာပိတ်ကာ အိမ်ထဲသို့ ဝင်သွားတာတွေ့လိုက်ရသည် ။ သူ့ကိုလည်း မြင်သည့်ပုံမပေါ်ပါ ။

ဘုန်းမြတ် အခန်းရှိရာ တည့်တည့်ကို စေတန်က ကားပေါ်မှ ထိုင်ကြည့်၏ အာရုံနောက်စေတာကတော့ ပျက်တောင်းပျက်တောင်းဖြစ်နေတဲ့ လမ်းမီးတိုင်တွေပဲ ။ တစ်ကယ် ကို အာရုံနောက်ဖို့ ကောင်းတယ် ။ ဒီ မီးတွေကို ပြင်ခိုင်းဉီးမှပါ ။

စေတန် ကြည့်နေတုန်းမှာပဲ ဘုန်းမြတ် အခန်းထဲက မီးက မှိတ်သွားတာကို တွေ့လိုက်ရသည် ။ ဘီယာ သောက်နေရင်း နာရီကိုကြည့်မိတော့ 9 နာရီတောင် ခွဲတော့မည် ဖြစ်သည် ။ သောက်လက်စ ဘီယာဗူး ထဲမှလက်ကျန်ရည်တွေကို တစ်ကျိုက်တည်း မော့ပစ်၏ ထို့နောက် ပြုံးလိုက်ရင်း ဘုန်းမြတ် အခန်းကို မျက်နှာ မူလျက် ။

"Good Night ကလေးလေး ။ ချစ်တယ် ...။ ကိုယ့် အချစ်တွေနဲ့ အေးချမ်းပါစေ ၊ နွေးထွေးပါစေ ကလေးလေး... ။ "

ကောင်လေး တစ်ယောက် ကတော့ အိမ်မက်တွေ လှနေမှာ အသေအချာပါပဲ ။

*******

တစ်ချက်ချက် သွားနေတဲ့ နာရီလက်တံလေးတွေကို ဘုန်းမြတ် ကြည့်နေမိသည် ။ 10 နာရီ ထိုးဖို့က မိနစ် 30 တောင် လိုသေးသည် ။ အချိန်တွေကလည်း နှေးလိုက်တာနော် ။

"သား ထမင်းစားပြီးရင် ဆေးသောက်လေ "

ဟုတ်သား ။ သူကိုယ်သူ နေမကောင်း တာလည်းမေ့နေသလို ဆေးသောက်ရမှာကိုလည်း သတိမရ ။

ခုံပေါ်ကို ဆေးနဲ့ ရေ လာချပေးသည်မို့ ဘုန်းမြတ် သောက်လိုက်သည် ။

"အမေ့ သား ခဏနေရင်လေ အကိုစေတန် နဲ့ အပြင်လိုက်သွားဉီးမယ် "

ကိုယ့်ဘဝရဲ့ ဖြစ်တည်မှုလေး (Complete )Where stories live. Discover now