9

330 25 1
                                    


"နောက်ကျလိုက်တာ သားရယ် အမေက  သား သူရိန် ရဲ့ ဆိုင်ကို သွားနေတယ် ထင်တာ "

ခြံတံခါးကို ဖွင့်နေရင်းမှ အမေက ပြောသည် ။ ဆိုင်ကယ် တစ်စီးစာ ကျော်ကျော်လောက် တံခါးဖွင့်ပေးလိုက်တော့ ဘုန်းမြတ် က အရမ်းမကျယ်သည့် အိမ်ရှေ့လေးကို ဆိုင်ကယ် လေး မောင်းလျက်ဝင်လာသည် ။ ထို့နောက် အရိပ်ရသည့်နေရာမှာ ဆိုင်ကယ် ကို ရပ်လိုက်သည် ။

"သား အလုပ်ရှာနေလို့ အမေ "

အမေ့ရဲ့ သက်ပြင်းချသံလေးကို ကြားလိုက်ရသည် ။ ထပ်ပြီး အမေက ဘာတွေပြောဉီးမလဲမသိ ။

"သားရဲ့ မုန့်ရောင်းရငွေနဲ့လည်း အမေတို့ အသုံးစရိတ်လောက်ပါတယ် ။ ဘာလို့ ပိုက်ဆံကို အဲ့သလောက် ရှာနေရတာတုန်း "

"အမေ့ကို ဘာအလုပ်မှ မလုပ်စေချင်လို့ပေါ့ "

"အခုရော ကျွန်မက ဘာတွေ လုပ်နေရလို့တုန်း "

သူ တစ်ကယ် မေ့သွားခဲ့သည် ။ သူ ကျောင်းတက်တုန်းကဆို အမေက အိမ်အသုံးစရိတ်ရအောင် ဆိုပြီး အိမ်ရှေ့လေးမှာ မုန့်ဟင်းခါး ထွက်ရောင်းသည်လေ ။ မနက်ဆို အစောထပြီးဆိုင်ခင်းရတဲ့ အမေ့ကို သူ သိပ်သနားသည် ။ ဈေးရောင်းမကောင်းတဲ့ နေ့ဆို အမေ့ မျက်နှာလေးက မှိုင်လို့ ။ အခုတော့ ထို အလုပ်တွေ အမေ့ကို မလုပ်ခိုင်းတော့တာ သူ ဘွဲ့ရပြီးကတည်းကပင် ။

"လာ အမေတို့ ထမင်းစားရအောင် "

"ဟုတ် စားရအောင် သား ဗိုက်ဆာနေပြီ "

"ဒီနေ့ ပဲနှပ် လေးရယ် ၊ သရက်သီး ထောင်းလေးရယ် "

ဒီဟင်းတွေ မြင်တော့ တစ်စုံတစ်ယောက် ကို သိပ် သတိရပါသည် ။ မျက်နှာကြီး တည်လျက် ထမင်းဝိုင်းကနေ ထထွက်သွားတာကိုပေါ့ ။

ထမင်းစားပြီး အခန်းထဲ ဝင်ကာ ခုံလေးမှာ ဝင်ထိုင်မိသည် ။ ဒိုင်ယာရီ စာအုပ် လေးကို ထုတ်ပြီး တစ်စုံတစ်ယောက် ရဲ့ အကြောင်းတွေ ရေးဖြစ်သည် ။ ဒီ ဒိုင်ယာရီ လေးက ဘဝမှာ ပထမဆုံး ရေးဖူးခြင်းပဲ ။  Taxi မောင်းနေတဲ့ အဖေက သူ့အတွက် စာရွက်အကြမ်းတွေ ဝယ်ပေးဖို့ စာအုပ် ဆိုင်ကိုသွားတော့ ဒိုင်ယာရီ စာအုပ် လေး လှတာကြောင့် ဝယ်ခဲ့သည်တဲ့ ။ သား သဘောကျတဲ့လူတွေ့ရင် သူ့အကြောင်းတွေ ရေးပေါ့ကွာ ဟူ၍ အဖေက စ၍   ပြောလိုက်သေးသည် ။

ကိုယ့်ဘဝရဲ့ ဖြစ်တည်မှုလေး (Complete )Wo Geschichten leben. Entdecke jetzt