1

1.2K 41 0
                                    

"သားမြတ်သော် လေး  ထမင်းစားရအောင်လေ သားငယ် "

ပြတင်းပေါက် ကို ကျောပေးထားတဲ့ ကလေးက အမေဖြစ်သူ ဒေါ်ရတီမြတ် ရဲ့ စကားကို မကြားသလိုပင် ။ ဒေါ်ရတီ က သားငယ် ဖြစ်သူ ဟန်မြတ်သော် အနားကို ခပ်ဖြေးဖြေးလေး လျှောက်လာ၏ သူမ ပြောသော စကားကို အာရုံမရောက်နိုင်လောက်အောင် ဖမ်းစားထားသည့် မြင်ကွင်းက ဘာများလဲလို့ တွေးရင်း  ဒေါ်ရတီက သားငယ် ဖြစ်သူအနားကပ်ကာ အကြည့်ရောက်နေသော ပြတင်းပေါက် အပြင်ဘက်ကို အကြည့်ပို့လိုက်၏

ရင်ဘက်လေးကို လက်နှင့်ဖိလို့ မျက်ရည် တွေ မကျအောင် မျက်တောင်ဖျားတွေကို ဒေါ်ရတီက ပုတ်ခတ် ပုတ်ခတ်လုပ်၏ မြင်လိုက်ရသည့် မြင်ကွင်းက သူများတွေ အတွက်က သာမန် မြင်ကွင်းလို့ ဆိုလို့ရပေမဲ့လို့ မိမိသားဖြစ်သူ အတွက် ကတော့ ထိုမြင်ကွင်းက သာမန် မြင်ကွင်းတော့မဟုတ် ။ ကြည့်နေသော ဟန်မြတ်သော် ရဲ့ မျက်ဝန်းထဲမှာလည်း မျက်ရည် စတွေ အပြည့် ။

ခြံရှေ့နား မရောက်တစ်ရောက်မှာ 10 ယောက်ထက် မနည်းတဲ့ လူငယ်တစ်စုက ဘောလုံးကန်နေခြင်း ဖြစ်၏ ဒါဟာ ဒီနေ့ တစ်ရက်တည်း မြင်ရတာလားဆိုတော့လည်း မဟုတ် ပေ ။ နေ့စဉ် မနက်တိုင်း ၊ ညနေတိုင်းမှာ မြင်တွေ့ရခြင်း ဖြစ်သည် ။ ဘောလုံးကန်နေတဲ့ ရွယ်တူ လူငယ်တွေစီမှ အကြည့်ခွာကာ  မိခင်ဖြစ်သူ၏ လက်ကို အားကိုးတစ်ကြီး မြတ်သော်က ဖမ်းဆုပ်ကိုင်လိုက်၏ သူ လမ်းလျှောက်ချင်သည် ။

"အမေ.. ဟင့်.. သား သား လမ်းလျှောက်ချင်တယ် "

မျက်ရည်တွေ ကျနေရင်းမှ ဒေါ်ရတီ က ခေါင်းတစ်ဆက်ဆက် ငြိမ့်၏ ထို့နောက် သားဖြစ်သူ လက်ကလေးကို ဖျစ်ညှစ်လိုက်ရင်း.. ။

"လျှောက်နိုင်မှာပါ သားရယ် ၊ အဲ့အတွက် သားက စိတ်ဓာတ် ကြံ့ခိုင်နေမှ ရမယ်လေနော် ၊ သား စိတ်ဓာတ်တွေ ကြံ့ခိုင်နေမှ သား ခြေထောက် တွေက လမ်းပြန်လျှောက်နိုင်မှာလေ "

ခေါင်းကို တစ်ဆက်ဆက်ငြိမ့်လို့ စို့နစ်ဖွယ် ဟန်မြတ်သော် က ငို၏ လမ်းပြန်လျှောက်နိုင်ပါဉီးမလား ။ အောက်ပိုင်းသေနေခဲ့တာပဲ အတော် ကြာနေခဲ့ပြီလေ ။ အိပ်လိုက်တိုင်း စိတ်ခြောက်ခြားဖွယ် အိပ်မက်ထဲထိ ဝင်ရောက်လာခဲ့တဲ့ ထိုမြင်ကွင်းတွေ ။ သွေးသံတစ်ရဲရဲနဲ့ သေဆုံးသွားပြီ ဖြစ်တဲ့ အဖေ  ။ ဟန်မြတ်သော် လို လူငယ် အတွက်ကတော့ မမေ့နိုင်ခဲ့တဲ့ မြင်ကွင်းဆိုလည်း မမှားပါ ။

ကိုယ့်ဘဝရဲ့ ဖြစ်တည်မှုလေး (Complete )Tempat cerita menjadi hidup. Temukan sekarang