16

402 28 0
                                    

မနေ့ကတည်းက မူးဝေနေတဲ့ ခေါင်းက ဒီနေ့မနက်မှာတော့ အနည်းငယ်ကြည်လင်လင်တော့ ရှိ၏ အိပ်ယာပေါ် လှဲနေရင်းမှ ထလိုက်တော့ အဝတ်အစား လဲပေးထားတာကို ခံစားမိသည် ။

"ဘယ်သူ လဲပေးတာလဲ... မနေ့ညက အိမ်မက်ထဲမှာ အကိုစေတန် က အဝတ်အစား လဲပေးတာဆိုတော့.... မဟုတ်လောက်ဘူး လျှောက်တွေးနေတယ် "

ခေါင်းတစ်ရမ်းရမ်း နဲ့ ဘုန်းမြတ်က အိပ်ယာပေါ်မှ ဆင်းဖို့ပြင်သည် ။ ဘုန်းမြတ် ပုဆိုးကို သေချာ ပြန်ပြင်ဝတ်နေတုန်း အခန်းပေါက်ဝမှ အမေကဝင်လာသည် ။

"သားလေး သက်သာလား "

"သား နည်းနည်းတော့ သက်သာနေပါပြီ "

"လာ မျက်နှာသစ် သား သူရိန်က မနက်အစောကြီး ကတည်းက အိမ်ရောက်နေတာ အခုလည်း အိမ်နောက်မှာ အမေ့ကို လုပ်ကူနေတာ"

"ဘုန်းမြတ် နိုးလာပြီလား လာ ဒီမှာ မျက်နှာသစ်တော့ "

သူ့ကို ကမ်းပေးလာတဲ့ သွားတိုက်တံလေးပေါ်မှာ သွားတိုက်ဆေးက အဆင်သင့်ရှိနေသည် ။ ဘုန်းမြတ် သွားတိုက် နေတာကို သူရိန်က ဘေးမှာရပ်ကြည့်နေ၏ ။ ဘုန်းမြတ်က သွားတိုက်နေရာမှ သူရိန်ကို မော့ကြည့်လာကာ

"အကိုသူရိန် ဘာလုပ်နေတာလဲ "

"ဘုန်းမြတ် မျက်နှာ သစ်နေတာကို ကြည့်နေတာလေ "

"ဟာ အကိုကလည်း ကျွန်တော်က ကလေး မဟုတ်ဘူး "

ပလုတ်ကျင်းပြီး ဘုန်းမြတ် က မျက်နှာကို သစ်ကာ မျက်နှာကို လက်ဖြင့် တစ်ချက်ပွတ်သပ်လိုက်သည် ။ သူရိန် ကတော့ ပုခုံးမှာ တင်ထားသည့် တစ်ဘက် ကို ယူကာ ဘုန်းမြတ် ကိုပေးလိုက်သည် ။

သူရိန်ရဲ့ မနက်ခင်းလေးကတော့ လှပနေပါတယ် ။

"ဝါး အမေ့ မွှေးနေတာပဲ "

ဟန်မြတ်သော်က ဒေါ်ရတီကို နောက်မှ ဖတ်ကာ ပုခုံးပေါ် မေးစိတင်ထားသည် ။ စေတန် ကတော့ တစ်ချက်သာ ပြုံးလို့ မနက်စာ ထမင်းဝိုင်းလေးမှာ နေရာယူလိုက်သည် ။ ဒီနေ့က အလုပ်ပိတ်ရက်ဖြစ်၏

"သွား ကိုကြီး နဲ့မနက်စာ စားတော့ "

ခေါင်းငြိမ့်ပြကာ ဟန်မြတ်သော်က ခုံမှာ ဝင်ထိုင်သည် ။ အမေကတော့ ဘာတွေ လုပ်နေတယ်မသိ ချိုင့်တွေထဲ ဟင်းတွေထည့်နေ၏ စေတန် တို့ မနက်စာ စားနေတုန်း မှာပဲ ထမင်းစားပွဲဝိုင်းပေါ် ဒေါ်ရတီ က သုံးဆင့်ချိုင့်အလတ်လေးကို တင်လိုက်သည် ။

ကိုယ့်ဘဝရဲ့ ဖြစ်တည်မှုလေး (Complete )Where stories live. Discover now