28

281 21 0
                                    

ညနေ 5 နာရီ.... ။

အခန်းထဲမှာ ရှိသည့် ပြတင်းပေါက်မှ ကြည့်နေမိတာ ဘယ်နှစ်ကြိမ်မှန်းတောင်မသိတော့ ။ အောက်ထပ်ကို လှေကားတစ်လျှောက်ဆင်းသွားရင်းမှ ဧည့်ခန်းဘက်ကို ထောင့်အကွယ်ကနေ ကြည့်တော့ အမေနဲ့ ကိုကြီးကို တွေ့လိုက်ရသည် ။ ကော်ဖီသောက်လိုက်  မုန့်စားလိုက်နဲ့ အမေနဲ့ ကိုကြီး က ဖုန်းကြည့်နေသည် ။ လက်ကနာရီကို တစ်ကျော့ပြန်ကြည့်မိတော့ 5 နာရီထိုးပြီး 10 မိနစ် ။

"သားငယ် လာလေ ဘယ်သူ့ကို ပုန်းနေတာလဲ ။ "

အမေကပြောတော့ စေတန်က ဖုန်းကြည့်ရင်းမှ ဟန်မြတ်သော်ဘက်ကိုလှမ်းကြည့်သည် ။

"ထားလိုက်အမေ သူမလာတော့ သူ့မုန့်တွေသားအကုန်စားလို့ရတာပေါ့ ။ "

အရယ်တစ်ဝက်နဲ့ ပြောပြီးတဲ့နောက်မှာတော့ စေတန်ရဲ့ဘေးနား နှုတ်ခမ်းကြီးစူထော်လို့ စွေ့ခနဲဝင်ထိုင်သည် ။ ထို့နောက် ရှေ့မှာ ရှိနေသော ကိတ်ခြောက်ကို ကိုက်လိုက်၏

"သားငယ်လေးကတော့ ကလေးကျနေတာပဲ ။ "

"ဟုတ်ပါ့ သူငယ်နာလေး ။ "

"ဟာ ကိုကြီး ဗျာ..."

မျက်စောင်းကြီးတစ်ထိုးထိုးနဲ့မို့ စေတန်က သဘောတကျနဲ့ ဟန်မြတ်သော် ခေါင်းကဆံပင်တွေကို ဆွဲဖွတော့ ငြိမ်နေရှာသည် ။

တီတီ... ။

ကားဟွန်းတီးသံကြောင့် ဟန်မြတ်သော် ခန္ဓာကိုယ် လေး မတ်ခနဲပင် ။ အမေနဲ့ ကိုကြီး ကတော့ ခြံရှေ့ကို ခေါင်းတစ်ထောင်ထောင်နဲ့ ကြည့်နေ၏

"သူဌေးကတော် အကိုလေး ဟန်မြတ်သော်နဲ့ တွေ့ချင်လို့ပါတဲ့ ခြံရှေ့မှာ ကားတစ်စီးရောက်နေပါတယ် ။ "

"သားငယ် ရဲ့ အသိထင်တယ် ဝင်လာခိုင်းလိုက်လေ မောင်နိုင် ။"

"ဟုတ်ကဲ့ ။ "

မကြာခင်မှာပဲ အိမ်ထဲမှာ ဝင်ရောက်လာခဲ့တဲ့ လူနှစ်ဉီး ။ တစ်ယောက်က သူရိန်ဖြစ်ကာ တစ်ယောက် ကတော့ သူရိန် ရဲ့ အမေ ဒေါ်သူသူစိုးပင် ။

"ကြွပါရှင် ။ သားငယ် ရဲ့ အသိဆိုလို့ ။ "

စေတန်ပင် သူရိန်ကိုမြင်တော့ မျက်နှာတည်မိ သွားရသည် ။ တစ်ဆက်တည်းအတွေးရောက်လာခဲ့သည်က ညီဖြစ်သူနဲ့ ဘာလိုပက်သက်လို့ ဒီအိမ်ထိရောက်လာရပါသလဲ ။ မသင်္ကာစွာ ဟန်မြတ်သော်ကိုကြည့်တော့  သူ့ကိုမရဲတစ်ရဲကြည့်ကာ ခေါင်းကို ပြန်ငုံ့သွား၏

ကိုယ့်ဘဝရဲ့ ဖြစ်တည်မှုလေး (Complete )Dove le storie prendono vita. Scoprilo ora