ဘုန်းမြတ် ကို လက်ထက်ခွင့် တောင်းပြီး နောက်ရက် မနက်တိုင်းမှာ ဘုန်းမြတ် အိမ်ရှေ့ကို လာကာ ကုမ္ပဏီကို အတူသွားဖို့ လာခေါ်တတ်ကာ ညနေတိုင်းလည်း ဘုန်းမြတ် ကို အိမ်ပြန်ပို့ပေးသည် ။
"ကလေး မနက်ဖြန် ပြင်ဉီးလွင် ဘက်ကို ကိုယ် သွားရမှာ ကလေး လိုက်ခဲ့နော် "
"အမေ့ကို ကူပြောပေး အမေက ခွင့်ပြုရင် လိုက်ခဲ့မယ် "
စေတန် မျက်နှာလေး ငယ်သွားသည် ။ တော်ကြာ ဘုန်းမြတ် အမေက လက်မခံရင် ဘယ်လို လုပ်ရပါ့မလဲ ။
"ကိုယ်ပြောရင် အမေက ခွင့်ပြုလောက်မှာပါနော် "
"အဲ့တာတော့ ကျွန်တော် လည်း မသိဘူး"
"မနောက်နဲ့ကွာ ကိုယ် တစ်ကယ် ကလေးနဲ့မခွဲနိုင်ဘူး ။ အမေ့ကိုတော့ ရအောင်ပြောကြည့်မှ ဖြစ်မယ်"
ပါးကို ငုံ့နမ်းရင်းမှ စေတန်က ပြောလိုက်သည် ။
"ပြောစရာ ကုန်ပြီဆိုလည်း ကျွန်တော် အလုပ်လုပ်ပါတော့မယ် ခင်ဗျ "
သွားအဖြဲသားလေးနဲ့ လူကိုပြုံးရယ်ပြကာ ရုံးခန်းထဲမှ ထွက်သွားပါသော ဘုန်းမြတ် ကို စေတန် က ငေးကြည့်နေမိသည် ။ ဖြစ်နိုင်ရင် ဘယ်သူမှ မမြင်အောင် ရင်ခွင်ထဲ ဝှက်ထားချင်ပါသည် ။
ဒေါက် ဒေါက်....
"ဝင်ခဲ့ပါ "
အတွင်းရေးမှူး ပိုင်ဖြိုးနှင့်အတူ ဝင်လာသော ဉီးဝနပိုင် ။ ပိုင်ဖြိုးက လက်မှာ ကိုင်ထားတဲ့ ဖိုင်တစ်ခုကို စားပွဲပေါ် ချပေးခဲ့ကာ ရုံးခန်းထဲမှ ထွက်သွား၏
"အန်ကယ် မင်းနဲ့ စကားပြောချင်တယ် "
ရုပ်ကိုတည်ကာ ရုံးခန်းမှာ ထားသော ဆိုဖာရှည်ပေါ်တွင် ဝင်ထိုင်၏ နေမှုထိုင်မှုပုံစံ ၊ စကားပြောဆိုပုံကလည်း လူကြီးဆိုပေမဲ့လည်း အဆင့်အတန်းမရှိ ။ ပြောသာပြောရတာ ဒီလူက အဆင့်အတန်းဆိုတာရော နားလည်ပါ့မလားမသိပါ ။
စေတန်က အတွေးတွေကို ရပ်ကာ ထရပ်လိုက်ရင်း ဉီးဝနပိုင် ထိုင်နေသည့် ဆိုဖာနားကို လျှောက်လာ၏ ခုံမှာ ဝင်ထိုင်လိုက်ခြင်းမှာပဲ ဉီးဝနပိုင်ဆီမှ ဒေါသသံက ဟိန်းထွက်လာသည်။
![](https://img.wattpad.com/cover/303707050-288-k694100.jpg)