27

312 19 0
                                    

"ဒီပုံစံ ဆောက်မယ်ဆို အဆင်ပြေတယ်မလား.. ဒီလိုမျိုး.."

လိုချင်သည့် တိုက်ပုံစံကို ဆောက်လုပ်သူနှင့် ဆွေးနွေးနေတာကို မျက်လုံးမမှိတ်တမ်း ဘုန်းမြတ်က ကြည့်နေမိသည် ။ နေပူမည်ဆိုးသည်ကြောင့် ကားထဲမှာပဲနေခဲ့ဖို့ကို အတင်းပြောသည်မို့ ဘုန်းမြတ် မှာ နေခဲ့ရသည် ။ နေပူကျဲတဲကြီးမှာ ရပ်ရင်း အလုပ် ကိစ္စ ပြောနေရင်း လက်တစ်ဖက်က ချွေးတွေ သုတ်နေတာကိုလည်းတွေ့ရသည် ။ မနေနိုင်စွာ ရေဗူးတစ်ဗူးနှင့် Tissue ထုတ်ကိုယူကာ ကားပေါ်မှ ဆင်းလိုက်သည် ။

"ကလေး ဘာလို့ဆင်းလာတာလဲ ။ သွားသွား ကားထဲမှာနေ ပြီးမှကိုယ်လာခဲ့မယ် ။ "

"ရေသောက်လိုက်ဉီး ။ ဒီမှာ Tissue ။ "

ကမ်းပေးလာရင်းမှ အနားမှာ ပေကပ်စွာ ရပ်နေသေးသည် ။ အမြန်ပဲ လိုချင်သည့် ပုံစံ  ၊ အခန်းအနေအထား ၊ အထပ်အမြင့်ကို ပြောပြီးသည်နှင့် အမြန်လက်စသတ်ဖို့ ပြင်ရသည် ။ တစ်မနက်လုံး စကားသိပ်မပြောတဲ့ ဘုန်းမြတ် ဟာ ညက ကိစ္စ ကို ရှက်နေသည်ဆိုတာလည်း စေတန် နားလည်ပါသည် ။

"လာ ကလေး ။ နေအရမ်းပူပါတယ်ဆိုကွာ ။ ကားထဲမနေဘူး ။ "

အလုပ် ကိစ္စ ကို စကားပြောပြီးတော့ 12 ထိုးနေပြီ ဖြစ်သည် ။ နေ့လည်စာ စားချိန်ရောက်နေပြီမို့ Hotel မှာ နေ့လည်စာကို ပြင်ပေးဖို့ တစ်ခါတည်းဖုန်းဆက်ထားရသည် ။

ရှေ့ကို ဉီးတည်မောင်းနှင်ရင်း ဘေးက ဘုန်းမြတ် ကိုကြည့်တော့ ဂိမ်းဆော့နေသည် ။ ကျုံ့ထားတဲ့ မျက်ခုံးလေးတွေက ဂိမ်းထဲကို အာရုံစိုက်နေသည့်အလား ။ လမ်းတစ်ဖက်ကို ကွေ့မည်မို့ အနောက်မှာကားတွေရှင်းမရှင်း ကြည့်ရန် ကားနောက်ကြည့်မှန်ကိုကြည့်တော့ ကားအနက်တစ်စီးကိုတွေ့လိုက်ရသည် ။ သတိထားမိသလောက် ဒီကားဟာ သူတို့နောက်ကိုများ ခြေရာခံလိုက်နေသလားလို့ စေတန် တွေးမိသည် ။ မနက် Hotel ထဲက ထွက်လာစဉ်တည်းက နောက်ကလိုက်လာသည့် ကားပင် ။

နှုတ်ခမ်း တွေ ကော့တက်အောင်ကွေးရင်း စေတန်က ကားကိုပတ်မောင်းနေလိုက်သည် ။ သူမောင်းသည့် လမ်းအတိုင်း နောက်ကနေ တစ်သွေမတိမ်း ထိုကားကလည်း လိုက်လာသည် ။

ကိုယ့်ဘဝရဲ့ ဖြစ်တည်မှုလေး (Complete )Kde žijí příběhy. Začni objevovat