4

393 27 1
                                    

ဂိုထောင်ဘက်မှာ အသစ်ရောက်လာတဲ့ ပစ္စည်း တွေကို စေတန် သွားကြည့်ပြီးသည်နှင့် ရုံးခန်းထဲ ပြန်လာသည် ။ ဘေးနားမှာ ပါလာသည့် အတွင်းရေးမှူး ပိုင်ဖြိုး နဲ့လည်း အလုပ်ကြောင်း ပြောနေသည်ကမရပ်ပေ ။

"ကျွန်တော် ကြားထားတာတော့ နောက်လကုန်မှာ ဉီးဇော်အောင်က ပြင်ဉီးလွင်မှာ ရှိတဲ့ မြေကွက်ကို လေလံ တင်မယ်လို့ ကြားထားပါတယ် ။ မြေကွက်က အတော်ကျယ်တယ် ။ အဲ့မှာ အကိုလေး Hotel အသစ် ဆောက်မယ်ဆိုရင်တောင် ရလောက်တဲ့အထိကို ကျယ်ပါတယ် ။ "

"အင်း ဟုတ်ပြီ ။ အဲ့တာဆို ဉီးဇော်အောင်ရဲ့ မြေကွက် ကို လေလံတင်မဲ့နေ့ကျ ငါ့ကို အသိပေး ။ ငါ ကိုယ်တိုင် အဲ့ပွဲကို လိုက်မယ် "

"ဟုတ်ကဲ့ အကိုလေး ။ ဒါဆို ခွင့်ပြုပါဉီး "

"အင်း "

အတွင်းရေးမှူး နှင့် ပြောပြီးရင် ရုံးခန်းထဲ ဝင်ဖို့ တံခါးကို ဖွင့်လိုက်ချိန် တံခါးကို ကျောပေးကာ ထိုင်နေသော လူကို တွေ့လိုက်ရသည် ။ ထူတန်းနေတဲ့ နက်မှောင်တဲ့ မျက်ခုံးတန်းတွေ စုကျုံ့သွားတာတောင် စေတန် က သိပ်ကို စမတ်ကျနေသည် ။ ထိုင်ခုံမှာ ထိုင်နေတဲ့ လူက ရုတ်တရက် တံခါးပေါက်ဘက်ကို လှည့်လိုက်သည် ။ ပြီးနောက် ရွတ်နောက်နောက် စကားကို ဆိုလိုက်သေးသည် ။

"သားလေး "

စေတန်က မျက်ခုံးတွေ ကျုံ့ထားရင်းမှ လက်ခလယ် ထောင်ပြကာ ပါးစပ်မှလည်း _ီးကို သားလေး လား ဆိုပြီး ဆဲလိုက်သေးသည် ။ နက်ကတိုင်ကို အနည်းငယ် ဖြေလျော့လိုက်ရင်း ဆိုဖာရှည်ပေါ်မှာ စေတန်က ဝင်ထိုင်တော့ သူ့ဘေးနားကို စွေ့ကနဲ ဝင်ထိုင်လိုက်သည်က သီဟ ပင် ။

" ငါ ဒီနေ့ ပြန်လာမယ် ဆိုတာတောင် မင်း လာမကြိုဘူး "

"ငါ တစ်ကယ် မေ့ သွားလို့ပါ ။ တမင် လာမကြိုတာ မဟုတ်ဘူး "

"ဒီည Bar သွားရအောင် ။ ငါ သစ်သစ် ကိုလည်း ခေါ်ထားတယ် "

"သစ်သစ် "

"အေး မင်း ကို ကြိုက်နေတာလေ သူက ။ သူလည်း ဟိုတစ်နေ့ကမှ အမေရိက က ပြန်ရောက်တာ ထင်တယ် ။ တော်တော်တော့ လန်းလာတယ်ကွ "

ကိုယ့်ဘဝရဲ့ ဖြစ်တည်မှုလေး (Complete )Where stories live. Discover now