"အမေ ဟန်မြတ်သော် ရော ""ဟိုမှာ လာပြီ "
ဟန်မြတ်သော်က စေတန် ဘေးက ထိုင်ခုံမှာ ထိုင်ခုံကိုဆွဲကာ ဝင်ထိုင်လိုက်သည် ။ မျက်နှာကတော့ ပြုံးလို့ ။
"ကိုကြီး မနက်ဖြန် ကျောင်းပိတ်တယ် ။ စနေ တနင်္ဂနွေ ဆိုတော့ ကိုကြီး လည်း အလုပ်ပိတ်တယ်လေ ။ အကိုဘုန်းမြတ် ဆီ အိမ်လည် သွားကြရအောင် "
"သွားပါလား ကိုယ့်ဘာသာ "
"ကိုကြီး "
"ဘာတုန်း "
"အကိုဘုန်းမြတ် ကို ဘယ်လို ယောက်ဖ တော်ရမလဲ "
"စောင့်ကြည့်လေ ဒါပဲ ။ အမေ သား သွားပြီ "
"အမေ့ သားလည်းသွားပြီ ။ စောင့်ဉီးလေ ကိုကြီး "
စေတန်က ကားပေါ်တက်တော့ ဟန်မြတ်သော် ကပါ ဆိုင်ကယ် အမြင့်အကြီးကြီး ပေါ် Helmet ဆောင်းလျက် မိုက်လား ဆိုတဲ့ ပုံစံမျိုးနဲ့ ကြည့်သည် ။ ဒေါ်ရတီ ကတော့ သူမရဲ့ သားနှစ်ယောက်ကို ကြည့်ကာ ပြုံးနေတော့သည် ။
"ဂရုစိုက် ပြီး မောင်းနော် ၊ သားကြီးရော သားငယ် ရော "
"ဟုတ်ကဲ့ အမေ ၊ သား သွားပြီနော် "
"အေးအေး "
"အမေ့ သားလည်းသွားပြီနော် "
"ဟုတ်ပါပြီ "
စေတန်က ကားကို ရှေ့သို့တိုးရုံလေး မောင်းရသေးသည် ဟန်မြတ်သော် ကတော့ လီဗာကို တစ်ဗြင်းဗြင်းဆွဲလို့ ရှေ့မှကျော်တက်သွားသည် ။ ဟန်မြတ်သော် ဆိုင်ကယ်စီးတာမြင်တော့ စေတန် မှာ အရင်က သုတတို့နဲ့ ဆိုင်ကယ် တွေ မောင်းခဲ့တာကိုတောင် သတိရမိသေးသည် ။
သွားမဲ့ရေးကို မသွားသေးပဲ သူ့ကိုလိုက်စ နေသည့် ဟန်မြတ်သော် ကို စေတန်က လက်ခလယ် ထောင်ပြလိုက်သည် ။ ဒါကို ဆိုင်ကယ် စီးနေရင်းမှ လိမ္မာ စွာ ဟန်မြတ်သော် ကလည်း လက်ခလယ် ပြန်ထောင်ပြလာသည် ။ လမ်းအကွေ့အချိုးနားရောက်တော့ စေတန်က ကားကိုကွေ့ရတော့မယ်ဖြစ်ကာ ဟန်မြတ်သော်ကတော့ ရှေ့ကို တည့်တည့်ဆက်သွားရမည် ဖြစ်သည် ။
စေတန်က သူကွေ့ သွားရမည့်လမ်းကို လက်နဲ့ညွှန်ပြတော့ ဟန်မြတ်သော်က နားလည် သဘောပေါက်စွာ တာ့တာ ပြရင်း ရှေ့မှ ထွက်သွားသည် ။ စေတန်ကလည်း လမ်းအကွေ့လေးကို ကွေ့သွားသည် ။